ယူကရိန်းပဋိပက္ခကို ချက်ချင်းအဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

 61

Pika (NP News) - ဖေဖော်ဝါရီ ၁

ယူကရိန်းဟာ ရုရှားနဲ့တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေကိုကြုံတွေ့နေရပြီး ပဋိပက္ခကို စေ့စပ်ညှိနှိုင်း မှုတွေကနေတစ်ဆင့် လျင်မြန်စွာဖြေရှင်းရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောကြားခဲ့ပါ တယ်။ ယူကရိန်းပဋိပက္ခအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းချက်တွေရှာဖွေဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆန္ဒရှိတယ်လို့ မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းပဋိပက္ခကို ချက်ချင်းအဆုံးသတ်ဖို့ လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က ယုံကြည်နေတယ်လို့လည်း မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။ မာကိုရူဘီအိုက “စေ့စပ်ညှိနှိုင်းမှုတွေကနေတစ်ဆင့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုဆွေးနွေးမှုတွေမှာမဆို နှစ်နိုင်ငံစလုံးက တစ်စုံတစ်ခုကိုတော့ စွန့်လွှတ်ရပါ လိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းဟာ ဖြည်းဖြည်းချင်း ဖျက်ဆီးခံနေရပြီး နယ်မြေတွေ ပိုပြီးဆုံးရှုံးလာရမှုနဲ့အတူ ရှေ့မတိုးနောက် မဆုတ်သာ အခြေအနေမှာရှိနေတယ်လို့လည်း မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။ ၎င်းက “ယူကရိန်းရဲ့ စွမ်းအင် အခြေခံအ‌ဆောက်အဦးတွေက ဆက်တိုက်ဖျက်ဆီးခံနေရပါတယ်။ ပြီးတော့ အခြားနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ ယူကရိန်းနိုင်ငံသား ဘယ်လောက်အထိရှိနေပြီဆိုတာ အားလုံးလည်း သိကြမှာပါ။ သူတို့တွေက ဘယ်တော့မှ ယူကရိန်းကို ပြန်လာဖြစ်တော့မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းပဋိပကၡကို ခ်က္ခ်င္းအဆုံးသတ္ဖို႔ လိုအပ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁

ယူကရိန္းဟာ ႐ုရွားနဲ႔တိုက္ပြဲေတြျဖစ္ပြားမႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြကိုႀကဳံေတြ႕ေနရၿပီး ပဋိပကၡကို ေစ့စပ္ညႇိႏႈိင္း မႈေတြကေနတစ္ဆင့္ လ်င္ျမန္စြာေျဖရွင္းရမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါ တယ္။ ယူကရိန္းပဋိပကၡအတြက္ သံတမန္နည္းလမ္းအရ ေျဖရွင္းခ်က္ေတြရွာေဖြဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဆႏၵရွိတယ္လို႔ မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းပဋိပကၡကို ခ်က္ခ်င္းအဆုံးသတ္ဖို႔ လိုအပ္တယ္လို႔ ေဒၚနယ္ထရမ့္က ယုံၾကည္ေနတယ္လို႔လည္း မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။ မာကို႐ူဘီအိုက “ေစ့စပ္ညႇိႏႈိင္းမႈေတြကေနတစ္ဆင့္ ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔ လိုအပ္ပါတယ္။ ဘယ္လိုေဆြးေႏြးမႈေတြမွာမဆို ႏွစ္ႏိုင္ငံစလုံးက တစ္စုံတစ္ခုကိုေတာ့ စြန႔္လႊတ္ရပါ လိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းဟာ ျဖည္းျဖည္းခ်င္း ဖ်က္ဆီးခံေနရၿပီး နယ္ေျမေတြ ပိုၿပီးဆုံးရႈံးလာရမႈနဲ႔အတူ ေရွ႕မတိုးေနာက္ မဆုတ္သာ အေျခအေနမွာရွိေနတယ္လို႔လည္း မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။ ၎က “ယူကရိန္းရဲ႕ စြမ္းအင္ အေျခခံအ‌ေဆာက္အဦးေတြက ဆက္တိုက္ဖ်က္ဆီးခံေနရပါတယ္။ ၿပီးေတာ့ အျခားႏိုင္ငံေတြမွာ ေနထိုင္ေနၾကတဲ့ ယူကရိန္းႏိုင္ငံသား ဘယ္ေလာက္အထိရွိေနၿပီဆိုတာ အားလုံးလည္း သိၾကမွာပါ။ သူတို႔ေတြက ဘယ္ေတာ့မွ ယူကရိန္းကို ျပန္လာျဖစ္ေတာ့မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.