တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်ခဲ့သည့် တရုတ်လူမျိုး(၂)ဦးနှင့် မြန်မာလူမျိုး (၂) ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်
299
နာမူ (NP News) - ဖေဖော်ဝါရီ ၂
တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ခဲ့သည့် တရုတ်လူမျိုး(၂)ဦး နှင့် မြန်မာလူမျိုး (၂)ဦးတို့ကို အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက် ရပ်ကွက်နေ ရွှေနုစိန်နှင့် မိမိခိုင်တို့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ အသက် (၂၀)၊ (၂၂) နှင့် (၂၉) နှစ်အရွယ် အမျိုးသမီး(၃)ဦးကို တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ငွေကျပ်သိန်း (၇၀) ရရှိမည်ဖြစ်ပြီး ကလေးယူပြီးပါက နေရပ်သို့ပြန်ရမည်၊ ကား၊ ခြံနှင့် နေရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် စစ်တွေနယ်မြေရဲစခန်းတွင် (ပ) ၂၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအား စစ်တွေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်တွင် တရားခံ ရွှေနုစိန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ(၃၅)အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်၊ ဖုရန်းမြို့နေ Gao Fengying (ကောင်းဖိန်းရင်)၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်တို့ (၄) ဦးသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အသက်(၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း (၁၀၀) ရရှိမည်၊ တစ်နှစ်နေပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်။ ကလေးမွေးပေးရမည်ဟု စည်းရုံးပြီး တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှုကို လေဆိပ်နယ်မြေရဲစခန်းတွင် (ပ) ၂၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအမှုကို တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ နန်းဆိုင်ခမ်း (ခ) မားမားနှင့် ကောင်းဖိန်းရင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
ထို့အတူ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း(ခ) မားမား၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်နေ ချစ်ထူး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်နေ ကောင်းထက်ကျော် (ခ) ဖိုးစည်တို့ ငါးဦးသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နေ အသက်(၂၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ အသက် (၂၃) နှစ်အရွယ် အမျိုးသမီး (၂)ဦးကို တရုတ်မယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း (၈၀) ရမည်၊ ပတ်စ်ပို့ပြုလုပ်ပေးမည်၊ ခရီးစရိတ်ကုန်ကျခံမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
Zawgyi Version:
တ႐ုတ္မယားအျဖစ္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ စီစဥ္ခဲ့သည့္ တ႐ုတ္လူမ်ိဳး(၂)ဦးႏွင့္ ျမန္မာလူမ်ိဳး (၂) ဦးတို႔ကို အလုပ္ႏွင့္ေထာင္ဒဏ္မ်ား ခ်မွတ္
နာမူ (NP News) - ေဖေဖာ္ဝါရီ ၂
တ႐ုတ္မယားအျဖစ္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္စီစဥ္ခဲ့သည့္ တ႐ုတ္လူမ်ိဳး(၂)ဦး ႏွင့္ ျမန္မာလူမ်ိဳး (၂)ဦးတို႔ကို အလုပ္ႏွင့္ ေထာင္ဒဏ္မ်ား ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေျမာက္ ရပ္ကြက္ေန ေ႐ႊႏုစိန္ႏွင့္ မိမိခိုင္တို႔သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ေန အသက္ (၂၀)၊ (၂၂) ႏွင့္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသမီး(၃)ဦးကို တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္အမ်ိဳးသားႏွင့္လက္ထပ္ပါက ေငြက်ပ္သိန္း (၇၀) ရရွိမည္ျဖစ္ၿပီး ကေလးယူၿပီးပါက ေနရပ္သို႔ျပန္ရမည္၊ ကား၊ ၿခံႏွင့္ ေနရမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့သျဖင့္ စစ္ေတြနယ္ေျမရဲစခန္းတြင္ (ပ) ၂၈/ ၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅/၄၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအမႈအား စစ္ေတြခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ဇန္နဝါရီလ ၂၇ ရက္တြင္ တရားခံ ေ႐ႊႏုစိန္ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ(၃၅)အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅) ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အလားတူ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕၊ ေနာင္ငင္႐ြာေန နန္းဆိုင္ခမ္း (ခ) မားမား၊ တ႐ုတ္ႏိုင္ငံ အန္းေဟြးျပည္နယ္၊ ဖုရန္းၿမိဳ႕ေန Gao Fengying (ေကာင္းဖိန္းရင္)၊ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ရပ္ကြက္ႀကီး (၁) ေန ဇင္သူခိုင္ႏွင့္ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ သံလ်က္ေမာ္ေတာင္ရပ္ကြက္ေန ေမထက္ႏိုင္ဦး (ခ) ထက္ထက္တို႔ (၄) ဦးသည္ ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္ေန အသက္(၁၉) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္မယားအျဖစ္ ေဆာင္႐ြက္ပါက ေငြက်ပ္သိန္း (၁၀၀) ရရွိမည္၊ တစ္ႏွစ္ေနၿပီးပါက ျမန္မာႏိုင္ငံသို႔ ျပန္လာရမည္။ ကေလးေမြးေပးရမည္ဟု စည္း႐ုံးၿပီး တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ခဲ့မႈကို ေလဆိပ္နယ္ေျမရဲစခန္းတြင္ (ပ) ၂၃/ ၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈ (က)/ ၄၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါအမႈကို တံတားဦးခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ဇန္နဝါရီ ၃၀ ရက္တြင္ တရားခံ နန္းဆိုင္ခမ္း (ခ) မားမားႏွင့္ ေကာင္းဖိန္းရင္တို႔ ႏွစ္ဦးအား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈ (က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ႏွစ္ (၂၀) စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔အတူ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕၊ ေနာင္ငင္႐ြာေန နန္းဆိုင္ခမ္း(ခ) မားမား၊ မေကြးတိုင္းေဒသႀကီး ဆင္ေပါင္ဝဲၿမိဳ႕နယ္ေန ခ်စ္ထူး၊ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ရပ္ကြက္ႀကီး (၁) ေန ဇင္သူခိုင္၊ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ သံလ်က္ေမာ္ေတာင္ရပ္ကြက္ေန ေမထက္ႏိုင္ဦး (ခ) ထက္ထက္ႏွင့္ မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ သံလ်က္ေမာ္အေရွ႕ရပ္ကြက္ေန ေကာင္းထက္ေက်ာ္ (ခ) ဖိုးစည္တို႔ ငါးဦးသည္ ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္ေန အသက္(၂၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဒဂုံၿမိဳ႕နယ္ေန အသက္ (၂၃) ႏွစ္အ႐ြယ္ အမ်ိဳးသမီး (၂)ဦးကို တ႐ုတ္မယားအျဖစ္ ေဆာင္႐ြက္ပါက ေငြက်ပ္သိန္း (၈၀) ရမည္၊ ပတ္စ္ပို႔ျပဳလုပ္ေပးမည္၊ ခရီးစရိတ္ကုန္က်ခံမည္ဟု ေျပာဆိုစည္း႐ုံးခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ရန္ စည္း႐ုံးသိမ္းသြင္း၊ အက်ိဳးအျမတ္ယူေဆာင္႐ြက္ခဲ့သျဖင့္ ေလဆိပ္နယ္ေျမရဲစခန္း တြင္ (ပ) ၂၄/ ၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/ ၄၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအမႈအား တံတားဦးခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ဇန္နဝါရီ (၃၀) ရက္တြင္ တရားခံ နန္းဆိုင္ခမ္း (ခ) မားမားႏွင့္ ခ်စ္ထူးတို႔ႏွစ္ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/၄၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ႏွစ္(၂၀)စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါ ျဖစ္စဥ္မ်ားမွ အမ်ိဳးသမီးမ်ားကို တ႐ုတ္မယားအျဖစ္ လုပ္ကိုင္ရန္ မက္လုံးေပး စည္း႐ုံးသိမ္းသြင္းၿပီး တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ကာ ေငြေၾကးအက်ိဳးအျမတ္ယူရန္ စီစဥ္ေဆာင္႐ြက္ခဲ့သည့္ တ႐ုတ္လူမ်ိဳး (၂)ဦးႏွင့္ ျမန္မာလူမ်ိဳး (၂) ဦးတို႔ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒအရ အလုပ္ႏွင့္ ေထာင္ဒဏ္မ်ား ခ်မွတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။