ရုရှားနည်းပညာ သဘာဝမြေဩဇာဆေးရည်ကြောင့် သီးနှံအထွက်တိုးဟုဆို

 540

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၁၂

ရုရှားနည်းပညာဖြင့်ထုတ်လုပ်သော သဘာဝ ရွက်ဖျန်းဆေးရည်ကိုသုံးစွဲရာတွင် ပန်းတိုင်အထွက် နှုန်းထက် ပိုမိုတိုးတက်ခဲ့ကြောင်း သုံးစွဲသူတောင်သူ နှင့် ဝန်ကြီးဌာနများ၏ပြောကြားချက်အရ သိရသည်။

“လောလောဆယ်တော့ တောင်သူတွေ နေကြာစိုက်ပျိုးနိုင်ဖို့ ကျွန်တော်တို့ဌာနက ပြည်နယ်နဲ့ တိုင်း (၆)ခုကို သဘာဝမြေဩဇာ၊ ရွက်ဖျန်းမြေဩဇာမျိုး တစ်ခုက (၅၇၄၁)ဘူး၊ စူပါနိုက်ထရိုဂျင်က (၄၂၅၀) ဘူး၊ ဖရော်ဒါရာက (၅၈၁၆) ဘူး စုစုပေါင်း (၁၇၈၀၇) ဘူးကိုတော့ သက်ဆိုင်ရာနေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီပေါ့။ ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်(၆)ခုကိုတော့ ကျွန်တော်တို့က ကိုယ်ရဲ့စိုက်ပျိုးရေး တောင်သူလယ်သမားတွေပေါ့နော်။ သမက အသင်းသားတွေကိုတော့ ဖြန့်ဖြူး ဆောင်ရွက်လျက် ရှိပါတယ်ခင်ဗျ။ ဒါကတော့ စက်ရုံတည်တဲ့အခါကျရင် ပြည်တွင်းမှာထုတ်လုပ်ပြီးတော့ ပြည်တွင်းနဲ့ သူတို့ဖြန့်ဖြူးဆောင်ရွက်နေမှုအခြေအနေလေးတွေပါ”ဟု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သမ ဝါယမ ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။

ထိုသဘာဝမြေဩဇာကို သမဝါယမဝန်ကြီးဌာန နှင့် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန တို့ရှိ သက်ဆိုင်ရာစိုက်ပျိုးမြေများတွင် နည်းစနစ်မှန်ကန်စွာဖြင့် စမ်းသပ်သုံးစွဲကြည့်ရာ ရလဒ် ကောင်းများ ထွက်ရှိမှုကိုတွေ့ရှိရကြောင်း သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ရလဒ်ကတော့ ကျွန်တော်မကွေးတိုင်းကို သွားတယ်ဗျာ။ မကွေးတိုင်းကိုသွားတဲ့အခါကျတော့ သူက စဖျော်စပ်ကတည်းက ကိုယ်စိုက်မယ့်သီးနှံပေါ့ဗျာ။ နေကြာဆို နေကြာပေါ့။ (၂၄)နာရီစိမ်ရတယ်။ ပြီးမှ အဲဒီနေကြာကို သက်ဆိုင်ရာ ထယ်ရေးပြင်ထားတဲ့နေရာမှာ စိုက်လိုက်တယ်။ ပြီးရင် သူတို့လုပ်ငန်း စဉ်အတိုင်း အချိုးလေးတွေနဲ့ သတ်မှတ်ကာလ၊ သတ်မှတ် ပမာဏအတိုင်း ဖျန်းပြီးလုပ်တဲ့အတွက် ကြောင့်မို့ ကျွန်တော်သွားခဲ့တဲ့ရက်သားမှာတော့ မနှစ်က ဒါမသုံးဘဲနဲ့ ဒီနှစ်ဒါသုံးတဲ့အနေအထားကတော့ တောင်သူတွေအနေနဲ့ အပင်ရဲ့ကြီးထွားမှုရော၊ အသီးသီးတဲ့ ကာလတော့မရောက်သေးဘူးပေါ့နော်။ အပင်သေ နှုန်းတို့ဘာတို့ကတော့ အရင် ဒါမသုံးတာထက်စာရင်တော့ ပိုပြီးတော့ထိရောက်တယ်လို့ သူတို့တင်ပြတာရော၊ ကျွန်တော်လက်တွေ့ တွေ့ခဲ့တဲ့ အမြင်ရလဒ်ကတော့ ဒီလိုရှိပါတယ်။ အရင်နှစ် တွေကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှာ တောင်သူ ဦးဝင်းဘိုဆိုရင် ရုရှား မြေဩဇာ ပဲသုံးတယ်။ သုံးတဲ့အတွက်ကြောင့် နေကြာဆိုရင် ပန်းတိုင်အထွက်နှုန်းထက်ကို ပိုပြီးတော့ထွက်တယ် ဆိုတဲ့ စမ်းသပ်သုံးတဲ့ဟာအရ တွေ့ရတာပေါ့။ တချို့ကျတော့လည်း နည်းစနစ်ကျကျမဟုတ်ဘဲ ပိုသုံး တာရှိမယ်၊ လျော့သုံးတာ ရှိမယ်။ ဒီလိုဟာမျိုးလေးတွေပေါ်မှာမူတည်ပြီးတော့ သူရဲ့အားနည်းချက်၊ အားသာချက်လေးတွေတော့ရှိ တာပေါ့။ ဒါပေမဲ့ ဒီဟာသည် ကုန်ကျစရိတ်က (၃)မျိုးစလုံးမှ တစ်ဧက လုံးမှာ အခု လောလောဆယ်အနေအထားအရဆိုရင်တော့ တစ်သောင်းနဲ့တစ်သောင်းခွဲကြားမှာပဲပေါ့။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရင်တော့ ဒီလောက်ဈေးမများတော့ဘူးပေါ့။ အဲဒီလောက်ပဲ ရှိတဲ့အတွက် ကြောင့် တောင်သူတွေအနေနဲ့က Feedback ကတော့ ကောင်းပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ ဝန်ကြီးဌာနအောက်၏စမ်းသပ်မှုများအရ တစ်ဧကလျှင် ငွေကျပ်တစ်သောင်းပတ်ဝန်းကျင် ကိုသာသုံးရသောကြောင့် ဈေးနှုန်းသက်သာမှုရှိပြီး သ ဘာဝမြေဩဇာဖြစ်၍ မြေသားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဆိုသည်။ “ဓာတုမှန်သမျှက များလာရင် မြေ ပျက်တယ်လေ။ ကျွန်တော်တို့က ဓာတုဓာတ်မြေဩဇာသုံးတာကို လျှော့ချချင်တာကိုး။ အခု လက်ရှိ အရကြည့်မယ်ဆိုရင် ကျွန်တော်တို့စမ်းသပ်ချက်အရ သူရဲ့အရည်အသွေးက ကောင်းပါတယ်ဗျ။ နောက် ကုန်ကျစရိတ်လည်း သက်သာတယ်။ များများသုံးလာရင် မြေပျက် တာတွေလည်းသက်သာတာပေါ့နော်။ တစ်ဧကကို သူ့အရည်က တစ်လီတာတောင်မလိုဘူး။ သူက ရေ ရောသုံးရတာ။ အမျိုးအစားတွေ အစုံရှိ ပါတယ်။ သူကလည်း တစ်မျိုးတည်းမဟုတ်ဘူး။ သီးနှံအစုံဆိုတော့ ဘယ်ဟာအတွက်ဆို ဘယ်လိုဆိုပြီး (၃)မျိုးလောက် ထုတ်တာ။ ကျွန်တော်ကတော့ အကြမ်းဖျင်းပဲပြောပြတာပေါ့နော်။ ကျွန်တော်တို့ ဝန်ကြီး ဌာန(၂)ခုစလုံး သုံးနေပါတယ်ဗျ။ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးက သမအသင်းတွေကလည်း သုံးနေ ပါတယ်။ တောင်သူတွေပေါ့နော်။ စိုက်မွေးဆည်ကနေပြီးတော့လည်း စမ်းသပ်ကွက်တွေမှာ သုံးနေပါ တယ်ဗျ”ဟု ၎င်းက ပြောသည်။

ယင်းဆေးရည်ကို စက်ရုံတည်ဆောက်မှုမပြီးခင် ရုရှားမှတိုက်ရိုက်တင်သွင်းရောင်းချခြင်းဖြစ်ပြီး စက်ရုံ တည်ဆောက်ပြီးလျှင် ပြည်တွင်းမှာပင်ဆက်လက်ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။

“သူက MIC ခွင့်ပြုချက်ကျပါပြီဗျ။ တင်ဒါ MIC သုံး ရပ်ကျပြီ။ နောက် စက်ရုံဆောက်ဖို့ အတွက် တင်ဒါခေါ် ထားပါပြီဗျ။ MIC ခွင့်ပြုချက်ကျတာ မကြာသေးဘူးပေါ့။ ပြီးခဲ့တဲ့ (၁)ပတ်၊ (၂) ပတ်အတွင်း ကပဲ MIC သုံးရပ်ကျပြီ။ သူတို့ ရန်ကုန်မှာ တင်ဒါခေါ်ထားတယ် လို့ သိရပါတယ်ဗျ။ အစိုးရဘတ်ဂျက် တင်ဒါ မဟုတ်ပါဘူး။ ရုရှားရင်းနှီးမြှုပ်နှံသူရဲ့ တင်ဒါပေါ့။ ဘယ်အချိန် စဆောက်မလဲဆိုတာ အတိအကျ ပြောရဖို့တော့ ခက်တယ်ဗျ။ ဌာနရဲ့ဘတ်ဂျက်ကို တင်ဒါခေါ်ပြီးလုပ်ရတာဆိုရင်တော့ သတ်မှတ်ချက် အတိုင်း ရတာပေါ့နော်။ အခုက ရင်းနှီးမြှုပ်နှံတဲ့သူက တည်ဆောက်ဖို့ ခေါ်တဲ့တင်ဒါဆိုတော့ ကျွန်တော် ထင်ပါတယ် ခွင့်ပြု ချက်ကျပြီးရင် သုံး၊ လေးလအတွင်းတော့ စနိုင်ပြီလို့ မှန်းကြည့်ရမှာပေါ့။ ဒါ ကျွန် တော်တို့ရဲ့ ကိုယ်တိုင် လုပ်တဲ့အလုပ်မှမဟုတ်တာကိုး။ သူတို့လုပ်တဲ့အလုပ် ဖြစ်နေတာလေ။ ဆောက် ရင်လည်း တစ်နှစ်ပဲဆောက် မယ်လို့ မူလက ပါတာပေါ့။ မျှော်မှန်းချက်မှာတော့ သူက နေပြည်တော်မှာ တည်ပြီးရင် တခြား ပြည်နယ်၊ တိုင်းတွေမှာလည်း တည်ဖို့ရှိတယ်။ အခုကတော့ ဒီကဟာကို အရင်စတာ ပေါ့။ တခြားပြည်နယ်နဲ့တိုင်း တွေမှာလည်း မြေနေရာကိစ္စလေးတွေ လိုက်ပြီးတော့ ညှိနှိုင်းထားတွေ လေးတွေတော့ လုပ်ထားတာပေါ့။ အခုလောလောဆယ်သူက တည်ဖို့လုပ်နေတယ်။ Processes တွေ Run နေတုန်း သူ့ရဲ့ပစ္စည်းကို ဒီမှာတင်ပြီးတော့ စမ်းသပ်မှုတွေလုပ်ရသေးတာကိုး”ဟု စက်ရုံတည် ဆောက်မှု နှင့်ပတ်သက်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာသုံးစွဲမှုသည် ပြီး ခဲ့သည့် (၂၀၂၄) ခုနှစ်အတွင်း စပါးစိုက်ပျိုးမှု အတွက် မြေဩဇာ (၂ ဒသမ ၇) သန်းနှင့် အခြားသီးနှံများအတွက် (၃)သန်းကိုသုံးစွဲခဲ့ရာ ယခုနှစ်အတွက် မြေဩဇာတင်သွင်းမှုကို (၁ ဒသမ ၆) သန်းအထိရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

zawgyi version
႐ုရွားနည္းပညာ သဘာဝေျမဩဇာေဆးရည္ေၾကာင့္ သီးႏွံအထြက္တိုးဟုဆို
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၁၂

႐ုရွားနည္းပညာျဖင့္ထုတ္လုပ္ေသာ သဘာဝ ႐ြက္ဖ်န္းေဆးရည္ကိုသုံးစြဲရာတြင္ ပန္းတိုင္အထြက္ ႏႈန္းထက္ ပိုမိုတိုးတက္ခဲ့ေၾကာင္း သုံးစြဲသူေတာင္သူ ႏွင့္ ဝန္ႀကီးဌာနမ်ား၏ေျပာၾကားခ်က္အရ သိရသည္။

“ေလာေလာဆယ္ေတာ့ ေတာင္သူေတြ ေနၾကာစိုက္ပ်ိဳးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ဌာနက ျပည္နယ္နဲ႔ တိုင္း (၆)ခုကို သဘာဝေျမဩဇာ၊ ႐ြက္ဖ်န္းေျမဩဇာမ်ိဳး တစ္ခုက (၅၇၄၁)ဘူး၊ စူပါႏိုက္ထ႐ိုဂ်င္က (၄၂၅၀) ဘူး၊ ဖေရာ္ဒါရာက (၅၈၁၆) ဘူး စုစုေပါင္း (၁၇၈၀၇) ဘူးကိုေတာ့ သက္ဆိုင္ရာေနျပည္ေတာ္၊ ပဲခူး၊ မေကြး၊ မႏၲေလး၊ ရွမ္း၊ ဧရာဝတီေပါ့။ ဒီတိုင္းေဒသႀကီးနဲ႔ ျပည္နယ္(၆)ခုကိုေတာ့ ကြၽန္ေတာ္တို႔က ကိုယ္ရဲ႕စိုက္ပ်ိဳးေရး ေတာင္သူလယ္သမားေတြေပါ့ေနာ္။ သမက အသင္းသားေတြကိုေတာ့ ျဖန႔္ျဖဴး ေဆာင္႐ြက္လ်က္ ရွိပါတယ္ခင္ဗ်။ ဒါကေတာ့ စက္႐ုံတည္တဲ့အခါက်ရင္ ျပည္တြင္းမွာထုတ္လုပ္ၿပီးေတာ့ ျပည္တြင္းနဲ႔ သူတို႔ျဖန႔္ျဖဴးေဆာင္႐ြက္ေနမႈအေျခအေနေလးေတြပါ”ဟု သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳး ေရးဝန္ႀကီးဌာန၊ သမ ဝါယမ ဦးစီးဌာနမွတာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။

ထိုသဘာဝေျမဩဇာကို သမဝါယမဝန္ႀကီးဌာန ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဌာန တို႔ရွိ သက္ဆိုင္ရာစိုက္ပ်ိဳးေျမမ်ားတြင္ နည္းစနစ္မွန္ကန္စြာျဖင့္ စမ္းသပ္သုံးစြဲၾကည့္ရာ ရလဒ္ ေကာင္းမ်ား ထြက္ရွိမႈကိုေတြ႕ရွိရေၾကာင္း သမဝါယမဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကဆိုသည္။

“ရလဒ္ကေတာ့ ကြၽန္ေတာ္မေကြးတိုင္းကို သြားတယ္ဗ်ာ။ မေကြးတိုင္းကိုသြားတဲ့အခါက်ေတာ့ သူက စေဖ်ာ္စပ္ကတည္းက ကိုယ္စိုက္မယ့္သီးႏွံေပါ့ဗ်ာ။ ေနၾကာဆို ေနၾကာေပါ့။ (၂၄)နာရီစိမ္ရတယ္။ ၿပီးမွ အဲဒီေနၾကာကို သက္ဆိုင္ရာ ထယ္ေရးျပင္ထားတဲ့ေနရာမွာ စိုက္လိုက္တယ္။ ၿပီးရင္ သူတို႔လုပ္ငန္း စဥ္အတိုင္း အခ်ိဳးေလးေတြနဲ႔ သတ္မွတ္ကာလ၊ သတ္မွတ္ ပမာဏအတိုင္း ဖ်န္းၿပီးလုပ္တဲ့အတြက္ ေၾကာင့္မို႔ ကြၽန္ေတာ္သြားခဲ့တဲ့ရက္သားမွာေတာ့ မႏွစ္က ဒါမသုံးဘဲနဲ႔ ဒီႏွစ္ဒါသုံးတဲ့အေနအထားကေတာ့ ေတာင္သူေတြအေနနဲ႔ အပင္ရဲ႕ႀကီးထြားမႈေရာ၊ အသီးသီးတဲ့ ကာလေတာ့မေရာက္ေသးဘူးေပါ့ေနာ္။ အပင္ေသ ႏႈန္းတို႔ဘာတို႔ကေတာ့ အရင္ ဒါမသုံးတာထက္စာရင္ေတာ့ ပိုၿပီးေတာ့ထိေရာက္တယ္လို႔ သူတို႔တင္ျပတာေရာ၊ ကြၽန္ေတာ္လက္ေတြ႕ ေတြ႕ခဲ့တဲ့ အျမင္ရလဒ္ကေတာ့ ဒီလိုရွိပါတယ္။ အရင္ႏွစ္ ေတြကလည္း ဧရာဝတီတိုင္းေဒသႀကီး၊ ဝါးခယ္မၿမိဳ႕နယ္မွာ ေတာင္သူ ဦးဝင္းဘိုဆိုရင္ ႐ုရွား ေျမဩဇာ ပဲသုံးတယ္။ သုံးတဲ့အတြက္ေၾကာင့္ ေနၾကာဆိုရင္ ပန္းတိုင္အထြက္ႏႈန္းထက္ကို ပိုၿပီးေတာ့ထြက္တယ္ ဆိုတဲ့ စမ္းသပ္သုံးတဲ့ဟာအရ ေတြ႕ရတာေပါ့။ တခ်ိဳ႕က်ေတာ့လည္း နည္းစနစ္က်က်မဟုတ္ဘဲ ပိုသုံး တာရွိမယ္၊ ေလ်ာ့သုံးတာ ရွိမယ္။ ဒီလိုဟာမ်ိဳးေလးေတြေပၚမွာမူတည္ၿပီးေတာ့ သူရဲ႕အားနည္းခ်က္၊ အားသာခ်က္ေလးေတြေတာ့ရွိ တာေပါ့။ ဒါေပမဲ့ ဒီဟာသည္ ကုန္က်စရိတ္က (၃)မ်ိဳးစလုံးမွ တစ္ဧက လုံးမွာ အခု ေလာေလာဆယ္အေနအထားအရဆိုရင္ေတာ့ တစ္ေသာင္းနဲ႔တစ္ေသာင္းခြဲၾကားမွာပဲေပါ့။ ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္ရင္ေတာ့ ဒီေလာက္ေဈးမမ်ားေတာ့ဘူးေပါ့။ အဲဒီေလာက္ပဲ ရွိတဲ့အတြက္ ေၾကာင့္ ေတာင္သူေတြအေနနဲ႔က Feedback ကေတာ့ ေကာင္းပါတယ္”ဟု ၎က ရွင္းျပသည္။

ထိုသို႔ ဝန္ႀကီးဌာနေအာက္၏စမ္းသပ္မႈမ်ားအရ တစ္ဧကလွ်င္ ေငြက်ပ္တစ္ေသာင္းပတ္ဝန္းက်င္ ကိုသာသုံးရေသာေၾကာင့္ ေဈးႏႈန္းသက္သာမႈရွိၿပီး သ ဘာဝေျမဩဇာျဖစ္၍ ေျမသားပ်က္စီးျခင္းမွ ကာကြယ္ေပးႏိုင္ေၾကာင္း အၿမဲတမ္းအတြင္းဝန္ ဦးခန႔္ေဇာ္က ဆိုသည္။ “ဓာတုမွန္သမွ်က မ်ားလာရင္ ေျမ ပ်က္တယ္ေလ။ ကြၽန္ေတာ္တို႔က ဓာတုဓာတ္ေျမဩဇာသုံးတာကို ေလွ်ာ့ခ်ခ်င္တာကိုး။ အခု လက္ရွိ အရၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔စမ္းသပ္ခ်က္အရ သူရဲ႕အရည္အေသြးက ေကာင္းပါတယ္ဗ်။ ေနာက္ ကုန္က်စရိတ္လည္း သက္သာတယ္။ မ်ားမ်ားသုံးလာရင္ ေျမပ်က္ တာေတြလည္းသက္သာတာေပါ့ေနာ္။ တစ္ဧကကို သူ႔အရည္က တစ္လီတာေတာင္မလိုဘူး။ သူက ေရ ေရာသုံးရတာ။ အမ်ိဳးအစားေတြ အစုံရွိ ပါတယ္။ သူကလည္း တစ္မ်ိဳးတည္းမဟုတ္ဘူး။ သီးႏွံအစုံဆိုေတာ့ ဘယ္ဟာအတြက္ဆို ဘယ္လိုဆိုၿပီး (၃)မ်ိဳးေလာက္ ထုတ္တာ။ ကြၽန္ေတာ္ကေတာ့ အၾကမ္းဖ်င္းပဲေျပာျပတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဝန္ႀကီး ဌာန(၂)ခုစလုံး သုံးေနပါတယ္ဗ်။ သမဝါယမနဲ႔ ေက်းလက္ဖြံ႕ၿဖိဳးေရးက သမအသင္းေတြကလည္း သုံးေန ပါတယ္။ ေတာင္သူေတြေပါ့ေနာ္။ စိုက္ေမြးဆည္ကေနၿပီးေတာ့လည္း စမ္းသပ္ကြက္ေတြမွာ သုံးေနပါ တယ္ဗ်”ဟု ၎က ေျပာသည္။

ယင္းေဆးရည္ကို စက္႐ုံတည္ေဆာက္မႈမၿပီးခင္ ႐ုရွားမွတိုက္႐ိုက္တင္သြင္းေရာင္းခ်ျခင္းျဖစ္ၿပီး စက္႐ုံ တည္ေဆာက္ၿပီးလွ်င္ ျပည္တြင္းမွာပင္ဆက္လက္ထုတ္လုပ္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရ သည္။

“သူက MIC ခြင့္ျပဳခ်က္က်ပါၿပီဗ်။ တင္ဒါ MIC သုံး ရပ္က်ၿပီ။ ေနာက္ စက္႐ုံေဆာက္ဖို႔ အတြက္ တင္ဒါေခၚ ထားပါၿပီဗ်။ MIC ခြင့္ျပဳခ်က္က်တာ မၾကာေသးဘူးေပါ့။ ၿပီးခဲ့တဲ့ (၁)ပတ္၊ (၂) ပတ္အတြင္း ကပဲ MIC သုံးရပ္က်ၿပီ။ သူတို႔ ရန္ကုန္မွာ တင္ဒါေခၚထားတယ္ လို႔ သိရပါတယ္ဗ်။ အစိုးရဘတ္ဂ်က္ တင္ဒါ မဟုတ္ပါဘူး။ ႐ုရွားရင္းႏွီးျမႇဳပ္ႏွံသူရဲ႕ တင္ဒါေပါ့။ ဘယ္အခ်ိန္ စေဆာက္မလဲဆိုတာ အတိအက် ေျပာရဖို႔ေတာ့ ခက္တယ္ဗ်။ ဌာနရဲ႕ဘတ္ဂ်က္ကို တင္ဒါေခၚၿပီးလုပ္ရတာဆိုရင္ေတာ့ သတ္မွတ္ခ်က္ အတိုင္း ရတာေပါ့ေနာ္။ အခုက ရင္းႏွီးျမႇဳပ္ႏွံတဲ့သူက တည္ေဆာက္ဖို႔ ေခၚတဲ့တင္ဒါဆိုေတာ့ ကြၽန္ေတာ္ ထင္ပါတယ္ ခြင့္ျပဳ ခ်က္က်ၿပီးရင္ သုံး၊ ေလးလအတြင္းေတာ့ စႏိုင္ၿပီလို႔ မွန္းၾကည့္ရမွာေပါ့။ ဒါ ကြၽန္ ေတာ္တို႔ရဲ႕ ကိုယ္တိုင္ လုပ္တဲ့အလုပ္မွမဟုတ္တာကိုး။ သူတို႔လုပ္တဲ့အလုပ္ ျဖစ္ေနတာေလ။ ေဆာက္ ရင္လည္း တစ္ႏွစ္ပဲေဆာက္ မယ္လို႔ မူလက ပါတာေပါ့။ ေမွ်ာ္မွန္းခ်က္မွာေတာ့ သူက ေနျပည္ေတာ္မွာ တည္ၿပီးရင္ တျခား ျပည္နယ္၊ တိုင္းေတြမွာလည္း တည္ဖို႔ရွိတယ္။ အခုကေတာ့ ဒီကဟာကို အရင္စတာ ေပါ့။ တျခားျပည္နယ္နဲ႔တိုင္း ေတြမွာလည္း ေျမေနရာကိစၥေလးေတြ လိုက္ၿပီးေတာ့ ညႇိႏႈိင္းထားေတြ ေလးေတြေတာ့ လုပ္ထားတာေပါ့။ အခုေလာေလာဆယ္သူက တည္ဖို႔လုပ္ေနတယ္။ Processes ေတြ Run ေနတုန္း သူ႔ရဲ႕ပစၥည္းကို ဒီမွာတင္ၿပီးေတာ့ စမ္းသပ္မႈေတြလုပ္ရေသးတာကိုး”ဟု စက္႐ုံတည္ ေဆာက္မႈ ႏွင့္ပတ္သက္ၿပီး သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ သမဝါယမဦးစီးဌာနမွ အၿမဲတမ္း အတြင္းဝန္ ဦးခန႔္ေဇာ္က ရွင္းျပသည္။

ျမန္မာႏိုင္ငံတြင္ ဓာတ္ေျမဩဇာသုံးစြဲမႈသည္ ၿပီး ခဲ့သည့္ (၂၀၂၄) ခုႏွစ္အတြင္း စပါးစိုက္ပ်ိဳးမႈ အတြက္ ေျမဩဇာ (၂ ဒသမ ၇) သန္းႏွင့္ အျခားသီးႏွံမ်ားအတြက္ (၃)သန္းကိုသုံးစြဲခဲ့ရာ ယခုႏွစ္အတြက္ ေျမဩဇာတင္သြင္းမႈကို (၁ ဒသမ ၆) သန္းအထိရည္႐ြယ္ထားေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

© 2021. All rights reserved.