ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန် လိုအပ်

 3039

Pearl (NP News) - ဖေဖော်ဝါရီ ၃

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွား လာရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင် က NP News ကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ရန်ကုန်မြို့သည် ကမ္ဘ့ာလေထုညစ်ညမ်းမှုအများဆုံးမြို့ အဆင့် (၂) နေရာသို ရောက်ရှိသွားပြီဖြစ်ကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့်ဖြစ်ကြောင်း Environment , Health and Safety Myanmar – EHS Myanmar ၏ အချက်အလက် များ အရ သိရသည်။
ရန်ကုန်မြို့လေထုအရည်အသွေး၏ AQI ညွှန်းကိန်းမှာ (၂၂၆) ဖြစ်ကာ PM2.5 150.6 µg/m³ ဖြင့် (၂၀၂၅) ခုနှစ်တွင် အဆိုးဆုံးသောနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှိုက်များ မီးရှို့ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ရိတ်သိမ်းခြင်းများ၊ မီးစက်အသုံးများခြင်း နှင့် မော်တော်ယာဉ် အသုံးပြုများပြားခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။
“လေထုညစ်ညမ်းမှုကတော့ အဓိက က မီးရှို့တာတွေ၊ လောင်စာဆီ လောင်ကျွမ်းလို့ ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ဒါတွေကနေပြီးတော့ လေထုထဲကိုရောက်တာပေါ့နော်။ ဘာကြောင့် မနက်စောစော လေထဲမှာ များသလဲ။ နေ့လယ်ဘက်ကျတော့ ပျောက်သွားသလဲဆိုတော့ မနက်စောစောဆိုရင် သူကလေထုရဲ့ အပူချိန်က အေးနေတဲ့အတွက် လေထုသည်အပေါ်ကို လေစီးကြောင်းတိုက်တာမရှိဘူး။ လေထဲမှာ တွဲလဲခိုနေတဲ့အမှုန်တွေ ပိုပြီးတော့များတယ်။ ဒါကြောင့်မို့ AQI Index ကလည်း ပိုပြီးတော့ များတာဖြစ်တယ်။ အဲဒီတော့ နေ့လည် (၁၂)နာရီ၊ (၁)နာရီလောက်အထိကို AQI Index က များနေပါတယ်” ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က NP News ကို ပြောသည်။
ထိုသို့ လေထုညစ်ညမ်းမှုကြောင့် ချောင်းဆိုးခြင်း ၊ နှာရည်ယိုခြင်း နှင့် အသက်ရှူကြပ်ခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။
“လေထုညစ်ညမ်းမှုက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အသံတိတ်လူသတ်သမားဖြစ်နေတယ်ဆိုတာ ဘယ်သူမှသတိမထားမိဘူး။ အမှုန်လေးတွေက အဆုတ်ထဲကို ရောက်သွားပြီးတော့ အသက်ရှူလမ်းကြောင်းနဲ့ မျက်စိ ၊ နား၊ နှားခေါင်း၊ လည်ချောင်း ဒါတွေမှာ ယားတာတွေ ဖြစ်လာနိုင်တယ်။ ချောင်းဆိုးတာ ၊ နှာချေတာ၊ နှာရည်ယိုတာနဲ့ အသက်ရှူကြပ်လာတာဆိုတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တော်တော်ကို သေးတဲ့ အမှုန်အမွှားလေးတွေ ဖြစ်တာကြောင့် အသက်ရှူတဲ့အချိန်မှာ ပါးစပ် နှားခေါင်းတွေကနေ အလွယ်တကူ ဝင်သွားနိုင်တယ်။ ကိုဗစ်ဗိုင်းရပ်ကိုတောင် ကာကွယ်ဖို့အတွက် Mask တပ်ခဲ့ရတယ်။ အခုလည်း အသက်ရှူ လမ်းကြောင်းနဲ့ ပတ်သက်တဲ့အတွက် Mask တတ်ကြပါ။ အသက်ရှူလမ်းကြောင်းအတွက် အန္တရာယ်ဖြစ်တဲ့အချိန် သည် ဆောင်းအကုန် နွေအကူး ဖေဖော်ဝါရီလ၊ မတ်လ ပြီးရင်တော့ သူလျော့သွားမှာ ပေါ့နော်။ (၂)လ (၃)လ လောက်ကို Mask တတ်ကြပါ” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။
ယခုကာလအတွင်း ကလေးသူငယ်များ၊ အသက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအနေဖြင့် ပြင်ပသို့ လုံးဝ မထွက်သင့်ကြောင်း ၊ အပြင်ထွက်မည်ဆိုပါက PM2.5 ကိုကာကွယ်ပေးနိုင်မည့် Mask များကိုမဖြစ်မနေဝတ်ဆင်ရန် လိုအပ်ကြောင်း EHS Myanmar က ဆိုထားသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕တြင္ ေလထုညစ္ညမ္းေနေသာေၾကာင့္ အျပင္ထြက္သြားလာသူမ်ားအေနျဖင့္ Mask ကို ဝတ္ဆင္သြားလာရန္ လိုအပ္
Pearl (NP News) - ေဖေဖာ္ဝါရီ ၃

ရန္ကုန္ၿမိဳ႕တြင္ ေလထုညစ္ညမ္းေနေသာေၾကာင့္ အျပင္ထြက္သြားလာသူမ်ားအေနျဖင့္ Mask ကို ဝတ္ဆင္သြား လာရန္ လိုအပ္ေၾကာင္း မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္ က NP News ကို ေျပာသည္။
ယေန႔ (ေဖေဖာ္ဝါရီလ ၃ ရက္) တြင္ ရန္ကုန္ၿမိဳ႕သည္ ကမၻ့ာေလထုညစ္ညမ္းမႈအမ်ားဆုံးၿမိဳ႕ အဆင့္ (၂) ေနရာသို ေရာက္ရွိသြားၿပီျဖစ္ကာ က်န္းမာေရးအတြက္ အႏၲရာယ္ရွိေသာအဆင့္ျဖစ္ေၾကာင္း Environment , Health and Safety Myanmar – EHS Myanmar ၏ အခ်က္အလက္ မ်ား အရ သိရသည္။
ရန္ကုန္ၿမိဳ႕ေလထုအရည္အေသြး၏ AQI ၫႊန္းကိန္းမွာ (၂၂၆) ျဖစ္ကာ PM2.5 150.6 µg/m³ ျဖင့္ (၂၀၂၅) ခုႏွစ္တြင္ အဆိုးဆုံးေသာေန႔အျဖစ္ မွတ္တမ္းဝင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အမႈိက္မ်ား မီးရႈိ႕ျခင္း၊ စိုက္ပ်ိဳးေရးအတြက္ မီးရႈိ႕ရိတ္သိမ္းျခင္းမ်ား၊ မီးစက္အသုံးမ်ားျခင္း ႏွင့္ ေမာ္ေတာ္ယာဥ္ အသုံးျပဳမ်ားျပားျခင္းတို႔ေၾကာင့္ ေလထုညစ္ညမ္းမႈပိုမိုမ်ားျပားလာျခင္းျဖစ္ေၾကာင္း သိရသည္။
“ေလထုညစ္ညမ္းမႈကေတာ့ အဓိက က မီးရႈိ႕တာေတြ၊ ေလာင္စာဆီ ေလာင္ကြၽမ္းလို႔ ထြက္လာတဲ့ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ေတြ ဒါေတြကေနၿပီးေတာ့ ေလထုထဲကိုေရာက္တာေပါ့ေနာ္။ ဘာေၾကာင့္ မနက္ေစာေစာ ေလထဲမွာ မ်ားသလဲ။ ေန႔လယ္ဘက္က်ေတာ့ ေပ်ာက္သြားသလဲဆိုေတာ့ မနက္ေစာေစာဆိုရင္ သူကေလထုရဲ႕ အပူခ်ိန္က ေအးေနတဲ့အတြက္ ေလထုသည္အေပၚကို ေလစီးေၾကာင္းတိုက္တာမရွိဘူး။ ေလထဲမွာ တြဲလဲခိုေနတဲ့အမႈန္ေတြ ပိုၿပီးေတာ့မ်ားတယ္။ ဒါေၾကာင့္မို႔ AQI Index ကလည္း ပိုၿပီးေတာ့ မ်ားတာျဖစ္တယ္။ အဲဒီေတာ့ ေန႔လည္ (၁၂)နာရီ၊ (၁)နာရီေလာက္အထိကို AQI Index က မ်ားေနပါတယ္” ဟု မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္က NP News ကို ေျပာသည္။
ထိုသို႔ ေလထုညစ္ညမ္းမႈေၾကာင့္ ေခ်ာင္းဆိုးျခင္း ၊ ႏွာရည္ယိုျခင္း ႏွင့္ အသက္ရႉၾကပ္ျခင္း အပါအဝင္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးထိခိုက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း သိရသည္။
“ေလထုညစ္ညမ္းမႈက ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ အသံတိတ္လူသတ္သမားျဖစ္ေနတယ္ဆိုတာ ဘယ္သူမွသတိမထားမိဘူး။ အမႈန္ေလးေတြက အဆုတ္ထဲကို ေရာက္သြားၿပီးေတာ့ အသက္ရႉလမ္းေၾကာင္းနဲ႔ မ်က္စိ ၊ နား၊ ႏွားေခါင္း၊ လည္ေခ်ာင္း ဒါေတြမွာ ယားတာေတြ ျဖစ္လာႏိုင္တယ္။ ေခ်ာင္းဆိုးတာ ၊ ႏွာေခ်တာ၊ ႏွာရည္ယိုတာနဲ႔ အသက္ရႉၾကပ္လာတာဆိုတဲ့ က်န္းမာေရးထိခိုက္မႈေတြ ျဖစ္လာႏိုင္ပါတယ္။ ေတာ္ေတာ္ကို ေသးတဲ့ အမႈန္အမႊားေလးေတြ ျဖစ္တာေၾကာင့္ အသက္ရႉတဲ့အခ်ိန္မွာ ပါးစပ္ ႏွားေခါင္းေတြကေန အလြယ္တကူ ဝင္သြားႏိုင္တယ္။ ကိုဗစ္ဗိုင္းရပ္ကိုေတာင္ ကာကြယ္ဖို႔အတြက္ Mask တပ္ခဲ့ရတယ္။ အခုလည္း အသက္ရႉ လမ္းေၾကာင္းနဲ႔ ပတ္သက္တဲ့အတြက္ Mask တတ္ၾကပါ။ အသက္ရႉလမ္းေၾကာင္းအတြက္ အႏၲရာယ္ျဖစ္တဲ့အခ်ိန္ သည္ ေဆာင္းအကုန္ ေႏြအကူး ေဖေဖာ္ဝါရီလ၊ မတ္လ ၿပီးရင္ေတာ့ သူေလ်ာ့သြားမွာ ေပါ့ေနာ္။ (၂)လ (၃)လ ေလာက္ကို Mask တတ္ၾကပါ” ဟု ဦးဝင္းႏိုင္က ဆက္လက္ေျပာသည္။
ယခုကာလအတြင္း ကေလးသူငယ္မ်ား၊ အသက္ႀကီး႐ြယ္အိုမ်ား ႏွင့္ ေရာဂါအခံရွိသူမ်ားအေနျဖင့္ ျပင္ပသို႔ လုံးဝ မထြက္သင့္ေၾကာင္း ၊ အျပင္ထြက္မည္ဆိုပါက PM2.5 ကိုကာကြယ္ေပးႏိုင္မည့္ Mask မ်ားကိုမျဖစ္မေနဝတ္ဆင္ရန္ လိုအပ္ေၾကာင္း EHS Myanmar က ဆိုထားသည္။

Picture

Shwe Scorpion

17/02/2025 18:36

လေထုညစ်ညမ်းတာကိုမပြောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ဘာတို့ ဝန်ကြီးဌာနက လူတွေဘာအလုပ်မှ မလုပ်ကြတာ။ ရပ်ကွက်ထဲမှာ နံနက် ညနေ နေ့တိုင်း သစ်ရွက်ခြောက်တွေ မီးရှို့နေတာ ၊ ထွက်လာတဲ့ မီးခိုးငွေ့တွေ လူကို ဘယ်လောက် အန္တရယ် ပေးလဲ ဒါတွေကို ဝန်ကြီးဌာန တွေကပညာပေးရမှန်းလဲ မသိဘူး ။ အိမ်နီးချင်းနိုင်ငံမှာ အဲဒီလို open burning လို့ခေါ်တဲ့ ပတ်ဝန်းကျင် လေထု ညစ်ညမ်းအောင် ရှို့ရင် ဖမ်းပြီးထောင်ဒဏ် ငွေဒဏ် ချပါတယ် ။ ဝန်ကြီးဌာန က တာဝန်ရှိတဲ့ လူကြီးများ အမြင်ကျယ်ကြပါ ။ တခြားနိုင်ငံတွေကို လေ့လာ အတုယူပါ။

Related news

© 2021. All rights reserved.