အမေရိကန်ရဲ့ရန်သူတွေကို ရှာဖွေပြီး သတ်ပစ်မယ်လို့ ဒေါ်နယ်ထရမ့် ကတိပြု
301
Pika (NP News) - ဖေဖော်ဝါရီ ၂
အမည်မဖော်လိုတဲ့ အကြီးတန်း (IS) အဖွဲ့ တိုက်ခိုက်ရေးစီစဉ်သူနဲ့ အခြားစစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး ဆိုမာလီယာနိုင်ငံမှာ တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆိုမာလီယာနိုင်ငံ ဘာရီဒေသ ဂိုလီတောင်တန်းတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ပြီး စစ်သွေးကြွအဖွဲ့တွေ ခိုအောင်းရာနေရာများစွာကို ဖျက်ဆီးပစ်နိုင်ခဲ့ကာ စစ်သွေးကြွအများအပြား သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အစောပိုင်းအကဲဖြတ်မှုတွေအရ အဲ့ဒီစစ်ဆင်ရေးအတွင်း အရပ်သား ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “မြေအောက်တွေမှာ ခိုအောင်းနေတဲ့ဒီစစ်သွေးကြွအဖွဲ့တွေက အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေကို ခြိမ်းခြောက်နေတာပါ။ ကျွန်တော်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားတွေ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်အဖွဲ့တွေ နေထိုင်ရာ နေရာတွေကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သွေးကြွအများအပြားကို သတ်ပစ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ အမည်မဖော်လိုတဲ့တိုက်ခိုက်ရေးစီစဉ်သူကို ခြေရာခံနေတာဟာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဂျိူးဘိုင်ဒန် နဲ့ ၎င်းရဲ့အစိုးရအဖွဲ့ဝင်တွေဟာ အဲဒီအလုပ်ကိုပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းမျိုး မရှိခဲ့ကြဘူးလို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဒီအလုပ်ကို ပြီးမြောက်အောင် ကျွန်တော်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန်ကို တိုက်ခိုက်တဲ့သူမှန်သမျှကို ကျွန်တော်တို့ ရှာဖွေပြီး သတ်ပစ်မှာပါ” လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
အေမရိကန္ရဲ႕ရန္သူေတြကို ရွာေဖြၿပီး သတ္ပစ္မယ္လို႔ ေဒၚနယ္ထရမ့္ ကတိျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၂
အမည္မေဖာ္လိုတဲ့ အႀကီးတန္း (IS) အဖြဲ႕ တိုက္ခိုက္ေရးစီစဥ္သူနဲ႔ အျခားစစ္ေသြးႂကြေတြကို ပစ္မွတ္ထားၿပီး ဆိုမာလီယာႏိုင္ငံမွာ တိက်တဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ ဆိုမာလီယာႏိုင္ငံ ဘာရီေဒသ ဂိုလီေတာင္တန္းေတြမွာ ေလေၾကာင္း တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့ၿပီး စစ္ေသြးႂကြအဖြဲ႕ေတြ ခိုေအာင္းရာေနရာမ်ားစြာကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ကာ စစ္ေသြးႂကြအမ်ားအျပား ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
အေစာပိုင္းအကဲျဖတ္မႈေတြအရ အဲ့ဒီစစ္ဆင္ေရးအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈမရွိခဲ့ဘူးလို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Pete Hegseth က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ေျမေအာက္ေတြမွာ ခိုေအာင္းေနတဲ့ဒီစစ္ေသြးႂကြအဖြဲ႕ေတြက အေမရိကန္နဲ႔ ကြၽန္ေတာ္တို႔ရဲ႕မိတ္ဖက္ေတြကို ၿခိမ္းေျခာက္ေနတာပါ။ ကြၽန္ေတာ္တို႔ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြက အရပ္သားေတြ ထိခိုက္မႈမရွိဘဲ အၾကမ္းဖက္အဖြဲ႕ေတြ ေနထိုင္ရာ ေနရာေတြကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး စစ္ေသြးႂကြအမ်ားအျပားကို သတ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္စစ္တပ္ဟာ အမည္မေဖာ္လိုတဲ့တိုက္ခိုက္ေရးစီစဥ္သူကို ေျခရာခံေနတာဟာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္ၿပီး အေမရိကန္သမၼတေဟာင္း ဂ်ိဴးဘိုင္ဒန္ နဲ႔ ၎ရဲ႕အစိုးရအဖြဲ႕ဝင္ေတြဟာ အဲဒီအလုပ္ကိုၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ျခင္းမ်ိဳး မရွိခဲ့ၾကဘူးလို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဒီအလုပ္ကို ၿပီးေျမာက္ေအာင္ ကြၽန္ေတာ္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အေမရိကန္ကို တိုက္ခိုက္တဲ့သူမွန္သမွ်ကို ကြၽန္ေတာ္တို႔ ရွာေဖြၿပီး သတ္ပစ္မွာပါ” လို႔ ေျပာခဲ့ပါတယ္။