ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် မြန်မာကလေးငယ်(၅)သန်းနီးပါး ပညာသင်ခွင့်ဆုံးရှုံးနေ၊မတားဆီးနိုင်ပါက မျိုးဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးနိုင်ဟု UNICEF Myanmar ဆို

 200

ယွန်း(NP News)- ဖေ‌ဖော်ဝါရီ ၁၀

ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် မြန်မာနိုင်ငံရှိ က‌လေးငယ်(၅)သန်းနီးပါး ပညာသင်ကြားခွင့်ဆုံးရှုံးနေကြောင်း UNICEF Myanmar မှ ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ယခုနှစ်(၂၀၂၅ ခုနှစ်)တွင်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ (၃၅)ရာခိုင်းနှုန်းခန့်ဖြစ်သည့် (၁၉ ဒသမ ၉)သန်းသော ပြည်သူများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။

၎င်းတို့အနက် ကလေးငယ်(၆ ဒသမ ၄)သန်း ပါဝင်ပြီး အဆိုပါပမာဏမှာ မြန်မာကလေးငယ်များ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည်။

ပြည်တွင်း၌ ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုများနှင့် အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်(၅)သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေကြောင်း သိရသည်။

၎င်းတို့အနေဖြင့် သင်ယူမှုအခွင့်အလမ်းများ လျော့နည်းလာခြင်းအပြင် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အသက်မပြည့်မီ အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနှင့် အခြားပြင်းထန်သောအခွင့်အရေးချိုးဖောက်မှုအန္တရာယ်များနှင့် ရင်ဆိုင်နေကြရကြောင်း UNICEF Myanmar က ဆိုထားသည်။

အကယ်၍ ၂၀၂၅ ခုနှစ်တွင် ဤသို့ဆက်လက်ဖြစ်ပွားနေပါက မျိုးဆက်တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း UNICEF Myanmar က ထည့်သွင်းဖော်ပြထားသည်။

Zawgyi Version:
ပဋိပကၡမ်ားႏွင့္ မလုံၿခဳံမႈမ်ားေၾကာင့္ ျမန္မာကေလးငယ္(၅)သန္းနီးပါး ပညာသင္ခြင့္ဆုံးရႈံးေန၊မတားဆီးႏိုင္ပါက မ်ိဳးဆက္တစ္ခုလုံး ဖြံ႕ၿဖိဳးတိုးတက္မႈအခြင့္အလမ္းမ်ား ဆုံးရႈံးႏိုင္ဟု UNICEF Myanmar ဆို
ယြန္း(NP News)- ေဖ‌ေဖာ္ဝါရီ ၁၀

ပဋိပကၡမ်ားႏွင့္ မလုံၿခဳံမႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံရွိ က‌ေလးငယ္(၅)သန္းနီးပါး ပညာသင္ၾကားခြင့္ဆုံးရႈံးေနေၾကာင္း UNICEF Myanmar မွ ၿပီးခဲ့သည့္ ရက္ပိုင္းက အသိေပးထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္မွစ၍ ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ား ျဖစ္ပြားခဲ့ရာ ယခုႏွစ္(၂၀၂၅ ခုႏွစ္)တြင္လည္း ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး ႏိုင္ငံလူဦးေရ စုစုေပါင္း၏ (၃၅)ရာခိုင္းႏႈန္းခန႔္ျဖစ္သည့္ (၁၉ ဒသမ ၉)သန္းေသာ ျပည္သူမ်ားတြင္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားလိုအပ္လ်က္ရွိေၾကာင္း သိရသည္။

၎တို႔အနက္ ကေလးငယ္(၆ ဒသမ ၄)သန္း ပါဝင္ၿပီး အဆိုပါပမာဏမွာ ျမန္မာကေလးငယ္မ်ား၏ သုံးပုံတစ္ပုံခန႔္ျဖစ္သည္။

ျပည္တြင္း၌ ပဋိပကၡမ်ား၊ မလုံၿခဳံမႈမ်ား၊ ေနရပ္စြန႔္ခြာတိမ္းေရွာင္မႈမ်ားႏွင့္ အေရးေပၚဝန္ေဆာင္မႈမ်ား ျပတ္ေတာက္ျခင္းမ်ားေၾကာင့္ ျမန္မာႏိုင္ငံရွိ ကေလးငယ္(၅)သန္းနီးပါးသည္ ပညာသင္ၾကားခြင့္မ်ား ဆုံးရႈံးေနေၾကာင္း သိရသည္။

၎တို႔အေနျဖင့္ သင္ယူမႈအခြင့္အလမ္းမ်ား ေလ်ာ့နည္းလာျခင္းအျပင္ ပဋိပကၡတြင္ပါဝင္ေသာ အဖြဲ႕အစည္းမ်ား၏ အတင္းအဓမၼ လူသစ္စုေဆာင္းခံရျခင္း၊ အသက္မျပည့္မီ အတင္းအၾကပ္ လက္ထပ္ထိမ္းျမားခံရျခင္း၊ ကေလးလုပ္သားအျဖစ္ အသုံးျပဳခံရျခင္းႏွင့္ အျခားျပင္းထန္ေသာအခြင့္အေရးခ်ိဳးေဖာက္မႈအႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ေနၾကရေၾကာင္း UNICEF Myanmar က ဆိုထားသည္။

အကယ္၍ ၂၀၂၅ ခုႏွစ္တြင္ ဤသို႔ဆက္လက္ျဖစ္ပြားေနပါက မ်ိဳးဆက္တစ္ခုလုံးသည္ ဖြံ႕ၿဖိဳးတိုးတက္မႈအခြင့္အလမ္းမ်ား ဆုံးရႈံးသည့္ အႏၲရာယ္ရွိေနၿပီး ျမန္မာႏိုင္ငံ၏ အနာဂတ္တည္ၿငိမ္မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ဆိုး႐ြားေသာ အက်ိဳးဆက္မ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း UNICEF Myanmar က ထည့္သြင္းေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.