ဘင်္ဂလားဒေ့ရှ်၊ အယ်လ်ဘေးနီးယားနှင့် ဇမ်ဘီယာတို့၏ နိုင်ငံခြားအကူအညီများအား ဆွစ်ဇာလန် ဖြတ်တောက်
88
Htay Oung (NP News) - ဖေဖော်ဝါရီ ၁
ဥရောပ ဆွစ်ဇာလန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်၊ အယ်လ်ဘေးနီးယားနဲ့ ဇမ်ဘီယာတို့ကို ပေးအပ်နေတဲ့ နိုင်ငံခြား အကူအညီများတွေကို ဖြတ်တောက်လိုက်တယ်လို့ “ဆွစ်အင်ဖော်မေးရှင်း” ဒစ်ဂျစ်တယ်သတင်းမီဒီယာ က ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်က ရေးသားပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက်ကတော့ ရက်ပိုင်းအတွင်း အမေရိကန်ပြီး နောက် နိုင်ငံခြားအကူအညီဖြတ်တောက်တဲ့ ဒုတိယမြောက် အနောက်နိုင်ငံဖြစ်လာပါတယ်။
အနောက်နိုင်ငံ အများအပြားတို့ဟာ ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို မြှင့်တင်ဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများကို ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်နေပါတယ်။ လက်ခံရရှိတဲ့ နိုင်ငံများရဲ့ မဟာဗျူဟာမြောက် အရေးပါမှုစသည့် တို့ကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံခြားအကူအညီများကို ခွဲဝေပေးရန် ကိုယ်ပိုင်စံသတ်မှတ်ချက်များနဲ့အကူအ ညီပေးခြင်းဖြစ်ပါတယ်။ အဲဒီအထောက်အပံ့တွေကို သက်ဆိုင်ရာနိုင်ငံရဲ့ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့သတင်း မီဒီယာများ၊ အလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း NGO တွေက ရရှိသွားကြပါတယ်။
မူလ အလှုူရှင်နိုင်ငံက ကောင်းမွန်စာနာတဲ့ ရည်ရွယ်ချက်နဲ့ အကူအညီပေးခြင်းဖြစ်ပေမယ့် သက်ဆိုင်ရာတိုင်း ပြည်ရဲ့ နိုင်ငံရေးအရှုတ်အထွေးနဲ့ ထောက်ပံကြေးရရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ နိုင်ငံရေးအရောင်စွဲ ကိုယ် ရည်ကိုယ်သွေးနဲ့ စာရိတ္တပေါ်မူတည်ပြီး ရှုတ်ထွေးမှုများဖြစ်လာပါတယ်။ နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခု အတွင်း တည်ြငိ်မ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် လှုံ့ဆော်မှုအဖြစ် ပြောင်းလဲမှန်းမသိ ပြောင်းလဲသွားကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် သတင်းမီဒီယာများမှာ လေ့လာသုံးသပ်သူအမည်ခံ နိုင်ငံရေး လုပ်စားများ၊ အဖျက်အမှောက် သွားပုပ် လေလွင့်သမားများကို ပညာရှင်/ကိုယ်စားလှယ်/သတင်းထောက်အဖြစ် အလွန်အကျွံ မွေးမြူလာကြပါတယ်။ ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ ပြူးကနဲပြဲကနဲ အုတ်အော် သောင်းနင်း ဖြစ်ရင်ပြီးရော လုပ်ကြံသတင်းမှားများကို သက်ဆိုင်ရာဘာသာစကားနဲ့ နေ့စဉ်ဖြန့်ဝေနေကြပါတယ်။ သတင်းရင်းမြစ်ဖောင်းပွပြီး သက်ဆိုင်ရာအလှူရှင်နိုင်ငံနဲ့ စာရင်းမရှင်းနိုင်ပဲ ဖြစ်ရကြောင်းလည်း တွေ့ရှိရတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့နှစ်များမှာ DVB မီဒီယာနဲ့ နော်ဝေးနိုင်ငံအကြား အရှုပ်အရှင်းဖြစ်ခဲ့ကြောင်း သိရှိနိုင်ပါတယ်။
ဆွစ်ဇာလန်အစိုးရဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက သူ့တိုင်းပြည်ရဲ့ နိုင်ငံခြားအကူအညီများကို ပါလီမန်က လျှော့ချလိုက်ပြီးနောက် ယခုတဖန် ဖွံ့ဖြိုးဆဲ ၃ နိုင်ငံအပေါ် ထပ်မံဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါ တယ်။ ၂၀၂၅ခုနှစ်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဘတ်ဂျက်မှ ကန်ဒေါ်လာ ၁၂၁ သန်းနဲ့ ၂၀၂၆ မှ ၂၀၂၈ ခုနှစ်များအထိ ကန်ဒေါ်လာ ၃၂၁ သန်းကို ပါလီမန်က ဖြတ်တောက်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုလျှော့ချလိုက်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံအသီးသီးတို့အကြားနဲ့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များအပြင် ဘက်စုံအကူအညီပေးရေးအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဘတ်ဂျက်ဖြတ်တောက်ကြောင်း ဆွစ်ဇာလန်ဖက်ဒ ရယ်ကောင်စီ အမှုဆောင်အဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့ အကြောင်းကြားချက်အရ “ဖွံ့ဖြိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွစ်အေဂျင်စီ” (SDC) က ဖော်ပြပါ ၃ နိုင်ငံတို့အပေါ် ၂၀၂၈- ခုနှစ်ကုန်ပိုင်းအရောက် လုံး၀ ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။ ၂၀၂၅ နဲ့ ၂၀၂၈ ခုနှစ်ကြားမှာလည်း နိုင်ငံနဲ့ အကြောင်းအရာအလိုက်အစီအစဉ်များနဲ့ အဖွဲ့အစည်းများအတွက် လျှော့ချမှုများကို ဆက်လက်ပြုလုပ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာနဲ့ ငြိမ်းချမ်းရေး တည် ဆောက်မှုအကူအညီများတွေကိုတော့ ဆက်လက်ပေးအပ်နေမှာဖြစ်ကြောင်း သိရှိရပါတယ်။
အမေရိကန်နည်းတူ ပြည်ပနိုင်ငံများကို အထောက်အပံ့ပေးနေကြရာမှာ နော်ဝေး သာမက၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ဆွီဒင်၊ ယူကေ၊ ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်နဲ့ ဥရောပသမဂ္ဂတို့လည်း ပါဝင်ကြပါတယ်။ အမေရိကန်နိုင်ငံ မှာ ဒေါ်နယ်ထရမ့်က တကျော့ပြန် သမ္မတဖြစ်လာပြီးနောက် “American First” မဲဆွယ် ကတိကဝတ်အတိုင်း ပြည်တွင်း စီးပွားရေးနဲ့ လုံခြုံမှုကို ဦးစားပေးလာပြီး ပြည်ပရင်းမြစ်များကို လျှော့ချလာပါတယ်။ ပြည်ပအကူအ ညီတစ်ခုချင်းစီကို ပြန်လည်သုံးသပ်ပြီး အထူးသဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ထောက်ပံ့မှု ကို လျှော့ချနေပါတယ်။
ဆွစ်ဇာလန်ဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး ဒေါ်နယ်ထရမ့်ရဲ့ American First နဲ့ ပတ်သက် တယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။ အမေရိကန်က နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်များ အထူးသဖြင့် ဒီမိုကရေစီမြှင့်တင်ရေးကို ရည်ရွယ်တဲ့ နိုင်ငံခြားအကူအညီအချို့ကိုလျှော့ချနေသည့်တိုင် အခြားအမေရိကန် မဟာမိတ်များအနေနဲ့ သူတို့တိုင်းပြည်ရဲ့ ဦးစားပေးမှုများ၊ အကဲဖြတ်မှုများနဲ့မကိုက်ညီခဲ့လျှင် ထရမ့်နောက်မှာ သံယောင်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် မျက်မှောက်ကမ္ဘာကြီးဟာ ဒေါ်နယ်ထရမ့် မြင်သလိုပဲ မလိုအပ်တဲ့ ခြေရှုပ်မှုများကြောင့် ငွေကြေးအ အကုန်အကျနဲ့ တင်းမာမှုများ မြင့်တက်နေကြောင်း သတိပြုနိုင်ပါတယ်။ တပြိုင်တည်းမှာပဲ ဒေါ်နယ်ထရမ့်ရဲ့ “American First” ဆိုတာ အဲ့ဒီလို ကသောင်းကနင်းတွေကြားမှာ အမေရိကန်ကို ပြိုင်ဘက်ကင်းဖြစ်အောင် ဖန်တီးမယ်လို့ ဆိုလိုရာရောက်ကြောင်းကိုလည်း သတိြ့ပုရပါလိမ့်မယ်။
၂၀၂၄-ခုနှစ် လူဦးရေ သန်း ၃၄၀ ရှိပေမယ့် အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စားသုံးသူနဲ့ ထုတ်လုပ်သူ ဈေး ကွက်ကြီး တည်ရှိနေပါတယ်။ အမေရိကန်ရဲ့ ၂၀၂၃-ခုနှစ် GDP ၂၆ ထရီလီယံဒေါ်လာဆိုတာ ကမ္ဘာကြီးတစ်ခု လုံး GDP ၁၀၄ ထရီလီယံရဲ့ ၂၅% ရှိပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ဂျာ မနီ၊ အိန္ဒိယတို့ထက် တစ်နိုင်ငံချင်းမှာ အပြတ်အသတ် သာလွန်နေပြီး ကမ္ဘာ့တိုက်ကြီးများ သမုဒ္ဒရာကြီးများမှာ ကြည်းလေရေ တစ်ပြိုင်နက်တည်း စစ်တိုက်နိုင်တဲ့ တစ်ခုတည်းသော တိုင်းပြည်ဖြစ်ပါတယ်။
အမေရိကန်ကို ထော်လော်ကန့်လန့်လုပ်လို့ ပထမဆုံး သင်ခန်းစာရရှိသွားသူက ပနားမား တူးမြောင်းအနီး ကိုလံဘီယာနိုင်ငံဖြစ်ပါတယ်။ ထရမ့်ပြန်ပို့တဲ့ အမေရိကန်ရောက် တရားမဝင် ကိုလံဘီယန် ရွှေ့ပြောင်းနေ ထိုင်သူ ၁၁၀-ဦးကို ငြင်းပယ်ခဲ့ရာ အခွန် ၂၅% တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်ခံရခြင်းပဲဖြစ်ပါတယ်။ အမေရိကန်ရောက် ရွှေ့ပြောင်းအခြေချသူတွေကို ကိုလံဘီယာ စစ်လေယာဉ်များနဲ့ သွားရောက်ခေါ်ယူရတဲ့ အပြင် လစဉ် နောက်ထပ်လည်း လက်ခံရပါတော့မယ်။
ဒီနေရာမှာ ပနားမားတူးမြောင်းကို ပြန်လည်ရရှိဖို့ စစ်အင်အားသုံးမယ်ဆိုရင် သူ ကန့်ကွက်မှာ မဟုတ်ဖူးလို့ ဒေါ်နယ်ထရမ့်က ရေလာမြောင်းပေး ပြောခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစွာ အဆုံးသတ်ရေးကို ရုရှားက လက်မခံရင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ပိုမိုဆိုးရွားစွာ တင်းကြပ်မယ်လို့ ခြိမ်းခြောက်ပါတယ်။
နေတိုး အဖွဲ့ဝင်နိုင်ငံများကလည်း ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ကြပြီး ရုရှားကို ထိထိရောက်ရောက် စစ်ရေးတုံပြန်နိုင်ရေး ပြင်ဆင်ကြဖို့ လှုံ့ဆော်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ နေတိုးအဖွဲ့ဝင် မဟုတ် သော်လည်း ဥရောပကုန်းတွင်းပိတ်တိုင်းပြည် ဆွစ်ဇာလန်က နိုင်ငံခြားအထောက်အပံ့များကို ရပ်ဆိုင်း နေခြင်းဖြစ်ပါတယ်။
#HtayOung OungMarine
Zawgyi Version:
ဘဂၤလားေဒ့ရွ္၊ အယ္လ္ေဘးနီးယားႏွင့္ ဇမ္ဘီယာတို႔၏ ႏိုင္ငံျခားအကူအညီမ်ားအား ဆြစ္ဇာလန္ ျဖတ္ေတာက္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁
ဥေရာပ ဆြစ္ဇာလန္ႏိုင္ငံက ဘဂၤလားေဒ့ရွ္၊ အယ္လ္ေဘးနီးယားနဲ႔ ဇမ္ဘီယာတို႔ကို ေပးအပ္ေနတဲ့ ႏိုင္ငံျခား အကူအညီမ်ားေတြကို ျဖတ္ေတာက္လိုက္တယ္လို႔ “ဆြစ္အင္ေဖာ္ေမးရွင္း” ဒစ္ဂ်စ္တယ္သတင္းမီဒီယာ က ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၃ဝ ရက္က ေရးသားပါတယ္။ ဘဂၤလားေဒ့ရွ္အတြက္ကေတာ့ ရက္ပိုင္းအတြင္း အေမရိကန္ၿပီး ေနာက္ ႏိုင္ငံျခားအကူအညီျဖတ္ေတာက္တဲ့ ဒုတိယေျမာက္ အေနာက္ႏိုင္ငံျဖစ္လာပါတယ္။
အေနာက္ႏိုင္ငံ အမ်ားအျပားတို႔ဟာ ဒီမိုကေရစီထြန္းကားေရး၊ လူ႔အခြင့္အေရး၊ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရး၊ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္မႈနဲ႔ လြတ္လပ္စြာေျပာဆိုခြင့္ကို ျမႇင့္တင္ဖို႔အတြက္ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံအေတာ္မ်ားမ်ားကို ေငြေၾကး ေထာက္ပံ့မႈမ်ား ျပဳလုပ္ေနပါတယ္။ လက္ခံရရွိတဲ့ ႏိုင္ငံမ်ားရဲ႕ မဟာဗ်ဴဟာေျမာက္ အေရးပါမႈစသည့္ တို႔ကို ထည့္သြင္းစဥ္းစားၿပီး ႏိုင္ငံျခားအကူအညီမ်ားကို ခြဲေဝေပးရန္ ကိုယ္ပိုင္စံသတ္မွတ္ခ်က္မ်ားနဲ႔အကူအ ညီေပးျခင္းျဖစ္ပါတယ္။ အဲဒီအေထာက္အပံ့ေတြကို သက္ဆိုင္ရာႏိုင္ငံရဲ႕ဘာသာစကားနဲ႔ ထုတ္လႊင့္တဲ့သတင္း မီဒီယာမ်ား၊ အလုပ္သမားသမဂၢမ်ား၊ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူမ်ား၊ အစိုးရမဟုတ္ေသာအဖြဲ႕အစည္း NGO ေတြက ရရွိသြားၾကပါတယ္။
မူလ အလႈူရွင္ႏိုင္ငံက ေကာင္းမြန္စာနာတဲ့ ရည္႐ြယ္ခ်က္နဲ႔ အကူအညီေပးျခင္းျဖစ္ေပမယ့္ သက္ဆိုင္ရာတိုင္း ျပည္ရဲ႕ ႏိုင္ငံေရးအရႈတ္အေထြးနဲ႔ ေထာက္ပံေၾကးရရွိတဲ့ လူပုဂၢိဳလ္အဖြဲ႕အစည္းရဲ႕ ႏိုင္ငံေရးအေရာင္စြဲ ကိုယ္ ရည္ကိုယ္ေသြးနဲ႔ စာရိတၱေပၚမူတည္ၿပီး ရႈတ္ေထြးမႈမ်ားျဖစ္လာပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံ လူ႔အဖြဲ႕အစည္းတစ္ခု အတြင္း တည္ၿငိ္မ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး ပ်က္ျပားေစရန္ လႈံ႕ေဆာ္မႈအျဖစ္ ေျပာင္းလဲမွန္းမသိ ေျပာင္းလဲသြားေၾကာင္း ေတြ႕ရွိရပါတယ္။ အထူးသျဖင့္ သတင္းမီဒီယာမ်ားမွာ ေလ့လာသုံးသပ္သူအမည္ခံ ႏိုင္ငံေရး လုပ္စားမ်ား၊ အဖ်က္အေမွာက္ သြားပုပ္ ေလလြင့္သမားမ်ားကို ပညာရွင္/ကိုယ္စားလွယ္/သတင္းေထာက္အျဖစ္ အလြန္အကြၽံ ေမြးျမဴလာၾကပါတယ္။ က်င့္ဝတ္ေစာင့္ထိန္းျခင္းမရွိဘဲ ျပဴးကနဲၿပဲကနဲ အုတ္ေအာ္ ေသာင္းနင္း ျဖစ္ရင္ၿပီးေရာ လုပ္ႀကံသတင္းမွားမ်ားကို သက္ဆိုင္ရာဘာသာစကားနဲ႔ ေန႔စဥ္ျဖန႔္ေဝေနၾကပါတယ္။ သတင္းရင္းျမစ္ေဖာင္းပြၿပီး သက္ဆိုင္ရာအလႉရွင္ႏိုင္ငံနဲ႔ စာရင္းမရွင္းႏိုင္ပဲ ျဖစ္ရေၾကာင္းလည္း ေတြ႕ရွိရတယ္။ ဥပမာအားျဖင့္ လြန္ခဲ့တဲ့ႏွစ္မ်ားမွာ DVB မီဒီယာနဲ႔ ေနာ္ေဝးႏိုင္ငံအၾကား အရႈပ္အရွင္းျဖစ္ခဲ့ေၾကာင္း သိရွိႏိုင္ပါတယ္။
ဆြစ္ဇာလန္အစိုးရဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းက သူ႔တိုင္းျပည္ရဲ႕ ႏိုင္ငံျခားအကူအညီမ်ားကို ပါလီမန္က ေလွ်ာ့ခ်လိုက္ၿပီးေနာက္ ယခုတဖန္ ဖြံ႕ၿဖိဳးဆဲ ၃ ႏိုင္ငံအေပၚ ထပ္မံျဖတ္ေတာက္လိုက္ျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရပါ တယ္။ ၂၀၂၅ခုႏွစ္အတြက္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈ ဘတ္ဂ်က္မွ ကန္ေဒၚလာ ၁၂၁ သန္းနဲ႔ ၂၀၂၆ မွ ၂၀၂၈ ခုႏွစ္မ်ားအထိ ကန္ေဒၚလာ ၃၂၁ သန္းကို ပါလီမန္က ျဖတ္ေတာက္လိုက္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီလိုေလွ်ာ့ခ်လိုက္တဲ့အတြက္ သက္ဆိုင္ရာႏိုင္ငံအသီးသီးတို႔အၾကားနဲ႔ စီးပြားေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ မ်ားအျပင္ ဘက္စုံအကူအညီေပးေရးအဖြဲ႕အစည္းမ်ားအေပၚ သက္ေရာက္မႈရွိမည္ျဖစ္ေၾကာင္း တရားဝင္ထုတ္ျပန္ ခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဘတ္ဂ်က္ျဖတ္ေတာက္ေၾကာင္း ဆြစ္ဇာလန္ဖက္ဒ ရယ္ေကာင္စီ အမႈေဆာင္အဖြဲ႕ရဲ႕ ဗုဒၶဟူးေန႔ အေၾကာင္းၾကားခ်က္အရ “ဖြံ႕ၿဖိဳးမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး ဆြစ္ေအဂ်င္စီ” (SDC) က ေဖာ္ျပပါ ၃ ႏိုင္ငံတို႔အေပၚ ၂၀၂၈- ခုႏွစ္ကုန္ပိုင္းအေရာက္ လုံး၀ ရပ္ဆိုင္းသြားဖို႔ ရွိေနပါတယ္။ ၂၀၂၅ နဲ႔ ၂၀၂၈ ခုႏွစ္ၾကားမွာလည္း ႏိုင္ငံနဲ႔ အေၾကာင္းအရာအလိုက္အစီအစဥ္မ်ားနဲ႔ အဖြဲ႕အစည္းမ်ားအတြက္ ေလွ်ာ့ခ်မႈမ်ားကို ဆက္လက္ျပဳလုပ္ေနမွာျဖစ္ပါတယ္။ ဒါေပမယ့္ ယူကရိန္းအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာနဲ႔ ၿငိမ္းခ်မ္းေရး တည္ ေဆာက္မႈအကူအညီမ်ားေတြကိုေတာ့ ဆက္လက္ေပးအပ္ေနမွာျဖစ္ေၾကာင္း သိရွိရပါတယ္။
အေမရိကန္နည္းတူ ျပည္ပႏိုင္ငံမ်ားကို အေထာက္အပံ့ေပးေနၾကရာမွာ ေနာ္ေဝး သာမက၊ ဆြစ္ဇာလန္၊ ဂ်ာမနီ၊ ဆြီဒင္၊ ယူေက၊ ျပင္သစ္၊ နယ္သာလန္၊ ဒိန္းမတ္နဲ႔ ဥေရာပသမဂၢတို႔လည္း ပါဝင္ၾကပါတယ္။ အေမရိကန္ႏိုင္ငံ မွာ ေဒၚနယ္ထရမ့္က တေက်ာ့ျပန္ သမၼတျဖစ္လာၿပီးေနာက္ “American First” မဲဆြယ္ ကတိကဝတ္အတိုင္း ျပည္တြင္း စီးပြားေရးနဲ႔ လုံၿခဳံမႈကို ဦးစားေပးလာၿပီး ျပည္ပရင္းျမစ္မ်ားကို ေလွ်ာ့ခ်လာပါတယ္။ ျပည္ပအကူအ ညီတစ္ခုခ်င္းစီကို ျပန္လည္သုံးသပ္ၿပီး အထူးသျဖင့္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ေထာက္ပံ့မႈ ကို ေလွ်ာ့ခ်ေနပါတယ္။
ဆြစ္ဇာလန္ဟာ လြတ္လပ္တဲ့အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္ၿပီး ေဒၚနယ္ထရမ့္ရဲ႕ American First နဲ႔ ပတ္သက္ တယ္လို႔ တပ္အပ္မေျပာႏိုင္ပါဘူး။ အေမရိကန္က ႏိုင္ငံျခားအကူအညီေပးေရးအစီအစဥ္မ်ား အထူးသျဖင့္ ဒီမိုကေရစီျမႇင့္တင္ေရးကို ရည္႐ြယ္တဲ့ ႏိုင္ငံျခားအကူအညီအခ်ိဳ႕ကိုေလွ်ာ့ခ်ေနသည့္တိုင္ အျခားအေမရိကန္ မဟာမိတ္မ်ားအေနနဲ႔ သူတို႔တိုင္းျပည္ရဲ႕ ဦးစားေပးမႈမ်ား၊ အကဲျဖတ္မႈမ်ားနဲ႔မကိုက္ညီခဲ့လွ်င္ ထရမ့္ေနာက္မွာ သံေယာင္လိုက္ဖို႔ မျဖစ္ႏိုင္ပါဘူး။
ဒါေပမယ့္ မ်က္ေမွာက္ကမာၻႀကီးဟာ ေဒၚနယ္ထရမ့္ ျမင္သလိုပဲ မလိုအပ္တဲ့ ေျခရႈပ္မႈမ်ားေၾကာင့္ ေငြေၾကးအ အကုန္အက်နဲ႔ တင္းမာမႈမ်ား ျမင့္တက္ေနေၾကာင္း သတိျပဳႏိုင္ပါတယ္။ တၿပိဳင္တည္းမွာပဲ ေဒၚနယ္ထရမ့္ရဲ႕ “American First” ဆိုတာ အဲ့ဒီလို ကေသာင္းကနင္းေတြၾကားမွာ အေမရိကန္ကို ၿပိဳင္ဘက္ကင္းျဖစ္ေအာင္ ဖန္တီးမယ္လို႔ ဆိုလိုရာေရာက္ေၾကာင္းကိုလည္း သတိျ့ပုရပါလိမ့္မယ္။
၂၀၂၄-ခုႏွစ္ လူဦးေရ သန္း ၃၄၀ ရွိေပမယ့္ အေမရိကန္ဟာ ကမာၻ႔အႀကီးဆုံး စားသုံးသူနဲ႔ ထုတ္လုပ္သူ ေဈး ကြက္ႀကီး တည္ရွိေနပါတယ္။ အေမရိကန္ရဲ႕ ၂၀၂၃-ခုႏွစ္ GDP ၂၆ ထရီလီယံေဒၚလာဆိုတာ ကမာၻႀကီးတစ္ခု လုံး GDP ၁၀၄ ထရီလီယံရဲ႕ ၂၅% ရွိပါတယ္။ ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံမ်ားျဖစ္တဲ့ တ႐ုတ္၊ ဂ်ပန္၊ ဂ်ာ မနီ၊ အိႏၵိယတို႔ထက္ တစ္ႏိုင္ငံခ်င္းမွာ အျပတ္အသတ္ သာလြန္ေနၿပီး ကမာၻ႔တိုက္ႀကီးမ်ား သမုဒၵရာႀကီးမ်ားမွာ ၾကည္းေလေရ တစ္ၿပိဳင္နက္တည္း စစ္တိုက္ႏိုင္တဲ့ တစ္ခုတည္းေသာ တိုင္းျပည္ျဖစ္ပါတယ္။
အေမရိကန္ကို ေထာ္ေလာ္ကန႔္လန႔္လုပ္လို႔ ပထမဆုံး သင္ခန္းစာရရွိသြားသူက ပနားမား တူးေျမာင္းအနီး ကိုလံဘီယာႏိုင္ငံျဖစ္ပါတယ္။ ထရမ့္ျပန္ပို႔တဲ့ အေမရိကန္ေရာက္ တရားမဝင္ ကိုလံဘီယန္ ေ႐ႊ႕ေျပာင္းေန ထိုင္သူ ၁၁၀-ဦးကို ျငင္းပယ္ခဲ့ရာ အခြန္ ၂၅% တိုးျမႇင့္ေကာက္ခံမယ္လို႔ ၿခိမ္းေျခာက္ခံရျခင္းပဲျဖစ္ပါတယ္။ အေမရိကန္ေရာက္ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြကို ကိုလံဘီယာ စစ္ေလယာဥ္မ်ားနဲ႔ သြားေရာက္ေခၚယူရတဲ့ အျပင္ လစဥ္ ေနာက္ထပ္လည္း လက္ခံရပါေတာ့မယ္။
ဒီေနရာမွာ ပနားမားတူးေျမာင္းကို ျပန္လည္ရရွိဖို႔ စစ္အင္အားသုံးမယ္ဆိုရင္ သူ ကန႔္ကြက္မွာ မဟုတ္ဖူးလို႔ ေဒၚနယ္ထရမ့္က ေရလာေျမာင္းေပး ေျပာခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲ ၿငိမ္းခ်မ္းစြာ အဆုံးသတ္ေရးကို ႐ုရွားက လက္မခံရင္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ပိုမိုဆိုး႐ြားစြာ တင္းၾကပ္မယ္လို႔ ၿခိမ္းေျခာက္ပါတယ္။
ေနတိုး အဖြဲ႕ဝင္ႏိုင္ငံမ်ားကလည္း ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ၾကၿပီး ႐ုရွားကို ထိထိေရာက္ေရာက္ စစ္ေရးတုံျပန္ႏိုင္ေရး ျပင္ဆင္ၾကဖို႔ လႈံ႕ေဆာ္ေနပါတယ္။ အဲ့ဒီလို အေျခအေနမွာ ေနတိုးအဖြဲ႕ဝင္ မဟုတ္ ေသာ္လည္း ဥေရာပကုန္းတြင္းပိတ္တိုင္းျပည္ ဆြစ္ဇာလန္က ႏိုင္ငံျခားအေထာက္အပံ့မ်ားကို ရပ္ဆိုင္း ေနျခင္းျဖစ္ပါတယ္။
#HtayOung OungMarine