ဗြိတိန်အမျိုးသမီးက မာရသွန်ပြိုင်ပွဲကို ဝင်ရိုးစွန်း ဝက်ဝံဝတ်စုံဝတ်ဆင်ကာ ပြေးခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံချိန် ဝင်ခဲ့

 76

Pika (NP News) - ဖေဖော်ဝါရီ ၇

ဗြိတိန်အမျိုးသမီးတစ်ဦးသည် အလွန်အေးသောနော်ဝေးမာရသွန်ပြိုင်ပွဲတွင် ဝင်ရိုးစွန်း ဝက်ဝံ ဝတ်စုံကို ဝတ်ဆင်ကာ အချိန်(၄)နာရီ (၅၈)မိနစ် နှင့် (၂၉)စက္ကန့်ပြေးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုး ဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၅၄)နှစ်အရွယ် ဂေးလ်ပန့်သည် နော်ဝေးနိုင်ငံ ထရွန်ဆိုမြူ နီစီပယ် တွင်ကျင်းပသော မာရသွန် ပြိုင်ပွဲတွင် ဝင်ရိုးစွန်းဝက်ဝံ ဝတ်စုံကိုဝတ်ဆင်ကာ ပြေးခဲ့ပြီးနောက် ယခုလို ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ မာရသွန်ပြိုင်ပွဲသည် အပူချိန်(၁၄) ဒီဂရီသာရှိသော ညဘက်အချိန်တွင် တောင်တန်းများကြား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂေးလ်ပန့်သည် ဝင်ရိုးစွန်းဝက်ဝံဝတ်စုံဖြင့် ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပြီးနောက် နို့တိုက်သတ္တဝါတစ် ကောင်ဝတ်စုံဝတ်ဆင်ကာ ရေခဲမာရသွန်ပြိုင်ပွဲကို အမြန် ဆုံးပြေးနိုင်ခြင်း (အမျိုးသမီး) ဂင်းနစ်စံချိန်ကို ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ဂေးလ်ပန့်၏ မာရသွန်ပြိုင်ပွဲအနိုင်ရရှိမှုသည် ပရဟိတ Cancer Research U.K အဖွဲ့အစည်းအတွက် အမေရိကန်ဒေါ်လာ (၂၅၆၂၈)ဒေါ်လာရရှိခဲ့ပြီး နှစ်ပေါင်း များစွာအတွင်း အဆိုပါအဖွဲ့အစည်းအတွက် ၎င်းစုဆောင်းခဲ့သော စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၃၉) သန်း အထိရှိခဲ့ကြောင်း သိရသည်။
(၁၉၉၉)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော အသက်(၅၆)နှစ်အရွယ် ၎င်း၏ဖခင်ဖြစ်သူကို သတိရ သည့်အနေ ဖြင့် ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေရန် မာရသွန်အပြေးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဂေးလ်ပန့်ကပြော ကြားခဲ့သည်။ ဂေးလ်ပန့်က “ကျွန်မငယ်ရွယ်စဉ် အချိန်တုန်းက ဖခင်ဖြစ်သူကို သည်းခြေပြွန်ကင်ဆာနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းတည်းက CRUK ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေ ရှာဖွေရေးကို ကျွန်မလုပ်ဆောင်ခဲ့တာပါ။ CRUK ရဲ့လုပ်ငန်းတွေကို ပံ့ပိုးပေးဖို့အတွက် ကျွန်မလုပ်နိုင်သမျှအရာ အားလုံးကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောခဲ့သည်။

Zawgyi Version:
ၿဗိတိန္အမ်ိဳးသမီးက မာရသြန္ၿပိဳင္ပြဲကို ဝင္႐ိုးစြန္း ဝက္ဝံဝတ္စုံဝတ္ဆင္ကာ ေျပးခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ ဝင္ခဲ့
Pika (NP News) - ေဖေဖာ္ဝါရီ ၇

ၿဗိတိန္အမ်ိဳးသမီးတစ္ဦးသည္ အလြန္ေအးေသာေနာ္ေဝးမာရသြန္ၿပိဳင္ပြဲတြင္ ဝင္႐ိုးစြန္း ဝက္ဝံ ဝတ္စုံကို ဝတ္ဆင္ကာ အခ်ိန္(၄)နာရီ (၅၈)မိနစ္ ႏွင့္ (၂၉)စကၠန႔္ေျပးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳး ဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အသက္(၅၄)ႏွစ္အ႐ြယ္ ေဂးလ္ပန႔္သည္ ေနာ္ေဝးႏိုင္ငံ ထ႐ြန္ဆိုျမဴ နီစီပယ္ တြင္က်င္းပေသာ မာရသြန္ ၿပိဳင္ပြဲတြင္ ဝင္႐ိုးစြန္းဝက္ဝံ ဝတ္စုံကိုဝတ္ဆင္ကာ ေျပးခဲ့ၿပီးေနာက္ ယခုလို ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ မာရသြန္ၿပိဳင္ပြဲသည္ အပူခ်ိန္(၁၄) ဒီဂရီသာရွိေသာ ညဘက္အခ်ိန္တြင္ ေတာင္တန္းမ်ားၾကား က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဂးလ္ပန႔္သည္ ဝင္႐ိုးစြန္းဝက္ဝံဝတ္စုံျဖင့္ ပန္းတိုင္ကို ေအာင္ျမင္စြာ ေရာက္ရွိခဲ့ၿပီးေနာက္ ႏို႔တိုက္သတၱဝါတစ္ ေကာင္ဝတ္စုံဝတ္ဆင္ကာ ေရခဲမာရသြန္ၿပိဳင္ပြဲကို အျမန္ ဆုံးေျပးႏိုင္ျခင္း (အမ်ိဳးသမီး) ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဂးလ္ပန႔္၏ မာရသြန္ၿပိဳင္ပြဲအႏိုင္ရရွိမႈသည္ ပရဟိတ Cancer Research U.K အဖြဲ႕အစည္းအတြက္ အေမရိကန္ေဒၚလာ (၂၅၆၂၈)ေဒၚလာရရွိခဲ့ၿပီး ႏွစ္ေပါင္း မ်ားစြာအတြင္း အဆိုပါအဖြဲ႕အစည္းအတြက္ ၎စုေဆာင္းခဲ့ေသာ စုစုေပါင္းမွာ အေမရိကန္ေဒၚလာ (၂ ဒသမ ၃၉) သန္း အထိရွိခဲ့ေၾကာင္း သိရသည္။
(၁၉၉၉)ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ေသာ အသက္(၅၆)ႏွစ္အ႐ြယ္ ၎၏ဖခင္ျဖစ္သူကို သတိရ သည့္အေန ျဖင့္ ပရဟိတလုပ္ငန္းအတြက္ ရန္ပုံေငြရွာေဖြရန္ မာရသြန္အေျပးၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဂးလ္ပန႔္ကေျပာ ၾကားခဲ့သည္။ ေဂးလ္ပန႔္က “ကြၽန္မငယ္႐ြယ္စဥ္ အခ်ိန္တုန္းက ဖခင္ျဖစ္သူကို သည္းေျခႁပြန္ကင္ဆာနဲ႔ ဆုံးရႈံးခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္းတည္းက CRUK ပရဟိတအဖြဲ႕အစည္းအတြက္ ရန္ပုံေငြ ရွာေဖြေရးကို ကြၽန္မလုပ္ေဆာင္ခဲ့တာပါ။ CRUK ရဲ႕လုပ္ငန္းေတြကို ပံ့ပိုးေပးဖို႔အတြက္ ကြၽန္မလုပ္ႏိုင္သမွ်အရာ အားလုံးကို ဆက္လက္လုပ္ေဆာင္သြားမွာပါ” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.