မျိုးသုဉ်းမှုအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသည့် မျိုးစိတ်များ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျက်စားနေ

 170

စော (NP News)-ဇန်နဝါရီ ၂

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မျိုးသုဉ်းမှုအန္တရာယ်နှင့်ရင်ဆိုင်နေရသည့် မျိုးစိတ်၊ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်နှင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါး မျိုးစိတ်များ ကျက်စားနေ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အင်းလေးကန်သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းနှင့် ဆက်စပ်ဒေသများအတွင်း လစဉ် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းနှင့်ဆန်းစစ်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ စာရင်းကောက်ယူမှုမှတ်တမ်းများအရ သစ်တောငှက်(၂၇၃)မျိုး၊ ရေပျော်ငှက်(၁၀၂)မျိုး စုစုပေါင်း (၃၇၅)မျိုးကို မှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အာရှရေ ပျော်ငှက်စာရင်း (Asian Waterbird Census-AWC) လုပ်ငန်းကို နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကောက်ယူ ဆန်းစစ်လျက် ရှိရာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီ (၇)ရက်‌ ကောက်ယူမှုမှတ်တမ်းအရ ရေပျော်ငှက်မျိုးစိတ် (၄၈) မျိုးနှင့် အကောင်ရေ (၁၁၄၅၈) ကောင်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်၊ ဇန်နဝါရီ (၈)ရက်နေ့တွင် ကောက်ယူတွေ့ရှိမှု မှတ်တမ်းအရ ရေပျော်ငှက်မျိုးစိတ် (၄၂) မျိုး နှင့် အကောင်ရေ (၁၃၉၈၀) ကောင်တို့ကို ဆန်းစစ် တွေ့ရှိရပြီး သဘာဝနယ်မြေအတွင်းရှိဆက်စပ်‌ဒေသများဖြစ်သည့် စံကားအင်းနှင့်ဖယ်ခုံအင်း ဒေသများတွင် စာရင်းကောက်ယူနိုင်မည်ဆိုပါက မျိုးစိတ်နှင့်ကောင်ရေ တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အင်းလေးကန်ဒေသအတွင်း ကျရောက်ကျက်စားလျက်ရှိသည့် ရေပျော်ငှက်မျိုးစိတ် (၁၀၂) မျိုးတွင် အောက်တိုဘာလမှဧပြီလအတွင်း ပြောင်းရွှေ့ကျက်စားရောက်ရှိလာသည့် ဆောင်းခို ငှက်မျိုးစိတ် (၄၁) မျိုး နှင့် သစ်တောဆောင်းခိုငှက် (၁၂)မျိုးတို့ကို စာရင်းကောက်ယူ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရေပျော် ဆောင်းခိုငှက်များတွင် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များ ဖြစ်သည့် ပို့ချပ်ဘဲ ခေါင်းစိမ်း (Baer's Pochard)၊ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် ကြိုးကြာ ခေါင်းနီ (Sarus Crane)၊ Common Porchard ၊ အမောက်ပါ တစ်တီတူး (Northern Lapwing) မျိုးစိတ် နှင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါး မျိုးစိတ် ဖြစ်သည့် Ferruginous Duck၊ Black-headed Ibis စသည်တို့ ကျရောက်ကျက်စားနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် သစ်တောဆောင်းခိုငှက်များတွင် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များဖြစ်သည့် စာဝါကြား ကောင်ရေ (၅၀၀) ကျော်နှင့် ကျေးငှက်မျိုးစိတ် (Grey-headed Parakeet ) ကောင်ရေ (၁၀၀) ခန့် ကျရောက်ကျက်စားလျက် ရှိသည်ကို ဆန်းစစ်တွေ့ရှိရကြောင်း သိရသည်။
အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသဘာဝထိန်းသိမ်းရေးနယ်မြေသည် အင်းလေး ကန်၊ စံကားအင်းနှင့် ဖယ်ခုံအင်း စသည့် ရေဝပ်ဒေသကြီး (၃)ခုနှင့် ဘီလူးချောင်းတို့ တစ်ဆက် တစ်စပ်တည်း ပါဝင်တည်ရှိနေသည့် ရေဝပ်ဒေသဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အင်းလေးကန်အပိုင်းကို မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ရမ်ဆာရေဝပ်ဒေသ (၂၀၁၈) အဖြစ် သတ်မှတ်ထားပြီး အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ၏ ကွန်ရက်နယ်မြေ တစ်ခု ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မ်ိဳးသုဥ္းမႈအႏၲရာယ္ႏွင့္ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ မ်ိဳးစိတ္မ်ား အင္းေလးကန္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာတြင္ က်က္စားေန
ေစာ (NP News)-ဇန္နဝါရီ ၂

အင္းေလးကန္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာတြင္ မ်ိဳးသုဥ္းမႈအႏၲရာယ္ႏွင့္ရင္ဆိုင္ေနရသည့္ မ်ိဳးစိတ္၊ မ်ိဳးသုဥ္းမႈအႏၲရာယ္က်ေရာက္ႏိုင္ေသာ မ်ိဳးစိတ္ႏွင့္ မ်ိဳးသုဥ္းရန္အႏၲရာယ္ က်ေရာက္လုနီးပါး မ်ိဳးစိတ္မ်ား က်က္စားေန သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အင္းေလးကန္သဘာဝထိန္းသိမ္းေရးနယ္ေျမအတြင္းႏွင့္ ဆက္စပ္ေဒသမ်ားအတြင္း လစဥ္ ငွက္မ်ိဳးစိတ္စာရင္းေကာက္ယူျခင္းႏွင့္ဆန္းစစ္ျခင္းလုပ္ငန္းမ်ားကို ပုံမွန္ေဆာင္႐ြက္လ်က္ရွိရာ စာရင္းေကာက္ယူမႈမွတ္တမ္းမ်ားအရ သစ္ေတာငွက္(၂၇၃)မ်ိဳး၊ ေရေပ်ာ္ငွက္(၁၀၂)မ်ိဳး စုစုေပါင္း (၃၇၅)မ်ိဳးကို မွတ္တမ္းတင္ထားရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အာရွေရ ေပ်ာ္ငွက္စာရင္း (Asian Waterbird Census-AWC) လုပ္ငန္းကို ႏွစ္စဥ္ ဇန္နဝါရီလ ဒုတိယပတ္အတြင္း ေကာက္ယူ ဆန္းစစ္လ်က္ ရွိရာ ၿပီးခဲ့သည့္ႏွစ္ ဇန္နဝါရီ (၇)ရက္‌ ေကာက္ယူမႈမွတ္တမ္းအရ ေရေပ်ာ္ငွက္မ်ိဳးစိတ္ (၄၈) မ်ိဳးႏွင့္ အေကာင္ေရ (၁၁၄၅၈) ေကာင္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ျပင္ ယခုႏွစ္၊ ဇန္နဝါရီ (၈)ရက္ေန႔တြင္ ေကာက္ယူေတြ႕ရွိမႈ မွတ္တမ္းအရ ေရေပ်ာ္ငွက္မ်ိဳးစိတ္ (၄၂) မ်ိဳး ႏွင့္ အေကာင္ေရ (၁၃၉၈၀) ေကာင္တို႔ကို ဆန္းစစ္ ေတြ႕ရွိရၿပီး သဘာဝနယ္ေျမအတြင္းရွိဆက္စပ္‌ေဒသမ်ားျဖစ္သည့္ စံကားအင္းႏွင့္ဖယ္ခုံအင္း ေဒသမ်ားတြင္ စာရင္းေကာက္ယူႏိုင္မည္ဆိုပါက မ်ိဳးစိတ္ႏွင့္ေကာင္ေရ တိုးျမႇင့္လာႏိုင္မည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ အင္းေလးကန္ေဒသအတြင္း က်ေရာက္က်က္စားလ်က္ရွိသည့္ ေရေပ်ာ္ငွက္မ်ိဳးစိတ္ (၁၀၂) မ်ိဳးတြင္ ေအာက္တိုဘာလမွဧၿပီလအတြင္း ေျပာင္းေ႐ႊ႕က်က္စားေရာက္ရွိလာသည့္ ေဆာင္းခို ငွက္မ်ိဳးစိတ္ (၄၁) မ်ိဳး ႏွင့္ သစ္ေတာေဆာင္းခိုငွက္ (၁၂)မ်ိဳးတို႔ကို စာရင္းေကာက္ယူ ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေရေပ်ာ္ ေဆာင္းခိုငွက္မ်ားတြင္ မ်ိဳးသုဥ္းမႈအႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည့္ မ်ိဳးစိတ္မ်ား ျဖစ္သည့္ ပို႔ခ်ပ္ဘဲ ေခါင္းစိမ္း (Baer's Pochard)၊ မ်ိဳးသုဥ္းမႈအႏၲရာယ္က်ေရာက္ႏိုင္ေသာ မ်ိဳးစိတ္ျဖစ္သည့္ ႀကိဳးၾကာ ေခါင္းနီ (Sarus Crane)၊ Common Porchard ၊ အေမာက္ပါ တစ္တီတူး (Northern Lapwing) မ်ိဳးစိတ္ ႏွင့္ မ်ိဳးသုဥ္းရန္အႏၲရာယ္ က်ေရာက္လုနီးပါး မ်ိဳးစိတ္ ျဖစ္သည့္ Ferruginous Duck၊ Black-headed Ibis စသည္တို႔ က်ေရာက္က်က္စားေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ျပင္ သစ္ေတာေဆာင္းခိုငွက္မ်ားတြင္ ကမာၻလုံးဆိုင္ရာ မ်ိဳးသုဥ္းမႈအႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည့္ မ်ိဳးစိတ္မ်ားျဖစ္သည့္ စာဝါၾကား ေကာင္ေရ (၅၀၀) ေက်ာ္ႏွင့္ ေက်းငွက္မ်ိဳးစိတ္ (Grey-headed Parakeet ) ေကာင္ေရ (၁၀၀) ခန႔္ က်ေရာက္က်က္စားလ်က္ ရွိသည္ကို ဆန္းစစ္ေတြ႕ရွိရေၾကာင္း သိရသည္။
အင္းေလးကန္ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာသဘာဝထိန္းသိမ္းေရးနယ္ေျမသည္ အင္းေလး ကန္၊ စံကားအင္းႏွင့္ ဖယ္ခုံအင္း စသည့္ ေရဝပ္ေဒသႀကီး (၃)ခုႏွင့္ ဘီလူးေခ်ာင္းတို႔ တစ္ဆက္ တစ္စပ္တည္း ပါဝင္တည္ရွိေနသည့္ ေရဝပ္ေဒသေဂဟစနစ္ထိန္းသိမ္းေရးနယ္ေျမတစ္ခု ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အင္းေလးကန္အပိုင္းကို ျမန္မာႏိုင္ငံ၏ ပၪၥမေျမာက္ ရမ္ဆာေရဝပ္ေဒသ (၂၀၁၈) အျဖစ္ သတ္မွတ္ထားၿပီး အေရွ႕အာရွ-ဩစေၾတးလ်ငွက္ပ်ံသန္းရာလမ္းေၾကာင္း ၏ ကြန္ရက္နယ္ေျမ တစ္ခု ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.