ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းအစိုးရပြော
![](/img/icon_eye.svg)
1701
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ad99d34e76b122a039c1d6/banner-67ad99d34e76b122a039c1d6-x800.jpg)
Pika
နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ယူကရိန်းဘက်က အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ယူမာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီတွေထောက်ပံ့မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဘရပ်ဆဲလ်မြို့မှာ ယူကရိန်းရဲ့ကျောထောက်နောက်ခံနိုင်ငံတွေနဲ့ တွေ့ဆုံမှုအပြီးမှာ အဲ့ဒီထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အဲ့ဒီအစည်းအဝေးကို ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟယ်လီက ဦးဆောင်ဆောင်ရွက်ခဲ့ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးအသစ် ပီတီဟတ်ဆတ်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီအစည်းအဝေးအတွင်း ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊လေကြောင်းနဲ့ ခဲယမ်းမီးကျည်တွေ အချိန်မီပို့ဆောင်ဖို့အတွက် ဦးစားပေးဆွေးနွေးခဲ့ပေမယ့်လည်း ရုရှားနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိတာကို ရူစတန်ယူမာရော့ဗ်က အချက်ပြခဲ့တာလည်းဖြစ်ပါတယ်။
ရူစတန်ယူမာရော့ဗ်က”စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ယူကရိန်းဘက်က အဆင်သင့်ပါပဲ။ဒါပေမယ့်လည်း ယူကရိန်းက စစ်မြေပြင်မှာ အားကောင်းနေမှသာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့ပေးမှုအများစုကို ရပ်ဆိုင်းခဲ့ပြီးနောက် ယခုလိုမှတ်ချက်ပြုပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
Zawgyi Version:
႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ယူကရိန္းအစိုးရေျပာ
Pika
ႏွစ္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ယူကရိန္းဘက္က အဆင္သင့္ျဖစ္ေနၿပီလို႔ ယူကရိန္းကာကြယ္ေရးဝန္ႀကီး ႐ူစတန္ယူမာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းကို စစ္ေရးအကူအညီေတြေထာက္ပံ့မႈနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔အတြက္ ဘရပ္ဆဲလ္ၿမိဳ႕မွာ ယူကရိန္းရဲ႕ေက်ာေထာက္ေနာက္ခံႏိုင္ငံေတြနဲ႔ ေတြ႕ဆုံမႈအၿပီးမွာ အဲ့ဒီထုတ္ျပန္ေၾကညာခ်က္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
အဲ့ဒီအစည္းအေဝးကို ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဂြၽန္ဟယ္လီက ဦးေဆာင္ေဆာင္႐ြက္ခဲ့ၿပီး အေမရိကန္ကာကြယ္ေရးဝန္ႀကီးအသစ္ ပီတီဟတ္ဆတ္လည္း တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။အဲ့ဒီအစည္းအေဝးအတြင္း ယူကရိန္းကို ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊ေလေၾကာင္းနဲ႔ ခဲယမ္းမီးက်ည္ေတြ အခ်ိန္မီပို႔ေဆာင္ဖို႔အတြက္ ဦးစားေပးေဆြးေႏြးခဲ့ေပမယ့္လည္း ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ ပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ဆႏၵရွိတာကို ႐ူစတန္ယူမာေရာ့ဗ္က အခ်က္ျပခဲ့တာလည္းျဖစ္ပါတယ္။
႐ူစတန္ယူမာေရာ့ဗ္က”စစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ယူကရိန္းဘက္က အဆင္သင့္ပါပဲ။ဒါေပမယ့္လည္း ယူကရိန္းက စစ္ေျမျပင္မွာ အားေကာင္းေနမွသာ တရားမွ်တၿပီး ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္မွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ယူကရိန္းကို စစ္ေရးအကူအညီေထာက္ပံ့ေပးမႈအမ်ားစုကို ရပ္ဆိုင္းခဲ့ၿပီးေနာက္ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။