ရုရှားက နေတိုးအဖွဲ့ကို စစ်ခင်းနိုင်တယ်လို့ ယူကရိန်းသမ္မတ ယုံကြည်နေ

 650

Pika (NP News) - ဖေဖော်ဝါရီ ၁၇

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ထောက်ခံမှုတွေလျော့နည်းသွားခဲ့မယ်ဆိုရင် အားနည်းလာနိုင်တဲ့ နေတိုးအဖွဲ့ ကို ရုရှားက စစ်ခင်းဖို့ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ယုံကြည်နေတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ရုရှားသမ္မတ ပူတင်ကို တွန်းအားပေးနိုင်ပေမယ့်လည်း ဘယ်တော့မှ ပူတင်ကို မယုံကြည်သင့်ဘူးလို့လည်း ဇီလန်စကီးက ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးက “ပူတင်က နေတိုးအဖွဲ့ကို စစ်ခင်းလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပူတင်က နေတိုးအဖွဲ့ အားနည်းလာတာကို စောင့်ဆိုင်းနေတာ ဖြစ်နိုင်ပါတယ်။ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုတွေသာ လျော့နည်းသွားခဲ့ မယ်ဆိုရင် နေတိုးအဖွဲ့က အားနည်းသွားမှဦပါ” လို့ ပြောခဲ့ပါတယ်။
နေတိုးအဖွဲ့သာ အားနည်းလာမယ်ဆိုရင် ရုရှားအစိုးရဟာ နယ်မြေချဲ့ထွင်ရေးအသွင်ကို လျင်မြန်စွာ ကူးပြောင်းသွား လိမ့်မယ်လို့လည်း ဇီလန်စကီးက ပြောခဲ့ပါတယ်။ ဇီလန်စကီးက “ရုရှားက ဥရောပရဲ့ (၃၀) ရာခိုင်နှုန်း ဒါမှမဟုတ် (၅၀) ရာခိုင်နှုန်းကို လိုချင်နေတာလားဆိုတာ ဘယ်သူမှသိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက ဖြစ်နိုင်ခြေ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဥရောပတိုက်ရဲ့ခေါင်းဆောင်တွေအနေနဲ့ လုံခြုံရေးပိုင်းအတွက် ယူကရိန်းတပ်ဖွဲ့တစ်ခုတည်းက မလုံလောက်တာမလို့ ကိုယ်ပိုင်တပ်ဖွဲ့တွေကို ဖန်တီးဖို့ လိုအပ်တယ်လို့လည်း ဇီလန်စကီးက ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွားက ေနတိုးအဖြဲ႕ကို စစ္ခင္းႏိုင္တယ္လို႔ ယူကရိန္းသမၼတ ယုံၾကည္ေန
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇

အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ေထာက္ခံမႈေတြေလ်ာ့နည္းသြားခဲ့မယ္ဆိုရင္ အားနည္းလာႏိုင္တဲ့ ေနတိုးအဖြဲ႕ ကို ႐ုရွားက စစ္ခင္းဖို႔ျပင္ဆင္ေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ယုံၾကည္ေနတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး အပစ္အခတ္ရပ္စဲေရးေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔ ႐ုရွားသမၼတ ပူတင္ကို တြန္းအားေပးႏိုင္ေပမယ့္လည္း ဘယ္ေတာ့မွ ပူတင္ကို မယုံၾကည္သင့္ဘူးလို႔လည္း ဇီလန္စကီးက ေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးက “ပူတင္က ေနတိုးအဖြဲ႕ကို စစ္ခင္းလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။ ပူတင္က ေနတိုးအဖြဲ႕ အားနည္းလာတာကို ေစာင့္ဆိုင္းေနတာ ျဖစ္ႏိုင္ပါတယ္။ေဒၚနယ္ထရမ့္ရဲ႕ ေထာက္ခံမႈေတြသာ ေလ်ာ့နည္းသြားခဲ့ မယ္ဆိုရင္ ေနတိုးအဖြဲ႕က အားနည္းသြားမွဦပါ” လို႔ ေျပာခဲ့ပါတယ္။
ေနတိုးအဖြဲ႕သာ အားနည္းလာမယ္ဆိုရင္ ႐ုရွားအစိုးရဟာ နယ္ေျမခ်ဲ႕ထြင္ေရးအသြင္ကို လ်င္ျမန္စြာ ကူးေျပာင္းသြား လိမ့္မယ္လို႔လည္း ဇီလန္စကီးက ေျပာခဲ့ပါတယ္။ ဇီလန္စကီးက “႐ုရွားက ဥေရာပရဲ႕ (၃၀) ရာခိုင္ႏႈန္း ဒါမွမဟုတ္ (၅၀) ရာခိုင္ႏႈန္းကို လိုခ်င္ေနတာလားဆိုတာ ဘယ္သူမွသိၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒါက ျဖစ္ႏိုင္ေျခ ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဥေရာပတိုက္ရဲ႕ေခါင္းေဆာင္ေတြအေနနဲ႔ လုံၿခဳံေရးပိုင္းအတြက္ ယူကရိန္းတပ္ဖြဲ႕တစ္ခုတည္းက မလုံေလာက္တာမလို႔ ကိုယ္ပိုင္တပ္ဖြဲ႕ေတြကို ဖန္တီးဖို႔ လိုအပ္တယ္လို႔လည္း ဇီလန္စကီးက ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.