အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ပတ်သက်တဲ့အမိန့်ကို ရုရှားအစိုးရ ဝေဖန်ပြစ်တင်
379
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
ရုရှားအစိုးရဟာ ဒုံးကျည်ကာကွယ်ရေး စခန်းအသစ်တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမိန့်တွေကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
ရုရှားအစိုးရက အမေရိကန်အစိုးရဟာ ကမ္ဘာလုံးဆိုင်ရာနျူကလီးယားချိန်ခွင်လျှာကို မညီမျှအောင်လုပ်ဆောင်နေ သလို စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်အောင် ဖန်တီးနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ‘American Iron Dome' စနစ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ့်အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမေရိကန်ထုတ် ‘American Iron Dome' စနစ်ဟာ ပဲ့ထိန်း ဒုံးကျည်တွေ၊ အသံထက်မြန်တဲ့ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေကို ဟန့်တားနိုင်မယ့် အမေရိကန်နိုင်ငံရဲ့မျိုးဆက် သစ်ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ အမေရိကန်အစိုးရက ခေတ်မမီတော့တဲ့ ဒုံးကျည်စနစ်တစ်ခုကို ခေတ်မီစေဖို နဲ့ ပိုမိုရှုပ်ထွေးလာတဲ့ "ကပ်ဘေးခြိမ်းခြောက်မှု" ကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ ရုရှား၊ တရုတ်နိုင်ငံတို့ရဲ့နျူကလီးတားဆီးဟန့်တားရေးလုပ်ငန်းတွေကို ထိခိုက်ဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာဆာခါရိုဗာက ပြောပါတယ်။ ရုရှားဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်မယ့် အမေရိကန်အစိုးရအ့အသစ်ရဲ့မူဝါဒတွေကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်တာလည်းဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ နျူကလီးယားထိန်းချုပ်ရေး ဆွေးနွေးမှုကို ဟန့်တားအောင်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ်ဟာ အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယူကရိန်းစစ်ပွဲ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးဖို့ ရုရှားအကြီးအကဲပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာရီယာဆာခါရိုဗာက "အမေရိကန်ရဲ့အဲဒီအစီအစဉ်ဟာ အမေရိကန်နျူကလီးယားလက်နက်တိုက်ကို သိသိသာသာ အားကောင်းလာစေဖို့နဲ့ အာကာသအခြေပြုကြားဖြတ် စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖြန့်ကျက်ခြင်း အပါအဝင် အာကာသအတွင်း တိုက်ခိုက်ရေးလုပ်ငန်းကို လုပ်ဆောင် ဖို့ ရည်ရွယ်တာဖြစ်တယ်။ အမေရိကန်ရဲ့ချဉ်းကပ်မှုတွေဟာ တင်းမာမှုတွေကို လျှော့ချဖို့ ဒါမှမဟုတ် ဗျူဟာ မြောက်အခြေအနေကို မြှင့်တင်ဖို့ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
Zawgyi Version:
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ဒုံးက်ည္ကာကြယ္ေရးစနစ္နဲ႔ပတ္သက္တဲ့အမိန႔္ကို ႐ုရွားအစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
႐ုရွားအစိုးရဟာ ဒုံးက်ည္ကာကြယ္ေရး စခန္းအသစ္တည္ေဆာက္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕အမိန႔္ေတြကို ေဝဖန္ျပစ္တင္လိုက္ေၾကာင္း သိရပါတယ္။
႐ုရွားအစိုးရက အေမရိကန္အစိုးရဟာ ကမာၻလုံးဆိုင္ရာန်ဴကလီးယားခ်ိန္ခြင္လွ်ာကို မညီမွ်ေအာင္လုပ္ေဆာင္ေန သလို စစ္ေရးထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ေအာင္ ဖန္တီးေနျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
အေမရိကန္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ‘American Iron Dome' စနစ္ကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္မယ့္အမိန႔္ကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီအေမရိကန္ထုတ္ ‘American Iron Dome' စနစ္ဟာ ပဲ့ထိန္း ဒုံးက်ည္ေတြ၊ အသံထက္ျမန္တဲ့ဒုံးက်ည္ေတြ၊ ခ႐ုဇ္ဒုံးက်ည္ေတြကို ဟန႔္တားႏိုင္မယ့္ အေမရိကန္ႏိုင္ငံရဲ႕မ်ိဳးဆက္ သစ္ဒုံးက်ည္ကာကြယ္ေရးစနစ္တစ္ခုျဖစ္ပါတယ္။ အေမရိကန္အစိုးရက ေခတ္မမီေတာ့တဲ့ ဒုံးက်ည္စနစ္တစ္ခုကို ေခတ္မီေစဖို နဲ႔ ပိုမိုရႈပ္ေထြးလာတဲ့ "ကပ္ေဘးၿခိမ္းေျခာက္မႈ" ကို ကိုင္တြယ္ေျဖရွင္းဖို႔ ရည္႐ြယ္တာမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။
အေမရိကန္အစိုးရရဲ႕လုပ္ရပ္ဟာ ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔ရဲ႕န်ဴကလီးတားဆီးဟန႔္တားေရးလုပ္ငန္းေတြကို ထိခိုက္ဖို႔ ရည္႐ြယ္တာမ်ိဳးျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး မာရီယာဆာခါ႐ိုဗာက ေျပာပါတယ္။ ႐ုရွားဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ဦးေဆာင္မယ့္ အေမရိကန္အစိုးရအ့အသစ္ရဲ႕မူဝါဒေတြကို ပထမဆုံးအႀကိမ္ လူသိရွင္ၾကားေဝဖန္လိုက္တာလည္းျဖစ္ပါတယ္။ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ဟာ န်ဴကလီးယားထိန္းခ်ဳပ္ေရး ေဆြးေႏြးမႈကို ဟန႔္တားေအာင္လုပ္ေဆာင္တာျဖစ္တယ္လို႔ ဆိုပါတယ္။
ေဒၚနယ္ထရမ္ဟာ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယူကရိန္းစစ္ပြဲ အပါအဝင္ ကမာၻလုံးဆိုင္ရာ ျပႆနာေတြကို ေဆြးေႏြးဖို႔ ႐ုရွားအႀကီးအကဲပူတင္နဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ စီစဥ္ေနပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ မာရီယာဆာခါ႐ိုဗာက "အေမရိကန္ရဲ႕အဲဒီအစီအစဥ္ဟာ အေမရိကန္န်ဴကလီးယားလက္နက္တိုက္ကို သိသိသာသာ အားေကာင္းလာေစဖို႔နဲ႔ အာကာသအေျချပဳၾကားျဖတ္ စနစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျဖန႔္က်က္ျခင္း အပါအဝင္ အာကာသအတြင္း တိုက္ခိုက္ေရးလုပ္ငန္းကို လုပ္ေဆာင္ ဖို႔ ရည္႐ြယ္တာျဖစ္တယ္။ အေမရိကန္ရဲ႕ခ်ဥ္းကပ္မႈေတြဟာ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ ဒါမွမဟုတ္ ဗ်ဴဟာ ေျမာက္အေျခအေနကို ျမႇင့္တင္ဖို႔ အေထာက္အကူျဖစ္ေစမွာ မဟုတ္ပါဘူး" လို႔ ေျပာပါတယ္။