ရုရှားနဲ့ အမေရိကန်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးမယ့်အစည်းအဝေးကို ယူကရိန်းကို ဖိတ်ကြားခြင်းမရှိဟုဆို

536

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၆
ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားနဲ့ အမေရိကန်နိုင်ငံကြားတွေ့ဆုံဆွေးနွေးမယ့် ဆွေးနွေးပွဲကို ယူကရိန်းနိုင်ငံကိုတရားဝင်ဖိတ်ကြားထားတာမျိုးမရှိသေးကြောင်းအတည်ပြုပြောဆိုလိုက်ပါတယ်။ အမေရိကန် နဲ့ ရုရှားအစိုးရတာဝန်ရှိသူတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ဆော်ဒီအာရေဗျ နိုင်ငံမှာတွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
ရုရှားသမ္မတပူတင် နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့ဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုရှားသမ္မတ နဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကြားတွေ့ဆုံဆွေးနွေးမှုတွေဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခေါင်းဆောင်နှစ်ဦး ပထမဆုံးအကြိမ် တိုက်ရိုက်ဖုန်းဆက်ဆွေးနွေးခြင်းမျိုးဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ထိပ်တန်းသံတမန်တွေဟာ ရုရှား-အမေရိကန်အဆင့်မြင့်အရာရှိကြီးများပါဝင်မယ့် ထိပ်သီးအစည်းအဝေးကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရုရှားအစိုးရကအသေးစိတ်ပြောဆိုခြင်းမရှိသေးပေမယ့် အမေရိကန်နိုင်ငံ ကိုယ်စားပြုဆွေးနွေးမယ့်သူများထဲမှာ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ယူကရိန်းသမ္မတက "ရုရှား နဲ့ အမေရိကန်နိုင်ငံကြားတွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ရဲ့စားပွဲပေါ်မှာ တစ်ခုခုရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်တို့ကတော့ အဲဒီဆွေးနွေးပွဲစားပွဲပေါ်မှာ ပါဝင်မှာ မဟုတ်ဘူး။
ယူကရိန်းအတွက် ဖိတ်ကြားတာတွေလည်း မရှိပါဘူး။ တရားဝင်ဖိတ်စာလည်း မရဘူး၊ အမေရိကန် နဲ့ ရုရှားနိုင်ငံတို့ရဲအမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေကြားတွေ့ဆုံဆွေးနွေးမှာဖြစ်တယ်" လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတတို့ဟာ ဒီလအတွင်း တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ ယူကရိန်းသမ္မတက ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရယူနိုင်ဖို့ ရုရှားသမ္မတပူတင် အလိုရှိတဲ့ ပုံစံမျိုးအတိုင်းလုပ်ဆောင်ပေးဖို့ လိုလားနေတယ်လို့လည်း ဝေဖန်ထားပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ အေမရိကန္တာဝန္ရွိသူမ်ားေတြ႕ဆုံေဆြးေႏြးမယ့္အစည္းအေဝးကို ယူကရိန္းကို ဖိတ္ၾကားျခင္းမရွိဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ယူကရိန္းသမၼတဇီလန္စကီးက ႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံၾကားေတြ႕ဆုံေဆြးေႏြးမယ့္ ေဆြးေႏြးပြဲကို ယူကရိန္းႏိုင္ငံကိုတရားဝင္ဖိတ္ၾကားထားတာမ်ိဳးမရွိေသးေၾကာင္းအတည္ျပဳေျပာဆိုလိုက္ပါတယ္။ အေမရိကန္ နဲ႔ ႐ုရွားအစိုးရတာဝန္ရွိသူေတြဟာ လာမယ့္ရက္ပိုင္းအတြင္း ေဆာ္ဒီအာေရဗ် ႏိုင္ငံမွာေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။
႐ုရွားသမၼတပူတင္ နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ႐ုရွားအစိုးရတာဝန္ရွိသူေတြနဲ႔ေဆြးေႏြးမယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ႐ုရွားသမၼတ နဲ႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္ၾကားေတြ႕ဆုံေဆြးေႏြးမႈေတြဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ငံေခါင္းေဆာင္ႏွစ္ဦး ပထမဆုံးအႀကိမ္ တိုက္႐ိုက္ဖုန္းဆက္ေဆြးေႏြးျခင္းမ်ိဳးျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံတို႔ရဲ႕ထိပ္တန္းသံတမန္ေတြဟာ ႐ုရွား-အေမရိကန္အဆင့္ျမင့္အရာရွိႀကီးမ်ားပါဝင္မယ့္ ထိပ္သီးအစည္းအေဝးက်င္းပဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ႐ုရွားအစိုးရကအေသးစိတ္ေျပာဆိုျခင္းမရွိေသးေပမယ့္ အေမရိကန္ႏိုင္ငံ ကိုယ္စားျပဳေဆြးေႏြးမယ့္သူမ်ားထဲမွာ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပးျဖစ္သူ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ယူကရိန္းသမၼတက "႐ုရွား နဲ႔ အေမရိကန္ႏိုင္ငံၾကားေတြ႕ဆုံေဆြးေႏြးမယ့္အစီအစဥ္ရဲ႕စားပြဲေပၚမွာ တစ္ခုခုရွိေကာင္းရွိႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ အဲဒီေဆြးေႏြးပြဲစားပြဲေပၚမွာ ပါဝင္မွာ မဟုတ္ဘူး။
ယူကရိန္းအတြက္ ဖိတ္ၾကားတာေတြလည္း မရွိပါဘူး။ တရားဝင္ဖိတ္စာလည္း မရဘူး၊ အေမရိကန္ နဲ႔ ႐ုရွားႏိုင္ငံတို႔ရဲအမ်ိဳးသားလုံၿခဳံေရး အႀကံေပးအရာရွိေတြၾကားေတြ႕ဆုံေဆြးေႏြးမွာျဖစ္တယ္" လို႔ ေျပာပါတယ္။
႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတတို႔ဟာ ဒီလအတြင္း ေတြ႕ဆုံေဆြးေႏြးမယ္လို႔ သတင္းေတြလည္းထြက္ေပၚေနပါတယ္။ ယူကရိန္းသမၼတက ေဒၚနယ္ထရမ့္ဟာ ယူကရိန္းစစ္ပြဲ ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔ ႐ုရွားသမၼတပူတင္ အလိုရွိတဲ့ ပုံစံမ်ိဳးအတိုင္းလုပ္ေဆာင္ေပးဖို႔ လိုလားေနတယ္လို႔လည္း ေဝဖန္ထားပါတယ္။