ရုရှားနဲ့ မဟာမိတ်ဆက်ဆံရေးတိုးမြှင့်ပြီး နိုင်ငံကို အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းတဲ့ ဘီလာရုစ် သမ္မတ “လူကာရှန်ကို”

 186

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဘီလာရုစ်နိုင်ငံမှာ ဇန်နဝါရီ(၂၆)ရက်က သမ္မတရွေးကောက်ပွဲကျင်းပခဲ့ရာ လက်ရှိသမ္မတ လူကာရှန်ကို အနိုင်ရသွားခဲ့ပါတယ်။ လူကာရှန်ကိုဟာ ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရသွားတဲ့ အတွက် ဘီလာရုစ်နိုင်ငံ သမ္မတအဖြစ် နှစ်ပေါင်း(၃၀)အထိ ဆက်လက်တာဝန်ယူခွင့်ရတော့မှာဖြစ်ပါတယ်။ လူကာရှန်ကိုဟာ ဘီလာရုစ်နိုင်ငံ ကိုယ်ပိုင်နိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ (၁၉၉၄)ခုနှစ်နောက်ပိုင်းတည်းက ဘီလာရုစ် နိုင်ငံသမ္မတအဖြစ် လက်ရှိအချိန်အထိတာဝန်ယူခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံဟာ နိုင်ငံလွတ်လပ် ရေးရခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပေမယ့် (၂၀၂၀)ပြည့်နှစ်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ကာ အနိုင်ရအောင်ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဘီလာရုစ်သမ္မတနဲ့ အနောက်အုပ်စုနိုင်ငံတွေကြား ဆက်ဆံရေးအေးစက်ခဲ့ပါတယ်။
ဇန်နဝါရီ (၂၆) ရက်က ကျင်းပခဲ့တဲ့ ဘီလာရုစ်သမ္မတ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံ တွေက ဝေဖန်ပြစ်တင်ခဲ့ပြီး ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲအဖြစ် ရှုတ်ချခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လူကာရှန်ကိုဟာ မဲပေးခွင့် ရှိသူအားလုံးရဲ့ထောက်ခံမဲ (၈၇)ရာခိုင်နှုန်း နီးပါးရရှိခဲ့ပြီး တခြားပြိုင်ဘက်တွေဟာ ထောက်ခံမဲ (၅) ရာခိုင်နှုန်းနဲ့အထက် ရရှိခဲ့တာမျိုးမရှိပါဘူး။ လူ ကာရှန်ကိုဟာ အမေရိကန်ဦးဆောင်တဲ့ အနောက် အုပ်စုနိုင်ငံတွေနဲ့ဆက်ဆံရေးအေးစက်ခဲ့ပေမယ့် အိမ်နီးချင်း ရုရှားနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကို တည် ဆောက်နိုင်ခဲ့ပါတယ်။ လူကာရှန်ကိုဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ရုရှားနိုင်ငံနဲ့ (၁၉၉၉) ခုနှစ်မှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စတင်နိုင်ခဲ့ပြီး ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာ ချိန်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမို ကောင်းမွန်လာခဲ့ပါတယ်။ လူကာရှန်ကိုဟာ ဥရောပတိုက်ရှိ နိုင်ငံတွေထဲမှာ နိုင်ငံကို နှစ်ပေါင်းများစွာကြာ အုပ်ချုပ်နိုင်ခဲ့တဲ့ ဝန်ကြီးချုပ်၊ သမ္မတတွေထဲ ပါဝင်နေသူဖြစ်ပါတယ်။
နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်လာတာနဲ့အမျှ အမေရိကန်နိုင်ငံရဲ့ဥရောပတိုက်အတွင်း စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်နိုင်အောင် လုံခြုံရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ရာ ရုရှားက ဘီလာရုစ်နိုင်ငံအတွင်း အသံထက်မြန်တဲ့ဒုံးကျည်တွေကို ဖြန့်ကြက်ချထားဖို့ သဘောတူညီခဲ့ပါတယ်။ လူဦးရေ (၁၀)သန်းနီးပါးသာရှိတဲ့ ဘီလာရုစ်နိုင်ငံမှာ လူကာရှန်ကိုဟာ အတိုက်အခံအုပ်စုတွေကို ဖိနှိပ်တာတွေလုပ်ဆောင်ခဲ့ရာ ပြည်ပြေးနိုင်ငံရေးသမားတွေရှိနေခဲ့ပါတယ်။ လူကာရှန်ကို ကို (၁၉၅၄)ခုနှစ် ဩဂုတ်လမှာမွေးဖွားခဲ့ပြီး ငယ်စဉ်တုန်းက Alexandria စာသင်ကျောင်းမှာတက်ရောက်ခဲ့ဖူးကာ Mogilev State A. Kuleshov တက္ကသိုလ်က ဘွဲ့ရရှိခဲ့သလို (၁၉၈၅) ခုနှစ်မှာ စိုက်ပျိုးရေး တက္ကသိုလ်က နေ ဒီပလိုမာဘွဲ့ရရှိခဲ့ဖူးပါတယ်။ လူကာရှန်ကိုဟာ ဘွဲ့ရရှိခဲ့ပြီးနောက် စစ်ထဲဝင်ရောက်ခဲ့ပြီး ဆိုဗီယက် နယ်ခြား စောင့်တပ်ဖွဲ့မှာ (၁၉၇၅)ခုနှစ်က (၁၉၇၇)ခုနှစ်အထိတာဝန်ယူခဲ့ဖူးသလို ဆိုဗီယက် စစ်တပ်မှာ (၁၉၈၀) ပြည့်နှစ် ကနေ (၁၉၈၂)ခုနှစ်အထိတာဝန်ယူခဲ့ဖူးပါတယ်။ လူကာရှန်ကိုဟာ ဆိုဗီယက်စစ်တပ် မှာ တာဝန်ထမ်းဆောင်နေ ချိန်အတွင်း ဆိုဗီယက်စစ်တပ်ရဲ့နိုင်ငံရေးဆိုင်ရာအရာရှိအဖြစ်လည်း တာဝန် ယူခဲ့ဖူးသူဖြစ်ပါတယ်။ လူကာရှန်ကို ဟာ ဆိုဗီယက်စစ်တပ်ကထွက်ခွာခဲ့ပြီးနောက် လယ်သမားအဖွဲ့အစည်းကို ထပ်မံဝင်ရောက်ခဲ့ပြီး (၁၉၈၈)ခုနှစ်မှာ Gorodets ပြည်နယ် လယ်သမားအစည်းအရုံးရဲ့ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
(၁၉၉၀) ပြည့်နှစ်မှာတော့ ဘီလာရုစ်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဒုတိယအကြီးအကဲအဖြစ်ခန့်အပ်ခံရပြီး (၁၉၉၃)ခုနှစ်မှာတော့ ဘီလာရုစ်လွှတ် တော်ရဲ့အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကော်မတီရဲ့ အကြီးအကဲ အဖြစ် ခန့်အပ်ခံရပါတယ်။ ၄င်းဟာ ဘီလာရုစ်လွှတ်တော်ရဲ အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေးကော်မတီရဲ့ အကြီးအကဲ အဖြစ်တာဝန်ယူချိန်အတွင်း ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်နဲ့သမ္မတအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူ (၇၀)ဦး ကို ကိုယ်ကျိုးစီးပွားရည်ရွယ်ချက်နဲ့ နိုင်ငံ တော်ဘဏ္ဍာအလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲဝေဖန် ခဲ့ပြီး လူထုထောက်ခံမှုအများအပြား ရရှိခဲ့ပါတယ်။ ဘီလာရုစ်လွှတ်တော်အတွင်း သမ္မတကို အကျင့်ပျက် လာဘ်စားမှုနဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းကာ ရာထူးကဖြုတ်ချခဲ့ပြီးနောက် လူကာရှန်ကိုဟာ ဘီလာရုစ် နိုင်ငံသမ္မတအဖြစ် (၁၉၉၄)ခုနှစ်ကနေ လက်ရှိအချိန်အထိ တာဝန်ယူနေခဲ့သူဖြစ်ပါတယ်။ လူကာရှန်ကိုဟာ သမ္မတအဖြစ်တာဝန်ယူ ခဲ့ပြီးနောက် အစောပိုင်းကာလတွေမှာ ရွေးကောက်ပွဲတွေကို ပွင့် လင်းမြင်သာစွာနဲ့ ဒီမိုကရက်တစ်နည်းကျ ကျင်းပခဲ့ပေမယ့် (၁၉၉၉)ခုနှစ်နောက်ပိုင်းမှာ ပြိုင်ဘက် တွေကို ဖိနှိပ်တာတွေလုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရအောင်ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ လူကာရှန်ကိုဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဆိုဗီယက်နိုင်ငံစတိုင်အတိုင်း ကျင့်သုံးလုပ်ဆောင်ခဲ့ပြီး ပြည်သူအများစု အားပေးထောက်ခံမှုရရှိအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လူကာရှန်ကိုဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တွေကို ပြင်ဆင်ပြောင်းလဲကာ အဓိက အရေးပါတဲ့အဖွဲ့အစည်းတွေရဲ့လုပ်ပိုင်ခွင့်အားလုံးကို ရရှိအောင် ကြိုးပမ်း လာခဲ့ပါတယ်။ လူကာရှန်ကိုဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက် နိုင်ငံငွေကြေးတန်ဖိုးကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းခဲ့ပေမယ့် အနောက်အုပ်စုနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေအပြင် စီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေ၊ အကျင့်ပျက် လာဘ်စားမှုတွေကြောင့် ဘီလာရုစ်နိုင်ငံဟာ အဆင်းရဲဆုံး ကမ္ဘာ့နိုင်ငံ တွေစာရင်းမှာ ကမ္ဘာ့အဆင့် (၁၁၅) မှာ ရပ်တည်နေတယ်လို့ (၂၀၂၄)ခုနှစ်အတွက်ထုတ်ပြန်ခဲ့ဖူးတဲ့ Global Finance မဂ္ဂဇင်းက သုံးသပ်ဖော် ပြခဲ့ဖူးပါတယ်။ လူကာရှန်ကိုဟာ နိုင်ငံငွေကြေးကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့အတွက် အမေရိကန်ဒေါ်လာ၊ ရုရှား ရူဘယ်လ်စတဲ့ နိုင်ငံခြားငွေကြေးတွေနဲ့ နှိုင်းယှဉ်နိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် နိုင်ငံအတွင်း ငွေကြေး ဖောင်းပွမှုနှုန်းက မြင့်တက်နေဆဲဖြစ်ပါတယ်။ လူကာရှန်ကိုဟာ သမ္မတအဖြစ်တာဝန်ယူချိန် ကာလအတွင်း တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး ရုရှားနိုင်ငံထံကနေ အကူ ညီတွေအများအပြားရယူခဲ့ ရပါတယ်။ လူကာရှန်ကိုဟာ ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးသူဖြစ်ရာ ရုရှားနဲ့ ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ကြား အငြင်းပွားမှုဖြစ်ပွားချိန်မှာ ကြားဝင်ကူညီပေးခဲ့ဖူးရာ ချီးကျူးစရာဖြစ်ခဲ့ရပါ တယ်။ လူကာရှန်ကိုဟာ ရုရှားနဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် အဓိက ထားတည်ဆောက်ခဲ့ရာ ရုရှား ကလည်း အိမ်နီးချင်း ဘီလာရုစ်နိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်တာ မျိုးမရှိအောင် စစ်ရေးက အစ အစစအရာရာ ကူညီပေးခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ရုရှားနဲ့ ဘီလာရုစ် နိုင်ငံကြားချုပ်ဆိုထားတဲ့ စာချုပ်တွေထဲမှာ ဘီလာရုစ် နိုင်ငံအတိုက်ခံရမယ်ဆိုရင် ရုရှားနိုင်ငံက ပါဝင်ကူညီ ပေးမယ်ဆိုတဲ့စာချုပ် တွေကိုလည်း ချုပ်ဆိုထားနိုင်ခဲ့ ပါတယ်။ ရုရှားနဲ့ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီး နောက်ပိုင်း လူကာရှန်ကိုဟာ ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရဘဲ ဘီလာရုစ်နဲ့ ယူကရိန်းနိုင်ငံ ကြားမှာလည်း စစ်ရေးတင်းမာမှုတွေရှိ နေခဲ့ပါတယ်။ လူကာရှန်ကိုဟာ ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပေမယ့်တခြားတစ်ဖက်မှာ ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးအေးစက်ခဲ့ပါ တယ်။ ဥရောပသမဂ္ဂအဖွဲ့ဟာ လူကာရှန်ကိုကို အာဏာရှင်လက်သစ်အဖြစ် ဝေဖန်ပြစ်တင်ကာ စီးပွား ရေးပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဥရောပသမဂ္ဂဟာ လူကာရှန်ကိုကိုစည်းရုံးပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ဖို့ စေ့စပ် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ လူကာရှန်ကို လက်ထက်မှာ မြန်မာနိုင်ငံနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေခဲ့ပြီး ဘီလာရုစ် စီးပွားရေးလုပ် ငန်းရှင်တွေဟာ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆွေးနွေးတာတွေလည်း ရှိနေခဲ့ပါတယ်။ လူကာ ရှန်ကိုဟာ အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေး မျှော်လင့် သလောက်မကောင်းခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ ဆက် ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခဲ့ရာ တရုတ်နိုင်ငံ ထံကနေ ချေးငွေတွေရယူခဲ့ဖူးပါတယ်။ လူကာရှန် ကို လက်ထက်မှာ ဘီလာရုစ်နိုင်ငံဟာ တရုတ်နိုင်ငံထံက နေ လေ့လာသင်ယူဖို့၊ တရုတ်နိုင်ငံကို နားလည် ဖို့ ကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ချဉ်းကပ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူကာရှန်ကိုဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်ခြင်းကို ခံ ရပေမယ့် ကမ္ဘာ့နိုင်ငံအချို့ကခေါင်းဆောင်တွေရဲ့ ချီးကျူးခြင်းကိုရရှိခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်က ဘီလာရုစ်နိုင်ငံနဲ့ သမ္မတ လူကာရှန် ကို တို့ဟာ ၎င်းတို့အားကျအတုယူရမယ့်နိုင်ငံအဖြစ် ချီး ကျူးပြောဆိုခဲ့ဖူးပါတယ်။ ဘီလာရုစ်ဟာ အ နောက်အုပ်စုနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးမရှိပေမယ့် လက်တင်အမေရိကနိုင်ငံတွေနဲ့ ကုန် သွယ်ရေးကောင်းမွန်အောင် တည်ဆောက်ထားနိုင်ရာ နိုင် ငံ့စီးပွားရေးကို အတိုင်းအတာတစ်ရပ်အထိ ကောင်းမွန်အောင်ဖန်တီးနိုင်ခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိ ကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံနဲ့ ရင်းနှီးတဲ့ ဘီလာရုစ်နိုင်ငံနဲ့ ခေါင်းဆောင် တွေကိုလည်း ပိတ်ဆို့မှုချမှတ်ခဲ့ပေမယ့် ဘီလာရုစ်နိုင်ငံဟာ နိုင်ငံ့စီးပွားရေး မပြိုလဲဘဲ တောင့်ခံနိုင် အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံကို အနောက်အုပ်စုနိုင်ငံတွေအပြင် ဩစတြးလျနိုင်ငံ၊ ဂျပန် နဲ့ နယူးဇီလန်နိုင်ငံတို့လည်း အမည်ပျက်စာရင်း သွင်းခြင်း၊ ပိတ်ဆို့မှုချမှတ်ခြင်းတွေလုပ်ဆောင်ထားရာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။ ဒါပေမဲ့ လူကာရှန်ကိုဟာ ရုရှားနဲ့ တရုတ် နိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ စီးပွားရေး၊ စစ်ရေးအဖွဲ့အစည်းများမှာ ပူးပေါင်းပါဝင်ပြီး အကူအညီတွေ ရယူနိုင်ဖို့ ကြိုးပမ်းနိုင်ခဲ့ရာ နိုင်ငံ့စီးပွားရေး ကောင်းမွန်နေဆဲဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဘီလာရုစ်သမ္မတ လူကာရှန်ကိုဟာ အနောက်အုပ်စုနိုင်ငံ တွေရဲ့ ပိတ်ဆို့မှုတွေကို နှစ်ပေါင်းများစွာကြာ ရင်ဆိုင်ခဲ့ရပေမယ့် နိုင်ငံပြိုလဲမှုမဖြစ်အောင် အကောင်းဆုံးပုံစံမျိုးနဲ့ တုံ့ပြန်နိုင်တဲ့ခေါင်း ဆောင်အဖြစ် သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ မဟာမိတ္ဆက္ဆံေရးတိုးျမႇင့္ၿပီး ႏိုင္ငံကို အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးပမ္းတဲ့ ဘီလာ႐ုစ္ သမၼတ “လူကာရွန္ကို”
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၆

ျမန္မာႏိုင္ငံနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့ ဘီလာ႐ုစ္ႏိုင္ငံမွာ ဇန္နဝါရီ(၂၆)ရက္က သမၼတေ႐ြးေကာက္ပြဲက်င္းပခဲ့ရာ လက္ရွိသမၼတ လူကာရွန္ကို အႏိုင္ရသြားခဲ့ပါတယ္။ လူကာရွန္ကိုဟာ ေ႐ြးေကာက္ပြဲမွာ ထပ္မံအႏိုင္ရသြားတဲ့ အတြက္ ဘီလာ႐ုစ္ႏိုင္ငံ သမၼတအျဖစ္ ႏွစ္ေပါင္း(၃၀)အထိ ဆက္လက္တာဝန္ယူခြင့္ရေတာ့မွာျဖစ္ပါတယ္။ လူကာရွန္ကိုဟာ ဘီလာ႐ုစ္ႏိုင္ငံ ကိုယ္ပိုင္ႏိုင္ငံအျဖစ္ ရပ္တည္ခဲ့တဲ့ (၁၉၉၄)ခုႏွစ္ေနာက္ပိုင္းတည္းက ဘီလာ႐ုစ္ ႏိုင္ငံသမၼတအျဖစ္ လက္ရွိအခ်ိန္အထိတာဝန္ယူခြင့္ရခဲ့သူလည္း ျဖစ္ပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံဟာ ႏိုင္ငံလြတ္လပ္ ေရးရခဲ့ၿပီးေနာက္ပိုင္း အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့ေပမယ့္ (၂၀၂၀)ျပည့္ႏွစ္က က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈလုပ္ကာ အႏိုင္ရေအာင္ႀကိဳးပမ္းတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ ဘီလာ႐ုစ္သမၼတနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြၾကား ဆက္ဆံေရးေအးစက္ခဲ့ပါတယ္။
ဇန္နဝါရီ (၂၆) ရက္က က်င္းပခဲ့တဲ့ ဘီလာ႐ုစ္သမၼတ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံ ေတြက ေဝဖန္ျပစ္တင္ခဲ့ၿပီး ရွက္ဖြယ္ေကာင္းတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ ရႈတ္ခ်ခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲမွာ လူကာရွန္ကိုဟာ မဲေပးခြင့္ ရွိသူအားလုံးရဲ႕ေထာက္ခံမဲ (၈၇)ရာခိုင္ႏႈန္း နီးပါးရရွိခဲ့ၿပီး တျခားၿပိဳင္ဘက္ေတြဟာ ေထာက္ခံမဲ (၅) ရာခိုင္ႏႈန္းနဲ႔အထက္ ရရွိခဲ့တာမ်ိဳးမရွိပါဘူး။ လူ ကာရွန္ကိုဟာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္ အုပ္စုႏိုင္ငံေတြနဲ႔ဆက္ဆံေရးေအးစက္ခဲ့ေပမယ့္ အိမ္နီးခ်င္း ႐ုရွားႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးကို တည္ ေဆာက္ႏိုင္ခဲ့ပါတယ္။ လူကာရွန္ကိုဟာ န်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္ထားတဲ့ ႐ုရွားႏိုင္ငံနဲ႔ (၁၉၉၉) ခုႏွစ္မွာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးကို စတင္ႏိုင္ခဲ့ၿပီး ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာ ခ်ိန္မွာ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးပိုမို ေကာင္းမြန္လာခဲ့ပါတယ္။ လူကာရွန္ကိုဟာ ဥေရာပတိုက္ရွိ ႏိုင္ငံေတြထဲမွာ ႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာၾကာ အုပ္ခ်ဳပ္ႏိုင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္၊ သမၼတေတြထဲ ပါဝင္ေနသူျဖစ္ပါတယ္။
ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးေကာင္းမြန္လာတာနဲ႔အမွ် အေမရိကန္ႏိုင္ငံရဲ႕ဥေရာပတိုက္အတြင္း စစ္ေရးခ်ဲ႕ထြင္မႈကို တုံ႔ျပန္ႏိုင္ေအာင္ လုံၿခဳံေရးစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ရာ ႐ုရွားက ဘီလာ႐ုစ္ႏိုင္ငံအတြင္း အသံထက္ျမန္တဲ့ဒုံးက်ည္ေတြကို ျဖန႔္ၾကက္ခ်ထားဖို႔ သေဘာတူညီခဲ့ပါတယ္။ လူဦးေရ (၁၀)သန္းနီးပါးသာရွိတဲ့ ဘီလာ႐ုစ္ႏိုင္ငံမွာ လူကာရွန္ကိုဟာ အတိုက္အခံအုပ္စုေတြကို ဖိႏွိပ္တာေတြလုပ္ေဆာင္ခဲ့ရာ ျပည္ေျပးႏိုင္ငံေရးသမားေတြရွိေနခဲ့ပါတယ္။ လူကာရွန္ကို ကို (၁၉၅၄)ခုႏွစ္ ဩဂုတ္လမွာေမြးဖြားခဲ့ၿပီး ငယ္စဥ္တုန္းက Alexandria စာသင္ေက်ာင္းမွာတက္ေရာက္ခဲ့ဖူးကာ Mogilev State A. Kuleshov တကၠသိုလ္က ဘြဲ႕ရရွိခဲ့သလို (၁၉၈၅) ခုႏွစ္မွာ စိုက္ပ်ိဳးေရး တကၠသိုလ္က ေန ဒီပလိုမာဘြဲ႕ရရွိခဲ့ဖူးပါတယ္။ လူကာရွန္ကိုဟာ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ စစ္ထဲဝင္ေရာက္ခဲ့ၿပီး ဆိုဗီယက္ နယ္ျခား ေစာင့္တပ္ဖြဲ႕မွာ (၁၉၇၅)ခုႏွစ္က (၁၉၇၇)ခုႏွစ္အထိတာဝန္ယူခဲ့ဖူးသလို ဆိုဗီယက္ စစ္တပ္မွာ (၁၉၈၀) ျပည့္ႏွစ္ ကေန (၁၉၈၂)ခုႏွစ္အထိတာဝန္ယူခဲ့ဖူးပါတယ္။ လူကာရွန္ကိုဟာ ဆိုဗီယက္စစ္တပ္ မွာ တာဝန္ထမ္းေဆာင္ေန ခ်ိန္အတြင္း ဆိုဗီယက္စစ္တပ္ရဲ႕ႏိုင္ငံေရးဆိုင္ရာအရာရွိအျဖစ္လည္း တာဝန္ ယူခဲ့ဖူးသူျဖစ္ပါတယ္။ လူကာရွန္ကို ဟာ ဆိုဗီယက္စစ္တပ္ကထြက္ခြာခဲ့ၿပီးေနာက္ လယ္သမားအဖြဲ႕အစည္းကို ထပ္မံဝင္ေရာက္ခဲ့ၿပီး (၁၉၈၈)ခုႏွစ္မွာ Gorodets ျပည္နယ္ လယ္သမားအစည္းအ႐ုံးရဲ႕ ဒါ႐ိုက္တာအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။
(၁၉၉၀) ျပည့္ႏွစ္မွာေတာ့ ဘီလာ႐ုစ္ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရဲ႕ဒုတိယအႀကီးအကဲအျဖစ္ခန႔္အပ္ခံရၿပီး (၁၉၉၃)ခုႏွစ္မွာေတာ့ ဘီလာ႐ုစ္လႊတ္ ေတာ္ရဲ႕အက်င့္ပ်က္လာဘ္စားမႈတိုက္ဖ်က္ေရးေကာ္မတီရဲ႕ အႀကီးအကဲ အျဖစ္ ခန႔္အပ္ခံရပါတယ္။ ၄င္းဟာ ဘီလာ႐ုစ္လႊတ္ေတာ္ရဲ အက်င့္ပ်က္ လာဘ္စားမႈတိုက္ဖ်က္ေရးေကာ္မတီရဲ႕ အႀကီးအကဲ အျဖစ္တာဝန္ယူခ်ိန္အတြင္း ဘီလာ႐ုစ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္နဲ႔သမၼတအပါအဝင္ အစိုးရအဖြဲ႕တာဝန္ရွိသူ (၇၀)ဦး ကို ကိုယ္က်ိဳးစီးပြားရည္႐ြယ္ခ်က္နဲ႔ ႏိုင္ငံ ေတာ္ဘ႑ာအလြဲသုံးစားလုပ္ခဲ့တယ္လို႔ စြပ္စြဲေဝဖန္ ခဲ့ၿပီး လူထုေထာက္ခံမႈအမ်ားအျပား ရရွိခဲ့ပါတယ္။ ဘီလာ႐ုစ္လႊတ္ေတာ္အတြင္း သမၼတကို အက်င့္ပ်က္ လာဘ္စားမႈနဲ႔ အယုံအၾကည္မရွိ အဆိုတင္သြင္းကာ ရာထူးကျဖဳတ္ခ်ခဲ့ၿပီးေနာက္ လူကာရွန္ကိုဟာ ဘီလာ႐ုစ္ ႏိုင္ငံသမၼတအျဖစ္ (၁၉၉၄)ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ တာဝန္ယူေနခဲ့သူျဖစ္ပါတယ္။ လူကာရွန္ကိုဟာ သမၼတအျဖစ္တာဝန္ယူ ခဲ့ၿပီးေနာက္ အေစာပိုင္းကာလေတြမွာ ေ႐ြးေကာက္ပြဲေတြကို ပြင့္ လင္းျမင္သာစြာနဲ႔ ဒီမိုကရက္တစ္နည္းက် က်င္းပခဲ့ေပမယ့္ (၁၉၉၉)ခုႏွစ္ေနာက္ပိုင္းမွာ ၿပိဳင္ဘက္ ေတြကို ဖိႏွိပ္တာေတြလုပ္ေဆာင္ခဲ့ၿပီး ေ႐ြးေကာက္ပြဲ အႏိုင္ရေအာင္ႀကိဳးပမ္းခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။ လူကာရွန္ကိုဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ဆိုဗီယက္ႏိုင္ငံစတိုင္အတိုင္း က်င့္သုံးလုပ္ေဆာင္ခဲ့ၿပီး ျပည္သူအမ်ားစု အားေပးေထာက္ခံမႈရရွိေအာင္ လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။ လူကာရွန္ကိုဟာ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒ ေတြကို ျပင္ဆင္ေျပာင္းလဲကာ အဓိက အေရးပါတဲ့အဖြဲ႕အစည္းေတြရဲ႕လုပ္ပိုင္ခြင့္အားလုံးကို ရရွိေအာင္ ႀကိဳးပမ္း လာခဲ့ပါတယ္။ လူကာရွန္ကိုဟာ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ႏိုင္ငံေငြေၾကးတန္ဖိုးကို ပိုမိုေကာင္းမြန္ေအာင္ ႀကိဳးပမ္းခဲ့ေပမယ့္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ပိတ္ဆို႔မႈေတြအျပင္ စီးပြားေရးစီမံခန႔္ခြဲမႈအလြဲေတြ၊ အက်င့္ပ်က္ လာဘ္စားမႈေတြေၾကာင့္ ဘီလာ႐ုစ္ႏိုင္ငံဟာ အဆင္းရဲဆုံး ကမာၻ႔ႏိုင္ငံ ေတြစာရင္းမွာ ကမာၻ႔အဆင့္ (၁၁၅) မွာ ရပ္တည္ေနတယ္လို႔ (၂၀၂၄)ခုႏွစ္အတြက္ထုတ္ျပန္ခဲ့ဖူးတဲ့ Global Finance မဂၢဇင္းက သုံးသပ္ေဖာ္ ျပခဲ့ဖူးပါတယ္။ လူကာရွန္ကိုဟာ ႏိုင္ငံေငြေၾကးကို တည္ၿငိမ္ေအာင္ထိန္းသိမ္းဖို႔အတြက္ အေမရိကန္ေဒၚလာ၊ ႐ုရွား ႐ူဘယ္လ္စတဲ့ ႏိုင္ငံျခားေငြေၾကးေတြနဲ႔ ႏႈိင္းယွဥ္ႏိုင္ေအာင္ႀကိဳးပမ္းခဲ့ေပမယ့္ ႏိုင္ငံအတြင္း ေငြေၾကး ေဖာင္းပြမႈႏႈန္းက ျမင့္တက္ေနဆဲျဖစ္ပါတယ္။ လူကာရွန္ကိုဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္ ကာလအတြင္း တ႐ုတ္ႏိုင္ငံ၊ ႐ုရွားႏိုင္ငံတို႔နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့ၿပီး ႐ုရွားႏိုင္ငံထံကေန အကူ ညီေတြအမ်ားအျပားရယူခဲ့ ရပါတယ္။ လူကာရွန္ကိုဟာ ႐ုရွားသမၼတ ပူတင္နဲ႔ ရင္းႏွီးသူျဖစ္ရာ ႐ုရွားနဲ႔ ဝဂၢနာ ေၾကးစားတပ္ဖြဲ႕ၾကား အျငင္းပြားမႈျဖစ္ပြားခ်ိန္မွာ ၾကားဝင္ကူညီေပးခဲ့ဖူးရာ ခ်ီးက်ဴးစရာျဖစ္ခဲ့ရပါ တယ္။ လူကာရွန္ကိုဟာ ႐ုရွားနဲ႔ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္ အဓိက ထားတည္ေဆာက္ခဲ့ရာ ႐ုရွား ကလည္း အိမ္နီးခ်င္း ဘီလာ႐ုစ္ႏိုင္ငံကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္တာ မ်ိဳးမရွိေအာင္ စစ္ေရးက အစ အစစအရာရာ ကူညီေပးခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္း ႐ုရွားနဲ႔ ဘီလာ႐ုစ္ ႏိုင္ငံၾကားခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြထဲမွာ ဘီလာ႐ုစ္ ႏိုင္ငံအတိုက္ခံရမယ္ဆိုရင္ ႐ုရွားႏိုင္ငံက ပါဝင္ကူညီ ေပးမယ္ဆိုတဲ့စာခ်ဳပ္ ေတြကိုလည္း ခ်ဳပ္ဆိုထားႏိုင္ခဲ့ ပါတယ္။ ႐ုရွားနဲ႔ယူကရိန္းႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း လူကာရွန္ကိုဟာ ၾကားဝင္ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရဘဲ ဘီလာ႐ုစ္နဲ႔ ယူကရိန္းႏိုင္ငံ ၾကားမွာလည္း စစ္ေရးတင္းမာမႈေတြရွိ ေနခဲ့ပါတယ္။ လူကာရွန္ကိုဟာ ႐ုရွားႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ႏိုင္ခဲ့ေပမယ့္တျခားတစ္ဖက္မွာ ဥေရာပသမဂၢနဲ႔ ဆက္ဆံေရးေအးစက္ခဲ့ပါ တယ္။ ဥေရာပသမဂၢအဖြဲ႕ဟာ လူကာရွန္ကိုကို အာဏာရွင္လက္သစ္အျဖစ္ ေဝဖန္ျပစ္တင္ကာ စီးပြား ေရးပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဥေရာပသမဂၢဟာ လူကာရွန္ကိုကိုစည္း႐ုံးၿပီး ႏိုင္ငံေရးနဲ႔စီးပြားေရး ျပဳျပင္ေျပာင္းလဲႏိုင္ဖို႔ ေစ့စပ္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ လူကာရွန္ကို လက္ထက္မွာ ျမန္မာႏိုင္ငံနဲ႔လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိေနခဲ့ၿပီး ဘီလာ႐ုစ္ စီးပြားေရးလုပ္ ငန္းရွင္ေတြဟာ ျမန္မာႏိုင္ငံကို လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ေဆြးေႏြးတာေတြလည္း ရွိေနခဲ့ပါတယ္။ လူကာ ရွန္ကိုဟာ အေမရိကန္ႏိုင္ငံနဲ႔ဆက္ဆံေရး ေမွ်ာ္လင့္ သေလာက္မေကာင္းခဲ့ေပမယ့္ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ ဆံေရးေကာင္းမြန္ေအာင္ ႀကိဳးပမ္းခဲ့ရာ တ႐ုတ္ႏိုင္ငံ ထံကေန ေခ်းေငြေတြရယူခဲ့ဖူးပါတယ္။ လူကာရွန္ ကို လက္ထက္မွာ ဘီလာ႐ုစ္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံထံက ေန ေလ့လာသင္ယူဖို႔၊ တ႐ုတ္ႏိုင္ငံကို နားလည္ ဖို႔ ေကာင္းမြန္တဲ့ ပုံစံမ်ိဳးနဲ႔ခ်ဥ္းကပ္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ လူကာရွန္ကိုဟာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ေဝဖန္ျပစ္တင္ျခင္းကို ခံ ရေပမယ့္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ကေခါင္းေဆာင္ေတြရဲ႕ ခ်ီးက်ဴးျခင္းကိုရရွိခဲ့ပါတယ္။ ဗင္နီဇြဲလားသမၼတ ဟူဂို ခ်ားဗက္စ္က ဘီလာ႐ုစ္ႏိုင္ငံနဲ႔ သမၼတ လူကာရွန္ ကို တို႔ဟာ ၎တို႔အားက်အတုယူရမယ့္ႏိုင္ငံအျဖစ္ ခ်ီး က်ဴးေျပာဆိုခဲ့ဖူးပါတယ္။ ဘီလာ႐ုစ္ဟာ အ ေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳးမရွိေပမယ့္ လက္တင္အေမရိကႏိုင္ငံေတြနဲ႔ ကုန္ သြယ္ေရးေကာင္းမြန္ေအာင္ တည္ေဆာက္ထားႏိုင္ရာ ႏိုင္ ငံ့စီးပြားေရးကို အတိုင္းအတာတစ္ရပ္အထိ ေကာင္းမြန္ေအာင္ဖန္တီးႏိုင္ခဲ့ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိ ကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံနဲ႔ ရင္းႏွီးတဲ့ ဘီလာ႐ုစ္ႏိုင္ငံနဲ႔ ေခါင္းေဆာင္ ေတြကိုလည္း ပိတ္ဆို႔မႈခ်မွတ္ခဲ့ေပမယ့္ ဘီလာ႐ုစ္ႏိုင္ငံဟာ ႏိုင္ငံ့စီးပြားေရး မၿပိဳလဲဘဲ ေတာင့္ခံႏိုင္ ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံကို အေနာက္အုပ္စုႏိုင္ငံေတြအျပင္ ဩစၾတးလ်ႏိုင္ငံ၊ ဂ်ပန္ နဲ႔ နယူးဇီလန္ႏိုင္ငံတို႔လည္း အမည္ပ်က္စာရင္း သြင္းျခင္း၊ ပိတ္ဆို႔မႈခ်မွတ္ျခင္းေတြလုပ္ေဆာင္ထားရာ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ဆိုး႐ြားလာခဲ့ပါတယ္။ ဒါေပမဲ့ လူကာရွန္ကိုဟာ ႐ုရွားနဲ႔ တ႐ုတ္ ႏိုင္ငံတို႔ ဦးေဆာင္ဖြဲ႕စည္းထားတဲ့ စီးပြားေရး၊ စစ္ေရးအဖြဲ႕အစည္းမ်ားမွာ ပူးေပါင္းပါဝင္ၿပီး အကူအညီေတြ ရယူႏိုင္ဖို႔ ႀကိဳးပမ္းႏိုင္ခဲ့ရာ ႏိုင္ငံ့စီးပြားေရး ေကာင္းမြန္ေနဆဲျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုဟာ အေနာက္အုပ္စုႏိုင္ငံ ေတြရဲ႕ ပိတ္ဆို႔မႈေတြကို ႏွစ္ေပါင္းမ်ားစြာၾကာ ရင္ဆိုင္ခဲ့ရေပမယ့္ ႏိုင္ငံၿပိဳလဲမႈမျဖစ္ေအာင္ အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ တုံ႔ျပန္ႏိုင္တဲ့ေခါင္းေဆာင္အျဖစ္ သတ္မွတ္ရမွာလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.