ရွှေဈေးနှင့်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်သော်လည်း ရောင်း/ဝယ်သူ နည်းပါး

40

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီ ၈
တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုကြောင့် မြန်မာပြည်တွင်း ရွှေ နှင့် ဒေါ်လာဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေသော်လည်း အရောင်း/အဝယ်လုပ်သူ နည်းပါးနေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။
တရုတ်အမေရိကန်ကုန်သွယ်ရေး စစ်ပွဲအားပြိုင်မှုကြောင့် နိုင်ငံတကာဈေးကွက်တွင် ရွှေကိုဝယ်ယူ စုဆောင်းသူ များပြားလာခြင်းဖြစ်ပြီး စံချိန်တင်အဖြစ် ရွှေ တစ်အောင်စလျှင် ၂၈၇၄.၄၅ ဒေါ်လာအထိ ဖေဖော်ဝါရီ ၅ ရက်က မြင့်တက်ခဲ့သည်။
ပြည်တွင်းဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၅) သိန်းကျပ်အထိ မြင့်တက်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၄၄၅ဝ ကျပ် ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
“ရွှေဆိုင်တွေသာ ဖွင့်ထားတာ လာဝယ်တဲ့သူက မရှိသလောက် အရမ်းနည်းတယ်။ ၁၅ ပဲရည် ရွှေအကျိုးအပဲ့လေး တွေ လာရောင်းနေကြတာပဲ ရှိတယ်။ ခါတိုင်း ပွင့်လင်းရာသီလို မဟုတ်ဘူး” ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ရွှေဆိုင်များသာမက နယ်မြို့များမှ ရွှေဆိုင်များသည်လည်း အရောင်း/အဝယ် အေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိအချိန်သည် စပါးပေါ်ချိန်၊ ပဲပေါ်ချိန်ဖြစ်သော်လည်း နိုင်ငံတော်က သတ်မှတ်ထားသော ပို့ကုန်/သွင်းကုန် မူဝါဒများ နှင့် နိုင်ငံခြားသုံးငွေမူဝါဒကြောင့် ဈေးကွက်အေးစက်ကာ အခြေခံလူတန်းစားများ ငွေသုံးစွဲနိုင်မှု ကျဆင်း နေခြင်းဖြစ်သည်။
Zawgyi Version:
ေ႐ႊေဈးႏွင့္ေဒၚလာေဈး ဆက္တိုက္ျမင့္တက္ေသာ္လည္း ေရာင္း/ဝယ္သူ နည္းပါး
ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၈
တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးတင္းမာမႈေၾကာင့္ ျမန္မာျပည္တြင္း ေ႐ႊ ႏွင့္ ေဒၚလာေဈးကြက္အတြင္း ေဈးႏႈန္းမ်ားျမင့္တက္ေနေသာ္လည္း အေရာင္း/အဝယ္လုပ္သူ နည္းပါးေနေၾကာင္း ျပည္တြင္းေဈးကြက္အတြင္းမွ သိရသည္။
တ႐ုတ္အေမရိကန္ကုန္သြယ္ေရး စစ္ပြဲအားၿပိဳင္မႈေၾကာင့္ ႏိုင္ငံတကာေဈးကြက္တြင္ ေ႐ႊကိုဝယ္ယူ စုေဆာင္းသူ မ်ားျပားလာျခင္းျဖစ္ၿပီး စံခ်ိန္တင္အျဖစ္ ေ႐ႊ တစ္ေအာင္စလွ်င္ ၂၈၇၄.၄၅ ေဒၚလာအထိ ေဖေဖာ္ဝါရီ ၅ ရက္က ျမင့္တက္ခဲ့သည္။
ျပည္တြင္းေဈးကြက္အတြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၆၅) သိန္းက်ပ္အထိ ျမင့္တက္ခဲ့ၿပီး အေမရိကန္ တစ္ေဒၚလာလွ်င္ ၄၄၅ဝ က်ပ္ ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း သိရသည္။
“ေ႐ႊဆိုင္ေတြသာ ဖြင့္ထားတာ လာဝယ္တဲ့သူက မရွိသေလာက္ အရမ္းနည္းတယ္။ ၁၅ ပဲရည္ ေ႐ႊအက်ိဳးအပဲ့ေလး ေတြ လာေရာင္းေနၾကတာပဲ ရွိတယ္။ ခါတိုင္း ပြင့္လင္းရာသီလို မဟုတ္ဘူး” ဟု ရန္ကုန္ၿမိဳ႕ ေ႐ႊဘုံသာလမ္းရွိ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊဆိုင္မ်ားသာမက နယ္ၿမိဳ႕မ်ားမွ ေ႐ႊဆိုင္မ်ားသည္လည္း အေရာင္း/အဝယ္ ေအးေၾကာင္း ၎က ဆက္လက္ေျပာသည္။
လက္ရွိအခ်ိန္သည္ စပါးေပၚခ်ိန္၊ ပဲေပၚခ်ိန္ျဖစ္ေသာ္လည္း ႏိုင္ငံေတာ္က သတ္မွတ္ထားေသာ ပို႔ကုန္/သြင္းကုန္ မူဝါဒမ်ား ႏွင့္ ႏိုင္ငံျခားသုံးေငြမူဝါဒေၾကာင့္ ေဈးကြက္ေအးစက္ကာ အေျခခံလူတန္းစားမ်ား ေငြသုံးစြဲႏိုင္မႈ က်ဆင္း ေနျခင္းျဖစ္သည္။