တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုနှင့်အတူ ရွှေဈေးနှုန်းများ သမိုင်းဝင်စံချိန်တင်မြင့်တက်

 38

Pika (NP News) - ဖေဖော်ဝါရီ ၉

တရုတ်-အမေရိကန်ကုန်သွယ်ရေးတင်းမာမှုများရှိနေမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲ အတွက် စိုးရိမ်နေကြသော ရင်းနှီးမြှုပ်နှံသူများသည် ဘေးကင်းလုံခြုံသောပိုင်ဆိုင်မှုများကို ရှာဖွေနေကြသော ကြောင့် ဖေဖော်ဝါရီ လ(၄)ရက်တွင် ရွှေဈေးနှုန်းများသည် သမိုင်းဝင်စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ Spot gold ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂၈၅၅ ဒသမ ၃၂)ဒေါ်လာအထိ ရှိခဲ့ပြီး (ဝ ဒသမ ၅) ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရသည်။
US gold ရွှေဈေးနှုန်းသည်လည်း အမေရိကန်ဒေါ်လာ (၂၈၈၄ ဒသမ ၆)ဒေါ်လာ အထိရှိခဲ့ပြီး (ဝ ဒသမ ၃) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ ရွှေဈေးနှုန်းများ တိုးမြင့်လာရခြင်းအကြောင်းအရင်းမှာ အမေရိကန် နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း လေ့လာ သုံးသပ်သူများ က သုံးသပ်ပြောဆိုထားကြသည်။ ဖေဖော်ဝါရီလ(၄)ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ် သွင်းကုန်အားလုံးအပေါ် နောက်ထပ်(၁၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှု စတင်အသက်ဝင်ခဲ့ပြီးနောက် ရွှေဈေးနှုန်းများ မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန်စည်းကြပ်မှု (၁၅)ရာခိုင်နှုန်း၊ ရေနံစိမ်း၊ စိုက်ပျိုးရေးသုံး စက်ယန္တရားများ၊ ရွှေ့ပြောင်းနိုင်သောကားကြီးများနှင့် ပစ်ကပ်ထရပ်ကားများအပေါ် အခွန်စည်းကြပ်မှု(၁၀) ရာခိုင်နှုန်း အပါအဝင် အမေရိကန်၏သွင်းကုန်အချို့အပေါ် ကန့်သတ်ပိတ်ပင်မှုများဖြင့် တရုတ် ဘက်က တုံ့ပြန်မှုများသည် လာမည့်ဖေဖော်ဝါရီလ(၁၀)ရက် တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Google ကဲ့သို့သော ကုမ္ပဏီများအပေါ် အလားအလာရှိသော ပိတ်ဆို့အရေးယူမှုများကိုလည်း တရုတ်ဘက်က အချက်ပြခဲ့ကြောင်း သိရ သည်။ လက်ရှိဖြစ်ပွားနေသော အခြေအနေများ တည်ငြိမ်စေရန်အတွက် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် အစီအစဉ်များ မရှိသေးကြောင်းလည်း ဒေါ်နယ် ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးတင္းမာမႈႏွင့္အတူ ေ႐ႊေဈးႏႈန္းမ်ား သမိုင္းဝင္စံခ်ိန္တင္ျမင့္တက္
Pika (NP News) - ေဖေဖာ္ဝါရီ ၉

တ႐ုတ္-အေမရိကန္ကုန္သြယ္ေရးတင္းမာမႈမ်ားရွိေနမႈႏွင့္အတူ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရးစစ္ပြဲ အတြက္ စိုးရိမ္ေနၾကေသာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ေဘးကင္းလုံၿခဳံေသာပိုင္ဆိုင္မႈမ်ားကို ရွာေဖြေနၾကေသာ ေၾကာင့္ ေဖေဖာ္ဝါရီ လ(၄)ရက္တြင္ ေ႐ႊေဈးႏႈန္းမ်ားသည္ သမိုင္းဝင္စံခ်ိန္တင္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။ Spot gold ေ႐ႊေဈးႏႈန္းသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၂၈၅၅ ဒသမ ၃၂)ေဒၚလာအထိ ရွိခဲ့ၿပီး (ဝ ဒသမ ၅) ရာခိုင္ႏႈန္းတိုးလာခဲ့ေၾကာင္း သိရသည္။
US gold ေ႐ႊေဈးႏႈန္းသည္လည္း အေမရိကန္ေဒၚလာ (၂၈၈၄ ဒသမ ၆)ေဒၚလာ အထိရွိခဲ့ၿပီး (ဝ ဒသမ ၃) ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ ေ႐ႊေဈးႏႈန္းမ်ား တိုးျမင့္လာရျခင္းအေၾကာင္းအရင္းမွာ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ကုန္သြယ္ေရးတင္းမာမႈမ်ား တိုးျမင့္လာျခင္းေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေလ့လာ သုံးသပ္သူမ်ား က သုံးသပ္ေျပာဆိုထားၾကသည္။ ေဖေဖာ္ဝါရီလ(၄)ရက္တြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တ႐ုတ္ သြင္းကုန္အားလုံးအေပၚ ေနာက္ထပ္(၁၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈ စတင္အသက္ဝင္ခဲ့ၿပီးေနာက္ ေ႐ႊေဈးႏႈန္းမ်ား ျမင့္တက္ လာခဲ့ျခင္းျဖစ္သည္။
အေမရိကန္၏ ေက်ာက္မီးေသြးႏွင့္ သဘာဝဓာတ္ေငြ႕ရည္(LNG)အေပၚ အခြန္စည္းၾကပ္မႈ (၁၅)ရာခိုင္ႏႈန္း၊ ေရနံစိမ္း၊ စိုက္ပ်ိဳးေရးသုံး စက္ယႏၲရားမ်ား၊ ေ႐ႊ႕ေျပာင္းႏိုင္ေသာကားႀကီးမ်ားႏွင့္ ပစ္ကပ္ထရပ္ကားမ်ားအေပၚ အခြန္စည္းၾကပ္မႈ(၁၀) ရာခိုင္ႏႈန္း အပါအဝင္ အေမရိကန္၏သြင္းကုန္အခ်ိဳ႕အေပၚ ကန႔္သတ္ပိတ္ပင္မႈမ်ားျဖင့္ တ႐ုတ္ ဘက္က တုံ႔ျပန္မႈမ်ားသည္ လာမည့္ေဖေဖာ္ဝါရီလ(၁၀)ရက္ တြင္ စတင္အသက္ဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Google ကဲ့သို႔ေသာ ကုမၸဏီမ်ားအေပၚ အလားအလာရွိေသာ ပိတ္ဆို႔အေရးယူမႈမ်ားကိုလည္း တ႐ုတ္ဘက္က အခ်က္ျပခဲ့ေၾကာင္း သိရ သည္။ လက္ရွိျဖစ္ပြားေနေသာ အေျခအေနမ်ား တည္ၿငိမ္ေစရန္အတြက္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ အစီအစဥ္မ်ား မရွိေသးေၾကာင္းလည္း ေဒၚနယ္ ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.