မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်နဲ့ ဆက်ဆံရေးပြန်လည် တည်ဆောက်မယ်လို့ ဒေါ်နယ်ထရမ့် ပြော

1853

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်နဲ့ ဆက်ဆံရေးပြန်လည် တည်ဆောက်ဖို့ လိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က"ကျွန်တော်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့လည်း ပြန်လည်ဆက်ဆံဖို့ လိုလားတယ်။ မင်းသိတဲ့အတိုင်းပဲ ငါက သူနဲ့ အရမ်းအဆင်ပြေတယ်။ စစ်ပွဲတွေ ရပ်သွားတယ်ထင်တယ်။ ကျွန်တော်သာ ဒီရွေးကောက်ပွဲကို မနိုင်ရင် တော်တော်ဆိုးတဲ့ အခြေ အနေမှာ ဆုံးသွားလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ကျွန်တော်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ပေါင်းသင်းဆက်ဆံတယ်၊ သူက ငါနဲ့လိုက်လျောညီထွေဖြစ်ပြီး အဲဒါက ကောင်းတဲ့ကိစ္စ၊ ဆိုးတဲ့ကိစ္စမဟုတ်ဘူး”လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ်ပထမအကြိမ်တာဝန်ယူချိန်တုန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်အတွင်း ဒေါ်နယ်ထရမ့်ရဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး သံတမန်ရေးရာ ချဉ်းကပ်မှုက အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြား အဲဒီအချိန်တုန်းက ဆွေးနွေးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်များ မရေရာသေးသော်လည်း ဆွေးနွေးပွဲဟာ ကျယ်ပြန့်တဲ့ နျူကလီးယားကင်းစင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ပေမယ့် ဒုတိယအကြိမ်တွေဆုံဆွေးနွေးချိန်မှာ တိကျတဲ့သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့် က အမေရိကန်သမ္မတအဖြစ်အနားယူလိုက်ပြီးနောက် ဂျိုးဘိုင်ဒန် သမ္မတအဖြစ်တာဝန်ယူချိန်မှာ မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ပြီး
အမေရိကန်နဲ့မဟာမိတ်တွေက မြောက်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူချိန်မှာ စစ်ပွဲတွေကိုအဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပြီး ဂျိုးဘိုင်ဒန်လက်ထက်က သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို ပယ်ဖျက်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေ နဲ့တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဒုံးကျည်စမ်းသပ်မှုကို ပိုမိုလုပ်ဆောင်လာခဲ့သလို အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
zawgyi version