ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နှစ်ရက်တိုး၍ ကျင်းပသွားမည်

404

ယွန်း(NP News)- ဖေဖော်ဝါရီ ၁၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နှစ်ရက်တိုး၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ အသိပေးထားသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၀)ရက်မှ ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ပြည်သူများနှင့် MSME လုပ်ငန်းရှင်များက လာရောက်ကြသည့်အတွက် ပြပွဲကို ဖေဖော်ဝါရီ(၁၅)ရက်နှင့် (၁၆) ရက် နှစ်ရက်တိုး၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းများအတွက် လိုအပ်သည့်ငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်(၁၆)ခုတို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ကြောင်း SME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲကို ႏွစ္ရက္တိုး၍ က်င္းပသြားမည္
ယြန္း(NP News)- ေဖေဖာ္ဝါရီ ၁၄
(၇၈)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အထိမ္းအမွတ္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲကို ႏွစ္ရက္တိုး၍ က်င္းပသြားမည္ျဖစ္ေၾကာင္း ၿပိဳင္ပြဲက်င္းပေရးဆပ္ေကာ္မတီမွ အသိေပးထားသည္။
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲကို ေနျပည္ေတာ္ ဥပၸါတသႏၲိေစတီေတာ္အနီးရွိ တေပါင္းကြင္း၌ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၀)ရက္မွ ယေန႔ (ေဖေဖာ္ဝါရီ ၁၄ ရက္)အထိ က်င္းပလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါျပပြဲသို႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဝန္ထမ္းမ်ား၊ ျပည္သူမ်ားႏွင့္ MSME လုပ္ငန္းရွင္မ်ားက လာေရာက္ၾကသည့္အတြက္ ျပပြဲကို ေဖေဖာ္ဝါရီ(၁၅)ရက္ႏွင့္ (၁၆) ရက္ ႏွစ္ရက္တိုး၍ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ MSME လုပ္ငန္းရွင္မ်ားအေနျဖင့္ မိမိတို႔၏ လုပ္ငန္းတိုးခ်ဲ႕ေဆာင္႐ြက္ျခင္း၊ စက္ပစၥည္းဝယ္ယူျခင္းႏွင့္ ကုန္ၾကမ္းဝယ္ယူျခင္းမ်ားအတြက္ လိုအပ္သည့္ေငြမ်ားကို ျမန္မာ့စီးပြားေရးဘဏ္၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ႏွင့္ ပုဂၢလိကဘဏ္(၁၆)ခုတို႔မွ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေခ်းေငြရယူလိုသည့္ MSME လုပ္ငန္းရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ MSME ေအဂ်င္စီမ်ားႏွင့္ ဆက္သြယ္၍ ေခ်းေငြမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း SME ဖြံ႕ၿဖိဳးတိုးတက္ေရး ရန္ပုံေငြစီမံခန႔္ခြဲမႈအဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။