အင်ဒိုနီးရှားမှာ ၃ နှစ်ဆက်တိုက် သစ်တောပြုန်းတီးမှု မြင့်တက်
98
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂
အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၄ ခုနှစ်ဟာ ၃ နှစ်ဆက်တိုက် သစ်တောပြုန်းတီးမှုမြင့်တက်လာတဲ့ နှစ်ဖြစ်လာတယ်လို့ ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တစ်ခုက ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ကွင်းဆင်းလေ့လာမှုတွေကို အခြေခံပြီ သောကြာနေ့ (ဇန်နဝါရီ ၃၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာ့သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အဓိကအားဖြင့် သစ်စိုက်ခင်းများ၊ ဆီအုန်းစိုက်ပျိုးခြင်းနဲ့ ဓာတ်သတ္တုများ တူးဖော်ခြင်းတို့ကြောင့် သစ်တောတွေ ပြုန်းတီးနေပါတယ်။ ဒါကြောင့် မိုးသစ်တောတွေမှာရှိတဲ့ ကမ္ဘာ့ဇီဝမျိုးစိတ်င်္တေဟာ ခြိမ်းခြောက်ခံနေရပါတယ်။ NGO Auriga Nusantara ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း သစ်တော ၂၆၁,၅၇၅ ဟက်တာ ဆုံးရှုံးခဲ့ပြီး ယခင်နှစ်ထက် ဟက်တာ လေးထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဆုံးရှုံးမှုအများစုဟာ အစိုးရဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်ထားတဲ့ဒေသတွေဖြစ်တယ်လို့ အဆိုပါအဖွဲ့က ပြောကြားပါ တယ်။ နိုင်ငံရဲ့မြို့တော်သစ်တည်ဆောက်ရာ နေရာဖြစ်တဲ့ ဆူလာဝေစီဟာ သစ်တော ဆုံးရှုံးမှုအများဆုံးနေရာ ဖြစ်နေပါတယ်။
အောက်တိုဘာလက ရွေးကောက်ခံရတဲ့ သမ္မတပရာဘိုဝူစူဘီယန်တို ကတော့ လောင်စာဆီတင်သွင်းမှု လျှော့ချဖို့နဲ့ ဇီဝအခြေခံ လောင်စာ တိုးချဲ့ပြီး အစားအစာနဲ့ စွမ်းအင်ဖူလုံရေး မြှင့်တင်ဖို့ ကတိပြုထားပါတယ်။
Zawgyi Version:
အင္ဒိုနီးရွားမွာ ၃ ႏွစ္ဆက္တိုက္ သစ္ေတာျပဳန္းတီးမႈ ျမင့္တက္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂
အင္ဒိုနီးရွားႏိုင္ငံမွာ ၂၀၂၄ ခုႏွစ္ဟာ ၃ ႏွစ္ဆက္တိုက္ သစ္ေတာျပဳန္းတီးမႈျမင့္တက္လာတဲ့ ႏွစ္ျဖစ္လာတယ္လို႔ ေဒသတြင္း သဘာဝပတ္ဝန္းက်င္ဆိုင္ရာ NGO တစ္ခုက ၿဂိဳဟ္တုဓာတ္ပုံေတြနဲ႔ ကြင္းဆင္းေလ့လာမႈေတြကို အေျခခံၿပီ ေသာၾကာေန႔ (ဇန္နဝါရီ ၃၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
အင္ဒိုနီးရွားဟာ ကမာၻ႔သစ္ေတာျပဳန္းတီးမႈႏႈန္း အျမင့္ဆုံးႏိုင္ငံျဖစ္ၿပီး အဓိကအားျဖင့္ သစ္စိုက္ခင္းမ်ား၊ ဆီအုန္းစိုက္ပ်ိဳးျခင္းနဲ႔ ဓာတ္သတၱဳမ်ား တူးေဖာ္ျခင္းတို႔ေၾကာင့္ သစ္ေတာေတြ ျပဳန္းတီးေနပါတယ္။ ဒါေၾကာင့္ မိုးသစ္ေတာေတြမွာရွိတဲ့ ကမာၻ႔ဇီဝမ်ိဳးစိတ္ေတၤဟာ ၿခိမ္းေျခာက္ခံေနရပါတယ္။ NGO Auriga Nusantara ရဲ႕ အစီရင္ခံစာအရ ၂၀၂၄ ခုႏွစ္အတြင္း အင္ဒိုနီးရွားႏိုင္ငံတစ္ဝွမ္း သစ္ေတာ ၂၆၁,၅၇၅ ဟက္တာ ဆုံးရႈံးခဲ့ၿပီး ယခင္ႏွစ္ထက္ ဟက္တာ ေလးေထာင္ေက်ာ္ ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။
ဆုံးရႈံးမႈအမ်ားစုဟာ အစိုးရဖြံ႕ၿဖိဳးေရးအတြက္ ဖြင့္လွစ္ထားတဲ့ေဒသေတြျဖစ္တယ္လို႔ အဆိုပါအဖြဲ႕က ေျပာၾကားပါ တယ္။ ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္သစ္တည္ေဆာက္ရာ ေနရာျဖစ္တဲ့ ဆူလာေဝစီဟာ သစ္ေတာ ဆုံးရႈံးမႈအမ်ားဆုံးေနရာ ျဖစ္ေနပါတယ္။
ေအာက္တိုဘာလက ေ႐ြးေကာက္ခံရတဲ့ သမၼတပရာဘိုဝူစူဘီယန္တို ကေတာ့ ေလာင္စာဆီတင္သြင္းမႈ ေလွ်ာ့ခ်ဖို႔နဲ႔ ဇီဝအေျခခံ ေလာင္စာ တိုးခ်ဲ႕ၿပီး အစားအစာနဲ႔ စြမ္းအင္ဖူလုံေရး ျမႇင့္တင္ဖို႔ ကတိျပဳထားပါတယ္။