ရက်(၁၈၀)ကျော် တိုက်ပြီးနောက် တောင်ခမ်းဒေသကို အစိုးရက အပြည့်အဝထိန်းချုပ်နိုင်တော့မည်
![](/img/icon_eye.svg)
1526
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9ac1583dc7c50194e89a7/banner-67a9ac1583dc7c50194e89a7-x800.jpg)
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁ဝ
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်ခမ်းတွင် တိုက်ပွဲကရက်ပေါင်း(၁၈၀)ကျော်လာခဲ့ ပြီဖြစ်ကာ တပ်မတော်ထိုးစစ်အားကောင်းနေပြီး မကြာမီတွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖွယ် ရှိကြောင်း စစ်ရေးအကဲခတ်သူတစ်ဦးက NP News သို့ ပြောသည်။
တောင်ခမ်းတွင် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဩဂုတ်လ၊ (၁၀)ရက်မှ စတင်ကာ ထိတွေ့တိုက်ပွဲများစတင်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် တပ်မတော်ဘက်မှ အသာ စီးရနေကြောင်း သိရသည်။
“အခြေနေကောင်းတယ်။ နောင်ချိုဆိုတာထက် တောင်ခမ်းကောင်းတယ်။ နောင်ချိုက လေကြောင်းနဲ့ လက်နက်ကြီးပစ်အားကောင်းတယ်လို့ ပြောလို့ရတယ်။ တောင်ခမ်းဆိုတာ နောင်ချိုမြို့နယ် ထဲပဲလေ။ နှစ်နေရာ ရှိတာ ကိုး။ ပြည်ထောင်စုလမ်းမ ကြီးကနေ အုမ္မတီး-အုန်းမခါး လမ်းကြောင်းရှိတယ်။ လားရှိုးလမ်းဘက်က တစ်ကြောင်း ရှိတယ်။ တောင်ခမ်းဘက်ကတစ်ကြောင်းပေါ့။ အုမ္မတီး-အုန်းမခါး ဘက်ကတိုးနေတယ်ဆိုတာထက် မန္တလေးတိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ဝင်မလာအောင်ကာတဲ့သဘောပါပဲ။ တကယ်ထိုးဖြစ်နေတာက တောင်ခမ်းဘက်က ထိုးဖြစ်နေတာ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် တပ်မတော်က နားရှိုးကျေးရွာကို ပတ်လည်ဝိုင်းထားကာ ကမ္ဘောဇကုန်းကိုလည်း ဆက်လက်ထိုးစစ် ဆင်လျက်ရှိပြီး TNLA က ဓနု လက်နက်ကိုင်အဖွဲ့ (DPLA) နှင့် PDF များကို အဖွဲ့ ငယ်များဖြင့် နားရှိုးကျေးရွာအပြင်ဘက် ကိုက်(၅၀)ခန့်အထိ ဆုတ်ခွာကာ ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
‘‘တောင်ခမ်း (၃၅၄)ဘက်ကစတာပဲလေ။ အဲဒီဘက်ကစတော့ (၄၀၆)ကိုရတယ်။ (၄၀၆)ရပြီးတော့ ကျော်တဲ့ အခါကျတော့ (၄၀၆)နဲ့ (၂၀၆)ကြား ထဲမှာ နားရှိုးရွာရှိတယ်။ အဲဒီရွာက အရင်က ရန်သူ အပြည့်အဝ ထိန်းချုပ်ထား တဲ့နေရာကြီး။ အဲဒီနားက နာမည်ကြီးနေတဲ့ ကမ္ဘောဇကုန်း။ အဲဒီနေရာကြီးတွေကို ကျွန်တော်တို့က ကျော်ပြီဆိုရင်တော့ ထိရောက်မှု ရှိတဲ့နေရာကို ရောက်ပြီလေ။ ဒီနေရာကိုကျော်ပြီဆိုရင် တောင်ခမ်းကိုအပြည့်အဝထိန်းချုပ်လို့ရပြီလို့ ပြောလို့ ရပြီ။ နားရှိုးရွာထဲမှာလည်း ရန်သူရှိတယ်။ ကမ္ဘောဇကုန်းမှာလည်း ရန်သူရှိတယ်။ အဲဒီလိုကျတော့ ဒီနေရာကို အရန်တုန်းက ရန်သူက ထိန်းချုပ်ထားတဲ့အခါကျတော့ အခုမှကျွန်တော်တို့ ဝင်သိမ်းထားတဲ့အတွက် ရောထွေး နေတယ်။ ရန်သူဘက်ကျတော့ ဒါ ကြီးကို အပြည့်အဝထိန်းချုပ်နိုင်လားဆိုတော့ မထိန်း ချုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က နည်းနည်းလေးအားထည့်ပြီး ထပ်လုပ်လိုက်ရင်တော့ နားရှိုးမှာ ရှိနေတဲ့ ရန်သူက လွင့်သွားမှာ။ လွင့်ကိုလွင့်တော့မှာ’’ဟု ၎င်းကဆက်လက်ပြောသည်။
တပ်မတော်ထိုးစစ်ဆင်နေသော အထက်ပါဒေသတွင် TNLA က ဓနု PDF များ နှင့် ဗမာ PDF များကို အသုံးချကာ ရှေ့တန်းမှ အသေခံ တိုက်ခိုင်းနေကြောင်းလည်း အဆိုပါ သတင်းရင်း မြစ်ကဆိုသည်။ မကြာခင်အချိန်တွင် အထက်ပါ နေရာကို တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်မည် ဖြစ်သဖြင့် ထိုမှတစ်ဆင့် အမတ(၉၀၂)အထိ ပြန် လည်ရရှိပါက နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင် တော့မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း နောင်ချိုမြို့ရှိ ထွေအုပ်ရုံးနှင့်အနီးကို တပ်မတော်မှ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ TNLA လက်နက်ကိုင် အဖွဲ့ဝင်(၄၅)ဦးခန့်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ‘‘ဟိုတလောကဆိုရင် နောင်ချိုထွေအုပ်ရုံးတို့ ဘာတို့မှာ ရန်သူအင်အား(၄၈)ယောက်ရှိတယ်။ ခေါင်းဆောင်တွေနဲ့ ရန်သူအင်အား(၄၈)ယောက် ရှိတယ်ဆိုပြီး သတင်းဝင်လာတော့ အထက်ကို ပြန်လည်တင်ပြလိုက်တဲ့အခါမှာ ချက်ချင်းပဲ လေကြောင်းနဲ့ ဗုံးကြဲ လိုက်တဲ့အခါမှာ(၄၅)ယောက်သေတယ်လေ။ (၃)ယောက်ပဲလွတ်တယ်”ဟု ၎င်းက ပြောသည်။
zawgyi version
ရက္(၁၈၀)ေက်ာ္ တိုက္ၿပီးေနာက္ ေတာင္ခမ္းေဒသကို အစိုးရက အျပည့္အဝထိန္းခ်ဳပ္ႏိုင္ေတာ့မည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေတာင္ခမ္းတြင္ တိုက္ပြဲကရက္ေပါင္း(၁၈၀)ေက်ာ္လာခဲ့ ၿပီျဖစ္ကာ တပ္မေတာ္ထိုးစစ္အားေကာင္းေနၿပီး မၾကာမီတြင္ အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ဖြယ္ ရွိေၾကာင္း စစ္ေရးအကဲခတ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ေတာင္ခမ္းတြင္ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဩဂုတ္လ၊ (၁၀)ရက္မွ စတင္ကာ ထိေတြ႕တိုက္ပြဲမ်ားစတင္ျဖစ္ေပၚခဲ့ၿပီး လက္ရွိတြင္ တပ္မေတာ္ဘက္မွ အသာ စီးရေနေၾကာင္း သိရသည္။
“အေျခေနေကာင္းတယ္။ ေနာင္ခ်ိဳဆိုတာထက္ ေတာင္ခမ္းေကာင္းတယ္။ ေနာင္ခ်ိဳက ေလေၾကာင္းနဲ႔ လက္နက္ႀကီးပစ္အားေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ ေတာင္ခမ္းဆိုတာ ေနာင္ခ်ိဳၿမိဳ႕နယ္ ထဲပဲေလ။ ႏွစ္ေနရာ ရွိတာ ကိုး။ ျပည္ေထာင္စုလမ္းမ ႀကီးကေန အုမၼတီး-အုန္းမခါး လမ္းေၾကာင္းရွိတယ္။ လားရႈိးလမ္းဘက္က တစ္ေၾကာင္း ရွိတယ္။ ေတာင္ခမ္းဘက္ကတစ္ေၾကာင္းေပါ့။ အုမၼတီး-အုန္းမခါး ဘက္ကတိုးေနတယ္ဆိုတာထက္ မႏၲေလးတိုင္းက အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ထဲကို ဝင္မလာေအာင္ကာတဲ့သေဘာပါပဲ။ တကယ္ထိုးျဖစ္ေနတာက ေတာင္ခမ္းဘက္က ထိုးျဖစ္ေနတာ”ဟု ၎ကေျပာသည္။
လက္ရွိတြင္ တပ္မေတာ္က နားရႈိးေက်း႐ြာကို ပတ္လည္ဝိုင္းထားကာ ကေမာၻဇကုန္းကိုလည္း ဆက္လက္ထိုးစစ္ ဆင္လ်က္ရွိၿပီး TNLA က ဓႏု လက္နက္ကိုင္အဖြဲ႕ (DPLA) ႏွင့္ PDF မ်ားကို အဖြဲ႕ ငယ္မ်ားျဖင့္ နားရႈိးေက်း႐ြာအျပင္ဘက္ ကိုက္(၅၀)ခန႔္အထိ ဆုတ္ခြာကာ ခံစစ္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။
‘‘ေတာင္ခမ္း (၃၅၄)ဘက္ကစတာပဲေလ။ အဲဒီဘက္ကစေတာ့ (၄၀၆)ကိုရတယ္။ (၄၀၆)ရၿပီးေတာ့ ေက်ာ္တဲ့ အခါက်ေတာ့ (၄၀၆)နဲ႔ (၂၀၆)ၾကား ထဲမွာ နားရႈိး႐ြာရွိတယ္။ အဲဒီ႐ြာက အရင္က ရန္သူ အျပည့္အဝ ထိန္းခ်ဳပ္ထား တဲ့ေနရာႀကီး။ အဲဒီနားက နာမည္ႀကီးေနတဲ့ ကေမာၻဇကုန္း။ အဲဒီေနရာႀကီးေတြကို ကြၽန္ေတာ္တို႔က ေက်ာ္ၿပီဆိုရင္ေတာ့ ထိေရာက္မႈ ရွိတဲ့ေနရာကို ေရာက္ၿပီေလ။ ဒီေနရာကိုေက်ာ္ၿပီဆိုရင္ ေတာင္ခမ္းကိုအျပည့္အဝထိန္းခ်ဳပ္လို႔ရၿပီလို႔ ေျပာလို႔ ရၿပီ။ နားရႈိး႐ြာထဲမွာလည္း ရန္သူရွိတယ္။ ကေမာၻဇကုန္းမွာလည္း ရန္သူရွိတယ္။ အဲဒီလိုက်ေတာ့ ဒီေနရာကို အရန္တုန္းက ရန္သူက ထိန္းခ်ဳပ္ထားတဲ့အခါက်ေတာ့ အခုမွကြၽန္ေတာ္တို႔ ဝင္သိမ္းထားတဲ့အတြက္ ေရာေထြး ေနတယ္။ ရန္သူဘက္က်ေတာ့ ဒါ ႀကီးကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္လားဆိုေတာ့ မထိန္း ခ်ဳပ္ႏိုင္ေတာ့ဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က နည္းနည္းေလးအားထည့္ၿပီး ထပ္လုပ္လိုက္ရင္ေတာ့ နားရႈိးမွာ ရွိေနတဲ့ ရန္သူက လြင့္သြားမွာ။ လြင့္ကိုလြင့္ေတာ့မွာ’’ဟု ၎ကဆက္လက္ေျပာသည္။
တပ္မေတာ္ထိုးစစ္ဆင္ေနေသာ အထက္ပါေဒသတြင္ TNLA က ဓႏု PDF မ်ား ႏွင့္ ဗမာ PDF မ်ားကို အသုံးခ်ကာ ေရွ႕တန္းမွ အေသခံ တိုက္ခိုင္းေနေၾကာင္းလည္း အဆိုပါ သတင္းရင္း ျမစ္ကဆိုသည္။ မၾကာခင္အခ်ိန္တြင္ အထက္ပါ ေနရာကို တပ္မေတာ္မွျပန္လည္ထိန္းခ်ဳပ္ႏိုင္မည္ ျဖစ္သျဖင့္ ထိုမွတစ္ဆင့္ အမတ(၉၀၂)အထိ ျပန္ လည္ရရွိပါက ေနာင္ခ်ိဳၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ ေတာ့မည္ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ေနာင္ခ်ိဳၿမိဳ႕ရွိ ေထြအုပ္႐ုံးႏွင့္အနီးကို တပ္မေတာ္မွ ေလေၾကာင္းျဖင့္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာ TNLA လက္နက္ကိုင္ အဖြဲ႕ဝင္(၄၅)ဦးခန႔္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ‘‘ဟိုတေလာကဆိုရင္ ေနာင္ခ်ိဳေထြအုပ္႐ုံးတို႔ ဘာတို႔မွာ ရန္သူအင္အား(၄၈)ေယာက္ရွိတယ္။ ေခါင္းေဆာင္ေတြနဲ႔ ရန္သူအင္အား(၄၈)ေယာက္ ရွိတယ္ဆိုၿပီး သတင္းဝင္လာေတာ့ အထက္ကို ျပန္လည္တင္ျပလိုက္တဲ့အခါမွာ ခ်က္ခ်င္းပဲ ေလေၾကာင္းနဲ႔ ဗုံးႀကဲ လိုက္တဲ့အခါမွာ(၄၅)ေယာက္ေသတယ္ေလ။ (၃)ေယာက္ပဲလြတ္တယ္”ဟု ၎က ေျပာသည္။