2PM အဖွဲ့ဝင်တေးယန်းက ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း အေဂျင်စီပြော

 69

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၆

တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ 2PM ရဲ့အဖွဲ့ဝင် တေးယန်းဟာ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်မတောင်းရသေးပါဘူးလို့ သူ့ရဲ့အေဂျင်စီက ဖြေရှင်းလာပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်က တေးယန်းနဲ့ ချစ်သူကောင်မလေးရဲ့လက်ထပ်ခွင့်တောင်းတယ်လို့ ယူဆရတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ တေးယန်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ အီဖယ် မျှော်စင်ရှေ့မှာ လက်စွပ်နဲ့အတူ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ယူဆရပါတယ်။
ဒါပေမယ့် အဲဒီပုံတွေဟာ ယမန်နှစ်က ရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်ပြီး ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦးက သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ အခုမှ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုပြန်ဖျက်ခဲ့ပေမယ့် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကို တေးယန်းရဲ့အေဂျင်စီ 51K က“ဒီဓာတ်ပုံတွေဟာ လက်ထပ်ခွင့်တောင်းတဲ့ပုံတွေ မဟုတ်ပါဘူး။ မနှစ်က သူ့ချစ်သူရဲ့မွေးနေ့မှာ ရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်တယ်" လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး အေဂျင်စီက "တေးယန်းဟာ ချစ်သူနဲ့ဆက်ဆံရေးကောင်းမွန်စွာနဲ့ ဆက်ရှိနေတာကြောင့် တစ်ချိန်ကျရင် လက်ထပ်တဲ့သတင်းကို ကြားရမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လက်ထပ်ဖို့ အစီအစဉ်မရှိပါဘူး" လို့ ထပ်လောင်းပြောကြခဲ့ပါတယ်။
တေးယန်းဟာ “Dream High” ဇာတ်ကားနဲ့လည်း လူသိများခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Zawgyi Version:
2PM အဖြဲ႕ဝင္ေတးယန္းက ခ်စ္သူမိန္းကေလးကို လက္ထပ္ခြင့္ေတာင္းခဲ့တယ္ဆိုတာ မဟုတ္မွန္ေၾကာင္း ေအဂ်င္စီေျပာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၆

ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ 2PM ရဲ႕အဖြဲ႕ဝင္ ေတးယန္းဟာ ခ်စ္သူမိန္းကေလးကို လက္ထပ္ခြင့္မေတာင္းရေသးပါဘူးလို႔ သူ႔ရဲ႕ေအဂ်င္စီက ေျဖရွင္းလာပါတယ္။
ေဖေဖာ္ဝါရီလ ၅ ရက္က ေတးယန္းနဲ႔ ခ်စ္သူေကာင္မေလးရဲ႕လက္ထပ္ခြင့္ေတာင္းတယ္လို႔ ယူဆရတဲ့ ဓာတ္ပုံေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ ဓာတ္ပုံေတြထဲမွာ ေတးယန္းက ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ရွိ အီဖယ္ ေမွ်ာ္စင္ေရွ႕မွာ လက္စြပ္နဲ႔အတူ ခ်စ္သူမိန္းကေလးကို လက္ထပ္ခြင့္ေတာင္းခဲ့တယ္လို႔ ယူဆရပါတယ္။
ဒါေပမယ့္ အဲဒီပုံေတြဟာ ယမန္ႏွစ္က ႐ိုက္ကူးခဲ့တဲ့ပုံေတြျဖစ္ၿပီး ဓာတ္ပုံကို ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံဆရာတစ္ဦးက သူ႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္မွာ အခုမွ ဆိုရွယ္မီဒီယာမွာ တင္ခဲ့တာျဖစ္ပါတယ္။ ဓာတ္ပုံေတြကိုျပန္ဖ်က္ခဲ့ေပမယ့္ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဒါကို ေတးယန္းရဲ႕ေအဂ်င္စီ 51K က“ဒီဓာတ္ပုံေတြဟာ လက္ထပ္ခြင့္ေတာင္းတဲ့ပုံေတြ မဟုတ္ပါဘူး။ မႏွစ္က သူ႔ခ်စ္သူရဲ႕ေမြးေန႔မွာ ႐ိုက္ကူးခဲ့တဲ့ပုံေတြျဖစ္တယ္" လို႔ ျပန္လည္ရွင္းျပခဲ့ပါတယ္။

ဆက္လက္ၿပီး ေအဂ်င္စီက "ေတးယန္းဟာ ခ်စ္သူနဲ႔ဆက္ဆံေရးေကာင္းမြန္စြာနဲ႔ ဆက္ရွိေနတာေၾကာင့္ တစ္ခ်ိန္က်ရင္ လက္ထပ္တဲ့သတင္းကို ၾကားရမယ္လို႔ ယုံၾကည္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ လက္ထပ္ဖို႔ အစီအစဥ္မရွိပါဘူး" လို႔ ထပ္ေလာင္းေျပာၾကခဲ့ပါတယ္။
ေတးယန္းဟာ “Dream High” ဇာတ္ကားနဲ႔လည္း လူသိမ်ားခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.