ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ် ပေါင်သန်း(၁၅၀)ကို ဗြိတိန်အစိုးရထုတ်ပြန်ကြေညာ

419

Pika
ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ် ပေါင်သန်း(၁၅၀)ကို ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်လို့်လည်းသိရပါတယ်။အဲ့ဒီရန်ပုံငွေအသစ်ကို ယူကရိန်းကို ဒရုန်းတွေ၊တင့်ကားတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေးပို့မယ့်စနစ်တွေနဲ့ ပလက်ဖောင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း သိရပါတယ်။ဒါ့ပြင် (၂၀၂၅)ခုနှစ်မှာ ဗြိတိန်ဟာ ယူကရိန်းကို တာတိုပစ် Gravehawk လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့ဖို့စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
နောက်ဆုံးထွက်ပေါ်လာတဲ့ ရန်ပုံငွေအသစ်ဟာ ယခုနှစ်အတွင်း ဗြတိန်က ယူကရိန်းကို စစ်ရေးအကူအညီတွေပေးပို့ဖို့အတွက် ခွဲဝေပေးထားတဲ့ ပေါင်(၄ဒသမ၅)ဘီလျံပက်ကေ့ချ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာမှာ ဗြိတိန်ကပေးအပ်ထားတဲ့ ကာမီကာဇဲဒရုန်းတွေကို အသုံးပြုနှင့်နေပြီးလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ဗြိတိန်ထုတ် Challenger 2တင့်ကားတွေဟာ အကန့်အသတ်နဲ့ထုတ်ထားတာမလို့ ယူကရိန်းကို ပေးပို့ဖို့က မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေတာပဲဖြစ်ပါတယ်။
ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ ေပါင္သန္း(၁၅၀)ကို ၿဗိတိန္အစိုးရထုတ္ျပန္ေၾကညာ
Pika
ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ ေပါင္သန္း(၁၅၀)ကို ၿဗိတိန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့တယ္လို႔္လည္းသိရပါတယ္။အဲ့ဒီရန္ပုံေငြအသစ္ကို ယူကရိန္းကို ဒ႐ုန္းေတြ၊တင့္ကားေတြနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ေပးပို႔ရာမွာ အသုံးျပဳသြားမွာျဖစ္တယ္လို႔ ၿဗိတိန္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း ေပးပို႔မယ့္စနစ္ေတြနဲ႔ ပလက္ေဖာင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ဒါ့ျပင္ (၂၀၂၅)ခုႏွစ္မွာ ၿဗိတိန္ဟာ ယူကရိန္းကို တာတိုပစ္ Gravehawk ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ေပးပို႔ဖို႔စီစဥ္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနတာလည္းျဖစ္ပါတယ္။
ေနာက္ဆုံးထြက္ေပၚလာတဲ့ ရန္ပုံေငြအသစ္ဟာ ယခုႏွစ္အတြင္း ျဗတိန္က ယူကရိန္းကို စစ္ေရးအကူအညီေတြေပးပို႔ဖို႔အတြက္ ခြဲေဝေပးထားတဲ့ ေပါင္(၄ဒသမ၅)ဘီလ်ံပက္ေက့ခ်္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္ရာမွာ ၿဗိတိန္ကေပးအပ္ထားတဲ့ ကာမီကာဇဲဒ႐ုန္းေတြကို အသုံးျပဳႏွင့္ေနၿပီးလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း ၿဗိတိန္ထုတ္ Challenger 2တင့္ကားေတြဟာ အကန႔္အသတ္နဲ႔ထုတ္ထားတာမလို႔ ယူကရိန္းကို ေပးပို႔ဖို႔က မျဖစ္ႏိုင္ဘူးလို႔ သုံးသပ္မႈေတြလည္း ရွိေနတာပဲျဖစ္ပါတယ္။