အမေရိကန်က ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပစေလိုကြောင်းပြော

 250

Pika (NP News) - ဖေဖော်ဝါရီ ၂

အမေရိကန်က ယူကရိန်းနိုင်ငံမှာ သမ္မတနဲ့လွှတ်‌တော်ရွေးကောက်ပွဲတွေကို ယခုနှစ်ကုန်မှာ ကျင်းပစေလိုနေတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်ကိတ်ကယ်‌လော့ရဲ့ ပြောကြား ချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အစီရင်ခံစာအရ ကိတ်ကယ်လော့နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ ရုရှားနဲ့အလားအလာရှိတဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်းမှာ ရွေးကောက်ပွဲတွေလုပ်ဆောင်ဖို့ တောင်းဆိုဖို့အတွက် ဆွေးနွေးခဲ့ကြတယ် လို့လည်း သိရပါတယ်။
ဒါ့ပြင် ယူကရိန်းမှာ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ လုပ်ဆောင်ပြီးဖို့ လိုအပ်တယ်လို့ ကိတ်ကယ်လော့က ပြောကြားခဲ့ပါတယ်။ ကိတ်ကယ်လော့က “ဒီမိုကရက်တစ်နိုင်ငံအများစုမှာ စစ်ပွဲဖြစ်ပွားနေတဲ့ ကာလမှာတောင် ရွေးကောက်ပွဲတွေရှိပါတယ်။ ယူကရိန်းမှာလည်း အဲဒီလိုမျိုးလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါ တယ်။ ပြီးတော့ အဲဒါက ဒီမိုက‌ရေစီအတွက် ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါက ခိုင်မာတဲ့ ဒီမိုကရေစီရဲ့အလှတရားပါ” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းမှာ (၂၀၂၃)ခုနှစ် ‌အောက်တိုဘာလနဲ့ (၂၀၂၄)ခုနှစ် မတ်လတို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲတွေကို ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေမှုနဲ့အတူ စစ်အုပ်ချုပ်‌ရေးဥပဒေပြဋ္ဌာန်းထားချိန်အတွင်း ကျင်းပ ဖြစ်မှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဇီလန်စကီးက စစ်အုပ်ချုပ်ရေး ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္က ယူကရိန္းမွာ ေ႐ြးေကာက္ပြဲေတြ က်င္းပေစလိုေၾကာင္းေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂

အေမရိကန္က ယူကရိန္းႏိုင္ငံမွာ သမၼတနဲ႔လႊတ္‌ေတာ္ေ႐ြးေကာက္ပြဲေတြကို ယခုႏွစ္ကုန္မွာ က်င္းပေစလိုေနတယ္ လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ယူကရိန္းပဋိပကၡအတြက္ အထူးသံတမန္ကိတ္ကယ္‌ေလာ့ရဲ႕ ေျပာၾကား ခ်က္ေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ အစီရင္ခံစာအရ ကိတ္ကယ္ေလာ့နဲ႔ အေမရိကန္အစိုးရတာဝန္ရွိသူေတြဟာ ႐ုရွားနဲ႔အလားအလာရွိတဲ့အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ယူကရိန္းမွာ ေ႐ြးေကာက္ပြဲေတြလုပ္ေဆာင္ဖို႔ ေတာင္းဆိုဖို႔အတြက္ ေဆြးေႏြးခဲ့ၾကတယ္ လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းမွာ သမၼတနဲ႔ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ လုပ္ေဆာင္ၿပီးဖို႔ လိုအပ္တယ္လို႔ ကိတ္ကယ္ေလာ့က ေျပာၾကားခဲ့ပါတယ္။ ကိတ္ကယ္ေလာ့က “ဒီမိုကရက္တစ္ႏိုင္ငံအမ်ားစုမွာ စစ္ပြဲျဖစ္ပြားေနတဲ့ ကာလမွာေတာင္ ေ႐ြးေကာက္ပြဲေတြရွိပါတယ္။ ယူကရိန္းမွာလည္း အဲဒီလိုမ်ိဳးလုပ္ေဆာင္ဖို႔ အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ ထင္ပါ တယ္။ ၿပီးေတာ့ အဲဒါက ဒီမိုက‌ေရစီအတြက္ ေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ အဲဒါက ခိုင္မာတဲ့ ဒီမိုကေရစီရဲ႕အလွတရားပါ” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းမွာ (၂၀၂၃)ခုႏွစ္ ‌ေအာက္တိုဘာလနဲ႔ (၂၀၂၄)ခုႏွစ္ မတ္လတို႔မွာ က်င္းပဖို႔စီစဥ္ထားတဲ့ လႊတ္ေတာ္နဲ႔ သမၼတေ႐ြးေကာက္ပြဲေတြကို ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားေနမႈနဲ႔အတူ စစ္အုပ္ခ်ဳပ္‌ေရးဥပေဒျပ႒ာန္းထားခ်ိန္အတြင္း က်င္းပ ျဖစ္မွာ မဟုတ္ဘူးလို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။
၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ဇီလန္စကီးက စစ္အုပ္ခ်ဳပ္ေရး ဥပေဒကို စတင္ျပ႒ာန္းခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.