နယ်မြေသိမ်းယူပြီး သူတစ်လူငါတစ်မင်းလုပ်ရပ်များသည် ဖက်ဒရယ်နှင့် ဆန့်ကျင်ပြီး War Lord ပုံစံ ဖြစ်နေ

2751

Pearl ( NP News ) ဖေဖော်ဝါရီ (၁၄)
နယ်မြေ သိမ်းယူပြီး သူတစ်လူငါတစ်မင်းလုပ်ရပ်များသည် ဖက်ဒရယ်နှင့်ဆန့်ကျင်ပြီး စစ်ဘုရင်( War Lord ) ပုံစံ ဖြစ်နေကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦး က NP News သတင်းဌာနကို ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ချင်းလက်နက်ကိုင်များ ထိန်းချုပ်ရာ မင်းတပ်မြို့အတွင်း ပြန်နေထိုင်လိုပါက ရံပုံငွေ ထည့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသကဲ့သို့ ကယားလက်နက်ကိုင်များကလည်း ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင် နေထိုင်၊ ဝင်ရောက်လိုပါက ပြည်နယ်ခြားဖြတ်သန်း ခွင့် ကတ်ပြား လိုအပ်ကြောင်း ဆိုလာသည်။
ထို့အပြင် TNLA ထိန်းချုပ်ရာနယ်မြေတွင်လည်း ဒေသခံ ရှမ်းတိုင်းရင်းသားများ အပေါ် မျက်ကွယ်ပြုကာ ပလောင်ပဓာန မူဝါဒ ကျင့်သုံးခြင်းများလည်း ရှိနေပြီး စာပေသင်ကြားရာတွင် ပလောင်စာကိုလည်း ဘာသာရပ် တစ်ခုအဖြစ်သင်ယူရန် အတင်းအကြပ် စေခိုင်းနေကြောင်း သိရသည်။
“ဘယ်လိုပဲတိုင်းရင်းသားအခွင့်အရေးအရ နယ်မြေတွေပြန်ယူရတာတို့၊ သူတို့အခွင့်အရေးကို ဘယ်လို ရအောင်တိုက်ယူ ရတာတို့ ဘယ်လောက်ပြောနေပြောနေ အခုလုပ်နေတဲ့လုပ်ရပ်က War Lord ပုံစံဆီကို ရောက်သွားပြီ။ သူ့မြေကို သူပိုင်တယ်။ ဒါကြောင့် ငါအုပ်ချုပ်ချင်သလို အုပ်ချုပ်မယ်ဆိုတဲ့ပုံစံမျိုး။ ဆိုတော့ မြန်မာ စကားပုံအရပြောရရင် အိမ်ကြီးပေါ် အိမ်ငယ်ဆောက်တာပေါ့ “ ဟု ဦးသန်းထွန်းဦးက ဆိုသည်။
နယ်မြေထိန်းချုပ်နေသော လက်နက်ကိုင်များ၏ လုပ်ရပ်များသည် ညှိနှိုင်းနိုင်သော အနေအထားမှ ညှိမရသော အနေအထားသို့ ဦးတည်နေပြီး ဖက်ဒရယ်စနစ်ကို ထူထောင်လိုပါက အပြုအမူများကို ပြောင်းလဲရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“နယ်မြေတွေ ထိန်းချုပ်ထားတယ်ဆိုပြီးတော့ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အပိုင်းအားဖြင့် သူတို့ တကယ် တမ်းလိုချင်နေတာ ဖက်ဒရယ်မဟုတ်ဘူးဆိုတာပေါ်လွင်နေတယ်။ တိုင်းရင်းသားတန်းတူညီမျှရေးလို့ ဘယ်လောက်ပဲ အော်အော် War Lord ပုံစံ သွားတဲ့ ရည်ရွယ်ချက်ကို ထင်ထင်လင်းလင်း မြင်နေရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း သေချာတာကတော့ သူတို့လိုချင်တဲ့ အနေအထားရှိ ရနိုင်တာမျိုး တွေမမြင် တော့ဘူး။ ဘာလို့လဲဆိုတော့ ညှိနှိုင်းလို့ရတဲ့အနေအထားကနေပြီး ညှိနှိုင်းလို့မရတော့တဲ့အနေအထားကို သူတို့ဦးတည်နေလို့ပဲ။ အဲဒီတော့ ကိုယ့်ဘာသာနားလည် သဘောပေါက်ပြီးတော့ တကယ်ကို ဖက်ဒရယ်ပုံစံသွားချင်တယ်ဆိုရင် သူတို့ရဲ့အပြုအမူလေးတွေပြောင်းဖို့တော့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ ဒါတွေက ရှေ့သွားရမယ့်လမ်းခရီးအတွက် ကောင်းတဲ့အလားအလာတော့ ဖြစ်လာမှာမဟုတ်ဘူး” ဟု ဦးသိန်းထွန်းဦး က ပြောသည်။
Zawgyi Version:
နယ္ေျမသိမ္းယူၿပီး သူတစ္လူငါတစ္မင္းလုပ္ရပ္မ်ားသည္ ဖက္ဒရယ္ႏွင့္ ဆန႔္က်င္ၿပီး War Lord ပုံစံ ျဖစ္ေန
Pearl
နယ္ေျမ သိမ္းယူၿပီး သူတစ္လူငါတစ္မင္းလုပ္ရပ္မ်ားသည္ ဖက္ဒရယ္ႏွင့္ဆန႔္က်င္ၿပီး စစ္ဘုရင္( War Lord ) ပုံစံ ျဖစ္ေနေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦး က NP News ဂ်ာနယ္ကို ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ခ်င္းလက္နက္ကိုင္မ်ား ထိန္းခ်ဳပ္ရာ မင္းတပ္ၿမိဳ႕အတြင္း ျပန္ေနထိုင္လိုပါက ရံပုံေငြ ထည့္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသကဲ့သို႔ ကယားလက္နက္ကိုင္မ်ားကလည္း ၎တို႔ ထိန္းခ်ဳပ္ရာ ေဒသတြင္ ေနထိုင္၊ ဝင္ေရာက္လိုပါက ျပည္နယ္ျခားျဖတ္သန္း ခြင့္ ကတ္ျပား လိုအပ္ေၾကာင္း ဆိုလာသည္။
ထို႔အျပင္ TNLA ထိန္းခ်ဳပ္ရာနယ္ေျမတြင္လည္း ေဒသခံ ရွမ္းတိုင္းရင္းသားမ်ား အေပၚ မ်က္ကြယ္ျပဳကာ ပေလာင္ပဓာန မူဝါဒ က်င့္သုံးျခင္းမ်ားလည္း ရွိေနၿပီး စာေပသင္ၾကားရာတြင္ ပေလာင္စာကိုလည္း ဘာသာရပ္ တစ္ခုအျဖစ္သင္ယူရန္ အတင္းအၾကပ္ ေစခိုင္းေနေၾကာင္း သိရသည္။
“ဘယ္လိုပဲတိုင္းရင္းသားအခြင့္အေရးအရ နယ္ေျမေတြျပန္ယူရတာတို႔၊ သူတို႔အခြင့္အေရးကို ဘယ္လို ရေအာင္တိုက္ယူ ရတာတို႔ ဘယ္ေလာက္ေျပာေနေျပာေန အခုလုပ္ေနတဲ့လုပ္ရပ္က War Lord ပုံစံဆီကို ေရာက္သြားၿပီ။ သူ႔ေျမကို သူပိုင္တယ္။ ဒါေၾကာင့္ ငါအုပ္ခ်ဳပ္ခ်င္သလို အုပ္ခ်ဳပ္မယ္ဆိုတဲ့ပုံစံမ်ိဳး။ ဆိုေတာ့ ျမန္မာ စကားပုံအရေျပာရရင္ အိမ္ႀကီးေပၚ အိမ္ငယ္ေဆာက္တာေပါ့ “ ဟု ဦးသန္းထြန္းဦးက ဆိုသည္။
နယ္ေျမထိန္းခ်ဳပ္ေနေသာ လက္နက္ကိုင္မ်ား၏ လုပ္ရပ္မ်ားသည္ ညႇိႏႈိင္းႏိုင္ေသာ အေနအထားမွ ညႇိမရေသာ အေနအထားသို႔ ဦးတည္ေနၿပီး ဖက္ဒရယ္စနစ္ကို ထူေထာင္လိုပါက အျပဳအမူမ်ားကို ေျပာင္းလဲရန္ လိုအပ္ေၾကာင္း ၎က ဆိုသည္။
“နယ္ေျမေတြ ထိန္းခ်ဳပ္ထားတယ္ဆိုၿပီးေတာ့ လုပ္ခ်င္သလို လုပ္မယ္ဆိုတဲ့အပိုင္းအားျဖင့္ သူတို႔ တကယ္ တမ္းလိုခ်င္ေနတာ ဖက္ဒရယ္မဟုတ္ဘူးဆိုတာေပၚလြင္ေနတယ္။ တိုင္းရင္းသားတန္းတူညီမွ်ေရးလို႔ ဘယ္ေလာက္ပဲ ေအာ္ေအာ္ War Lord ပုံစံ သြားတဲ့ ရည္႐ြယ္ခ်က္ကို ထင္ထင္လင္းလင္း ျမင္ေနရတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္လည္း ေသခ်ာတာကေတာ့ သူတို႔လိုခ်င္တဲ့ အေနအထားရွိ ရႏိုင္တာမ်ိဳး ေတြမျမင္ ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ညႇိႏႈိင္းလို႔ရတဲ့အေနအထားကေနၿပီး ညႇိႏႈိင္းလို႔မရေတာ့တဲ့အေနအထားကို သူတို႔ဦးတည္ေနလို႔ပဲ။ အဲဒီေတာ့ ကိုယ့္ဘာသာနားလည္ သေဘာေပါက္ၿပီးေတာ့ တကယ္ကို ဖက္ဒရယ္ပုံစံသြားခ်င္တယ္ဆိုရင္ သူတို႔ရဲ႕အျပဳအမူေလးေတြေျပာင္းဖို႔ေတာ့ လိုပါလိမ့္မယ္။ မဟုတ္ရင္ေတာ့ ဒါေတြက ေရွ႕သြားရမယ့္လမ္းခရီးအတြက္ ေကာင္းတဲ့အလားအလာေတာ့ ျဖစ္လာမွာမဟုတ္ဘူး” ဟု ဦးသိန္းထြန္းဦး က ေျပာသည္။