(၅)နှစ်အတွင်း ဒုံးပျံအစင်းရေ(၁၀ဝ)ကို လွှတ်တင်ရန်စီစဉ်နေကြောင်း အိန္ဒိယအစိုးရဆို
54
Pika (NP News) - ဖေဖော်ဝါရီ ၂
အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO)သည် လာမည့်ငါးနှစ်အတွင်း ဒုံးပျံအစင်းရေ(၁၀ဝ)ကို လွှတ်တင်ရန် စီစဉ်နေကြောင်း အဆိုပါအေဂျင်စီ၏ ဥက္ကဋ္ဌအသစ် V. Narayanan က ထုတ်ပြန်ပြောကြား ခဲ့သည်။ ISRO အဖွဲ့သည် (၁၉၆၉)ခုနှစ်တွင် စတင် တည်ထောင်ပြီးနောက်ပိုင်းကတည်းက ၎င်း၏ (၁၀ဝ)ကြိမ်မြောက် လွှတ်တင်မှုမစ်ရှင်မှတ်တိုင်ကို ရောက်ရှိခဲ့ပြီးနောက် V. Narayanan ၏ မှတ် ချက်ပြုပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇန်နဝါရီလ(၂၉) ရက်တွင် NVS-02 ဂြိုဟ်တုကို သယ်ဆောင်ထားသော Geosynchronous Satellite Launch Vehicle (GSLV-F15) ဒုံးပျံကို Sriharikota ကျွန်း ရှိ ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် ယခုလို ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
အချိန်(၅၆)နှစ်အတွင်း ISRO အဖွဲ့သည် စုစုပေါင်း အလေးချိန် တန်ချိန်(၂၃)တန်ရှိသော နိုင်ငံခြားဂြိုဟ်တု(၄၃၃)လုံး အပါအဝင် စုစုပေါင်းအလေးချိန် တန်ချိန်(၁၂၀)ရှိသော ဂြိုဟ်တု (၅၄၈)လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင် နိုင်ခဲ့ကြောင်း V. Narayanan က ပြောကြားခဲ့သည်။
ထို့ပြင် (၁၀ဝ)ကြိမ်မြောက် လွှတ်တင်မှုသည် အံ့ဩဖွယ်ကောင်းသောမှတ်တိုင်တစ်ခုဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောဆိုခဲ့ပြီး အိန္ဒိယနိုင်ငံသည် အာကာသစူးစမ်းလေ့လာရေးတွင် အထင်ကရ နေရာသစ်များကို ဆက်လက်ရောက်ရှိနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ISRO အဖွဲ့သည် ဒုံးပျံအစိတ်အပိုင်းများကို စက်ဘီးများနှင့် နွားလှည်းများပေါ်တွင် သယ်ဆောင်လာချိန်မှ စတင်ပြီး ကမ္ဘာ့ထိပ်တန်း အာကာသအေဂျင်စီများထဲမှ တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါပြောင်းလဲမှုဖြစ်စဉ်တွင် မကြာသေးမီက အောင်မြင်ခဲ့သော အိန္ဒိယ၏ လ နှင့် နေ ဆီသို့ မစ်ရှင်များအပြင် နိုင်ငံတကာဖောက်သည်များအတွက် အောင်မြင်သော စီးပွားဖြစ်လွှင့်တင်မှုများလည်း ပါဝင်ကြောင်း သိရသည်။
Zawgyi Version:
(၅)ႏွစ္အတြင္း ဒုံးပ်ံအစင္းေရ(၁၀ဝ)ကို လႊတ္တင္ရန္စီစဥ္ေနေၾကာင္း အိႏၵိယအစိုးရဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂
အိႏၵိယအာကာသသုေတသနအဖြဲ႕ (ISRO)သည္ လာမည့္ငါးႏွစ္အတြင္း ဒုံးပ်ံအစင္းေရ(၁၀ဝ)ကို လႊတ္တင္ရန္ စီစဥ္ေနေၾကာင္း အဆိုပါေအဂ်င္စီ၏ ဥကၠ႒အသစ္ V. Narayanan က ထုတ္ျပန္ေျပာၾကား ခဲ့သည္။ ISRO အဖြဲ႕သည္ (၁၉၆၉)ခုႏွစ္တြင္ စတင္ တည္ေထာင္ၿပီးေနာက္ပိုင္းကတည္းက ၎၏ (၁၀ဝ)ႀကိမ္ေျမာက္ လႊတ္တင္မႈမစ္ရွင္မွတ္တိုင္ကို ေရာက္ရွိခဲ့ၿပီးေနာက္ V. Narayanan ၏ မွတ္ ခ်က္ျပဳေျပာဆိုမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ဇန္နဝါရီလ(၂၉) ရက္တြင္ NVS-02 ၿဂိဳဟ္တုကို သယ္ေဆာင္ထားေသာ Geosynchronous Satellite Launch Vehicle (GSLV-F15) ဒုံးပ်ံကို Sriharikota ကြၽန္း ရွိ ၿဂိဳဟ္တုလႊတ္တင္ေရးစင္တာမွ ေအာင္ျမင္စြာ လႊတ္တင္ႏိုင္ခဲ့ၿပီးေနာက္ ယခုလို ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
အခ်ိန္(၅၆)ႏွစ္အတြင္း ISRO အဖြဲ႕သည္ စုစုေပါင္း အေလးခ်ိန္ တန္ခ်ိန္(၂၃)တန္ရွိေသာ ႏိုင္ငံျခားၿဂိဳဟ္တု(၄၃၃)လုံး အပါအဝင္ စုစုေပါင္းအေလးခ်ိန္ တန္ခ်ိန္(၁၂၀)ရွိေသာ ၿဂိဳဟ္တု (၅၄၈)လုံးကို ကမာၻပတ္လမ္းေၾကာင္းထဲသို႔ ေအာင္ျမင္စြာလႊတ္တင္ ႏိုင္ခဲ့ေၾကာင္း V. Narayanan က ေျပာၾကားခဲ့သည္။
ထို႔ျပင္ (၁၀ဝ)ႀကိမ္ေျမာက္ လႊတ္တင္မႈသည္ အံ့ဩဖြယ္ေကာင္းေသာမွတ္တိုင္တစ္ခုျဖစ္ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီကေျပာဆိုခဲ့ၿပီး အိႏၵိယႏိုင္ငံသည္ အာကာသစူးစမ္းေလ့လာေရးတြင္ အထင္ကရ ေနရာသစ္မ်ားကို ဆက္လက္ေရာက္ရွိႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ISRO အဖြဲ႕သည္ ဒုံးပ်ံအစိတ္အပိုင္းမ်ားကို စက္ဘီးမ်ားႏွင့္ ႏြားလွည္းမ်ားေပၚတြင္ သယ္ေဆာင္လာခ်ိန္မွ စတင္ၿပီး ကမာၻ႔ထိပ္တန္း အာကာသေအဂ်င္စီမ်ားထဲမွ တစ္ခုအျဖစ္သို႔ ေျပာင္းလဲႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါေျပာင္းလဲမႈျဖစ္စဥ္တြင္ မၾကာေသးမီက ေအာင္ျမင္ခဲ့ေသာ အိႏၵိယ၏ လ ႏွင့္ ေန ဆီသို႔ မစ္ရွင္မ်ားအျပင္ ႏိုင္ငံတကာေဖာက္သည္မ်ားအတြက္ ေအာင္ျမင္ေသာ စီးပြားျဖစ္လႊင့္တင္မႈမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။