ဒိန်းမတ်နိုင်ငံသား ထက်ဝက်နီးပါးက အမေရိကန်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေ

 65

Pika (NP News) - ဖေဖော်ဝါရီ ၁

ဒိန်းမတ်နိုင်ငံသားတွေရဲ့ထက်ဝက်နီးပါးက အမေရိကန်ကို ၎င်းတို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားကြတယ်လို့ YouGov စစ်တမ်းက အကြုံပြုခဲ့ပါတယ်။ ဂရင်းလန်းကျွန်းကို ထိန်းချုပ်လိုနေတဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံကြား တင်းမာမှု တွေ မြင့်တက်နေချိန်မှာပဲ အဲဒီစစ်တမ်းကောက်ယူမှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်တမ်းအရ ဒိန်းမတ်နိုင်ငံသား(၄၆)ရာခိုင်နှုန်းက အမေရိကန်နိုင်ငံကို အလွန်ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်တယ်လို့ ဖြေဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီယားနဲ့ အီရန်တို့ကို ခြိမ်းခြောက်မှုတစ်ခု အဖြစ်ရှုမြင်ထားကြတဲ့ ဒိန်းမတ်နိုင်ငံသားတွေက (၄၄)ရာခိုင်နှုန်းနဲ့ (၄၀)ရာခိုင်နှုန်းသာရှိတယ်လို့လည်း သိရပါ တယ်။
အဲဒီကိန်းဂဏန်းအရ ဒိန်းမတ်နိုင်ငံသားတွေဟာ မြောက်ကိုရီးယား၊ အီရန်တို့ထက် အမေရိကန်နိုင်ငံနဲ့ပတ်သက်ပြီး ပိုမိုစိုးရိမ်နေကြတယ်ဆိုတာကို ပြသနေတာမျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားနိုင်ငံဟာ ဒိန်းမတ်နိုင်ငံ သားတွေရဲ့စိုးရိမ်မှုစာရင်းမှာ ထိပ်ဆုံးကနေဆက်လက်ရပ်တည်နေလျက်ရှိပြီး စစ်တမ်းဖြေဆိုသူ(၈၆)ရာခိုင်နှုန်းက ရုရှားကို ဒိန်းမတ်နိုင်ငံအတွက် အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ထားကြတယ်လို့လည်း သိရပါတယ်။
အလားတူ စစ်တမ်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြေဆိုသူ(၇၆)ရာခိုင်နှုန်းက ၎င်းတို့ဟာ ဂရင်းလန်းကျွန်းကို အမေရိကန်ကို ရောင်းချတာကို ဆန့်ကျင်တယ်လို့ ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူ(၇၂)ရာခိုင်နှုန်းက အမေရိကန်ကို ဝင်ရောက်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒိန်းမတ်အစိုးရထက် ဂရင်းလန်းကျွန်းပေါ်မှာ နေထိုင်တဲ့ လူ(၅၇၀၀၀)က ပြုလုပ်သင့်တယ်လို့ အခိုင်အမာပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဒိန္းမတ္ႏိုင္ငံသား ထက္ဝက္နီးပါးက အေမရိကန္ကို ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ေန
Pika (NP News) - ေဖေဖာ္ဝါရီ ၁

ဒိန္းမတ္ႏိုင္ငံသားေတြရဲ႕ထက္ဝက္နီးပါးက အေမရိကန္ကို ၎တို႔ႏိုင္ငံအတြက္ ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ထားၾကတယ္လို႔ YouGov စစ္တမ္းက အႀကဳံျပဳခဲ့ပါတယ္။ ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္လိုေနတဲ့ အေမရိကန္ သမၼတေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း အေမရိကန္နဲ႔ ဒိန္းမတ္ႏိုင္ငံၾကား တင္းမာမႈ ေတြ ျမင့္တက္ေနခ်ိန္မွာပဲ အဲဒီစစ္တမ္းေကာက္ယူမႈကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
စစ္တမ္းအရ ဒိန္းမတ္ႏိုင္ငံသား(၄၆)ရာခိုင္ႏႈန္းက အေမရိကန္ႏိုင္ငံကို အလြန္ႀကီးမားတဲ့ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္တယ္လို႔ ေျဖဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီယားနဲ႔ အီရန္တို႔ကို ၿခိမ္းေျခာက္မႈတစ္ခု အျဖစ္ရႈျမင္ထားၾကတဲ့ ဒိန္းမတ္ႏိုင္ငံသားေတြက (၄၄)ရာခိုင္ႏႈန္းနဲ႔ (၄၀)ရာခိုင္ႏႈန္းသာရွိတယ္လို႔လည္း သိရပါ တယ္။
အဲဒီကိန္းဂဏန္းအရ ဒိန္းမတ္ႏိုင္ငံသားေတြဟာ ေျမာက္ကိုရီးယား၊ အီရန္တို႔ထက္ အေမရိကန္ႏိုင္ငံနဲ႔ပတ္သက္ၿပီး ပိုမိုစိုးရိမ္ေနၾကတယ္ဆိုတာကို ျပသေနတာမ်ိဳးလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားႏိုင္ငံဟာ ဒိန္းမတ္ႏိုင္ငံ သားေတြရဲ႕စိုးရိမ္မႈစာရင္းမွာ ထိပ္ဆုံးကေနဆက္လက္ရပ္တည္ေနလ်က္ရွိၿပီး စစ္တမ္းေျဖဆိုသူ(၈၆)ရာခိုင္ႏႈန္းက ႐ုရွားကို ဒိန္းမတ္ႏိုင္ငံအတြက္ အႏၲရာယ္တစ္ခုအျဖစ္ ရႈျမင္ထားၾကတယ္လို႔လည္း သိရပါတယ္။
အလားတူ စစ္တမ္းရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ ေျဖဆိုသူ(၇၆)ရာခိုင္ႏႈန္းက ၎တို႔ဟာ ဂရင္းလန္းကြၽန္းကို အေမရိကန္ကို ေရာင္းခ်တာကို ဆန႔္က်င္တယ္လို႔ ေျဖဆိုခဲ့ၾကၿပီး ေျဖဆိုသူ(၇၂)ရာခိုင္ႏႈန္းက အေမရိကန္ကို ဝင္ေရာက္ျခင္းဆိုင္ရာ ဆုံးျဖတ္ခ်က္ကို ဒိန္းမတ္အစိုးရထက္ ဂရင္းလန္းကြၽန္းေပၚမွာ ေနထိုင္တဲ့ လူ(၅၇၀၀၀)က ျပဳလုပ္သင့္တယ္လို႔ အခိုင္အမာေျပာဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.