ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်(၂)သိန်းကျော် တင်ပို့နိုင်ခဲ့

 184

ယွန်း(NP News)- ဖေဖော်ဝါရီ ၁၀

၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန်(၂၀၉၅၉၈ ဒသမ ၅ )တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ယနေ့(ဖေဖော်ဝါရီ ၁၀)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါတင်ပို့မှုများတွင် ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၁၃၁၉၈၂) တန်ရှိခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၇၇၆၁၆) တန်ရှိကြောင်း သိရသည်။

တင်ပို့မှုများအနက်မှ မက်ထရစ်တန်ချိန် (၂၀၉၅၉၈)တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ခဲ့ခြင်းမရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

အဆိုပါ ကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး ပိုလန်၊ တွန်ဂို၊ စပိန်၊ တရုတ် အပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

အလားတူ ဆန်ကွဲတင်ပို့မှုတွင်လည်း ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး တရုတ်၊ ယူကေ၊ ပိုလန်၊ အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း (၁၄) နိုင်ငံသို့တင်ပို့နိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

အဆိုပါ ဇန်နဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၀၁) သန်းရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဇန္နဝါရီလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္(၂)သိန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့

ယြန္း(NP News)- ေဖေဖာ္ဝါရီ ၁၀

၂၀၂၄- ၂၀၂၅ ဘ႑ာႏွစ္၊ ဇန္နဝါရီလအတြင္း ျပည္ပသို႔ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္(၂၀၉၅၉၈ ဒသမ ၅ )တန္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) မွ ယေန႔(ေဖေဖာ္ဝါရီ ၁၀)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါတင္ပို႔မႈမ်ားတြင္ ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ (၁၃၁၉၈၂) တန္ရွိခဲ့ၿပီး ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၇၇၆၁၆) တန္ရွိေၾကာင္း သိရသည္။

တင္ပို႔မႈမ်ားအနက္မွ မက္ထရစ္တန္ခ်ိန္ (၂၀၉၅၉၈)တန္ကို ပင္လယ္ေရေၾကာင္းမွ တင္ပို႔ခဲ့ျခင္းျဖစ္ၿပီး နယ္စပ္ကုန္သြယ္ေရးမွ တင္ပို႔ခဲ့ျခင္းမရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ ကာလတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ဆန္တင္ပို႔မႈအမ်ားဆုံးျဖစ္ၿပီး ပိုလန္၊ တြန္ဂို၊ စပိန္၊ တ႐ုတ္ အပါအဝင္ ႏိုင္ငံေပါင္း (၂၆) ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္းသိရသည္။

အလားတူ ဆန္ကြဲတင္ပို႔မႈတြင္လည္း ဘယ္လ္ဂ်ီယံႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ခဲ့ၿပီး တ႐ုတ္၊ ယူေက၊ ပိုလန္၊ အင္ဒိုနီးရွားအပါအဝင္ ႏိုင္ငံေပါင္း (၁၄) ႏိုင္ငံသို႔တင္ပို႔ႏိုင္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ ဇန္နဝါရီလအတြင္း ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈမွ အေမရိကန္ေဒၚလာ (၁၀၁) သန္းရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.