ဆီးရီးယားနိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းရန် သမ္မတဒေါ်နယ်ထရမ့် ဆန္ဒရှိနေ

 60

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆီးရီးယားနိုင်ငံအတွင်းမှအမေရိကန်တပ်ဖွဲ့ဝင်များပြန်လည်ရုတ်သိမ်းရန် လိုလားနေကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။ အစ္စရေး သတင်းဌာနတစ်ခုဖြစ်သော ကန်သတင်းဌာနက အစ္စရေးသည် ဆီးရီးယားနိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းမည့် အမေရိကန်သမ္မတ၏အစီအစဉ်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းမည်ဆိုလျှင် စိုးရိမ်မှုမြင့်တက်နေသည့် လက်နက် ကိုင်အဖွဲ့များထဲတွင် ကာဒ်လူမျိုးစုလက်နက်ကိုင်အဖွဲ့များလည်း ပါဝင်နေကြောင်း သိရသည်။ ကာဒ်လူမျိုးစု လက်နက်ကိုင်အဖွဲ့များသည် တူရကီအစိုးရမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ISIS အဖွဲ့များကို တိုက်ခိုက်ရန် အမေရိကန်အစိုးရကို ကူညီပေးခဲ့ဖူးကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံတွင် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဆီးရီးယားလက်နက်ကိုင်အဖွဲ့များက သမ္မတအာဆက်ဒ် ဦးဆောင်သော ဆီးရီးယားအစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ခဲ့ကြောင်း သိရသည်။ သမ္မတအာဆက် ထွက်ပြေးခဲ့ပြီးနောက် အစ္စရေးစစ်တပ်သည် ဆီးရီးယားနိုင်ငံနယ်စပ်အတွင်းပိုင်းနားအထိ တိုးချဲ့ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သော Hayat Tahrir-al-Sham (HTS) နှင့် အခြားဆီးရီးယားလက်နက်ကိုင်အဖွဲ့များသည် အစ္စရေးတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကြောင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း လုံခြုံရေးကိုပိုမိုကောင်းမွန်စေရန် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထား သည်။ ဆီးရီးယားနယ်စပ်နားအထိ တိုးချဲ့လာသော အစ္စရေးစစ်တပ်၏ လုပ်ရပ်ကို တူရကီသမ္မတအာဒိုဂမ် ကိုယ်တိုင်လည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရအနေဖြင့် ဆီးရီးယားနယ်စပ်နားအထိ တပ်ဖွဲ့ဝင်များ စေလွှတ်ဖြန့်ကြတ်ခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်းတူရကီသမ္မတကပြောသည်။ ဆီးရီးယားနိုင်ငံ အတွင်းမှ သမ္မတအာဆက် ထွက်ပြေးခဲ့သော်လည်း ၎င်း၏ မဟာမိတ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံ၏ လေတပ် အခြေစိုက်စခန်းနှစ်ခု ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ဆီးရီးယားအစိုးရ၏ ခွင့်ပြုချက်မယူဘဲ ISIS အဖွဲ့ကို တိုက်ခိုက်ရန် ဆီးရီးယားနိုင်ငံအတွင်း တွင် နှစ်ပေါင်း ၁ဝ စုကြာ တပ်စွဲထားကြောင်း သိရသည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ ရေနံလုပ်ကွက်များရှိနေသည့် နေရာများတွင် အဓိကတပ်စွဲထားခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင်ဦးရေ အနည်းဆုံး ၂၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

Related news

© 2021. All rights reserved.