ဆူဒန်မှာ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ ဆူဒန်နဲ့ရုရှားအစိုးရတို့သဘောတူ
![](/img/icon_eye.svg)
535
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ad984910b622544b7a8c35/banner-67ad984910b622544b7a8c35-x800.png)
Pika
ဆူဒန်နိုင်ငံမှာ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခုတည်ထောင်ဖို့ ရုရှားနဲ့ဆူဒန်နိုင်ငံတို့က သဘောတူညီခဲ့ကြတယ်လို့ ဆူဒန်နိုင်ငံခြားရေးဝန်ကြီး Ali Youssef Ahmed Al-Sharifကပြောကြားခဲ့ပါတယ်။
ဆူဒန်နိုင်ငံမှာ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ ဆွေးနွေးမှုတွေ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ Ali Youssef Ahmed Al-Sharifက ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
Ali Youssef Ahmed Al-Sharifက”ဒီကိစ္စက အလွန်ကို ရိုးရှင်းပါတယ်။ကျွန်တော့်မှာ နောက်ထပ်ပြောစရာစကားမရှိပါဘူး။အရာအားလုံးမှာ ကျွန်တော်တို့သဘောတူညီပြီးပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ Ali Youssef Ahmed Al-Sharifဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်းမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
(၂၀၂၀)ခုနှစ် ဒီဇင်ဘာလမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ အဲ့ဒီသဘောတူညီချက်ဟာ ရုရှားရေတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြု အဆောက်အဦးတစ်ခု ဖန်တီးမှုကို အလေးပေးဖော်ပြထားတယ်လို့လည်း သိရပါတယ်။အဲ့ဒီရေတပ်အခြေစိုက်စခန်းဟာ သင်္ဘောတွေ ပြုပြင်မှုနဲ့ ပြန်လည်ထောက်ပံ့ရေးအတွက် အချက်အချာနေရာတစ်ခုအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အဲ့ဒီရေတပ်အခြေစိုက်စခန်းအတွင်းမှာ ဝန်ထမ်းအင်အားကို (၃၀၀)အထိ ထားရှိသွားမှာဖြစ်ပြီး ရုရှားသင်္ဘော(၄)စင်းကို တစ်ချိန်တည်းမှာပဲ စခန်းချခွင့်ပြုထားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
Zawgyi Version:
ဆူဒန္မွာ ႐ုရွားေရတပ္အေျခစိုက္စခန္းတစ္ခု တည္ေထာင္ဖို႔ ဆူဒန္နဲ႔႐ုရွားအစိုးရတို႔သေဘာတူ
Pika
ဆူဒန္ႏိုင္ငံမွာ ႐ုရွားေရတပ္အေျခစိုက္စခန္းတစ္ခုတည္ေထာင္ဖို႔ ႐ုရွားနဲ႔ဆူဒန္ႏိုင္ငံတို႔က သေဘာတူညီခဲ့ၾကတယ္လို႔ ဆူဒန္ႏိုင္ငံျခားေရးဝန္ႀကီး Ali Youssef Ahmed Al-Sharifကေျပာၾကားခဲ့ပါတယ္။
ဆူဒန္ႏိုင္ငံမွာ ႐ုရွားေရတပ္အေျခစိုက္စခန္းတစ္ခု တည္ေထာင္ဖို႔ ေဆြးေႏြးမႈေတြ ေအာင္ျမင္စြာၿပီးဆုံးခဲ့ၿပီျဖစ္တယ္လို႔ Ali Youssef Ahmed Al-Sharifက ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။
Ali Youssef Ahmed Al-Sharifက”ဒီကိစၥက အလြန္ကို ႐ိုးရွင္းပါတယ္။ကြၽန္ေတာ့္မွာ ေနာက္ထပ္ေျပာစရာစကားမရွိပါဘူး။အရာအားလုံးမွာ ကြၽန္ေတာ္တို႔သေဘာတူညီၿပီးပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ Ali Youssef Ahmed Al-Sharifဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္းမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
(၂၀၂၀)ခုႏွစ္ ဒီဇင္ဘာလမွာ စတင္ေပၚေပါက္ခဲ့တဲ့ အဲ့ဒီသေဘာတူညီခ်က္ဟာ ႐ုရွားေရတပ္အတြက္ ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာ အေထာက္အကူျပဳ အေဆာက္အဦးတစ္ခု ဖန္တီးမႈကို အေလးေပးေဖာ္ျပထားတယ္လို႔လည္း သိရပါတယ္။အဲ့ဒီေရတပ္အေျခစိုက္စခန္းဟာ သေဘၤာေတြ ျပဳျပင္မႈနဲ႔ ျပန္လည္ေထာက္ပံ့ေရးအတြက္ အခ်က္အခ်ာေနရာတစ္ခုအျဖစ္ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အဲ့ဒီေရတပ္အေျခစိုက္စခန္းအတြင္းမွာ ဝန္ထမ္းအင္အားကို (၃၀၀)အထိ ထားရွိသြားမွာျဖစ္ၿပီး ႐ုရွားသေဘၤာ(၄)စင္းကို တစ္ခ်ိန္တည္းမွာပဲ စခန္းခ်ခြင့္ျပဳထားမွာျဖစ္တယ္လို႔လည္းသိရပါတယ္။