စျေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ သုံးစွဲရန်မသင့်ကြောင်း FDA သတိပေး

 894

Pearl (NP News) - ဖေဖော်ဝါရီ ၁၇

စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ ရောင်းချမှုများရှိနေပြီး သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ (ဖေဖော်ဝါရီလ ၁၇ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။


အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိပြီး အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများကို ဈေးကွက်အတွင်းရောင်းချနေခြင်းအားတွေ့ရှိရသည်ဟုဆိုသည်။


ထိုသို့တွေ့ရှိရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် နှင့် သုံးစွဲခြင်းမှရှောင်ကျဉ်နိုင်ရန် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို FDA က နှိုင်းယှဉ်အသိ ပေးထုတ်ပြန်ထားသည်။

တရားဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင် အမှတ် (Mya Reg 2807EA02536) ပါရှိကြောင်း သိရသည်။ စာသားများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် တရားမဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့်အပြင် စာသားများမှာ ပါကစ္စတန်ဘာသာဖြင့် ဖော်ပြထားကြောင်း FDA က အသိပေး ထားသည်။

Zawgyi Version:
ေစ်းကြက္အတြင္း ေဆးဝါးမွတ္ပုံတင္မရွိေသာ OXYTOCIN ေဆးမ်ား သုံးစြဲရန္မသင့္ေၾကာင္း FDA သတိေပး
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၇

ေစ်းကြက္အတြင္း၌ ေဆးဝါးမွတ္ပုံတင္မရွိေသာ OXYTOCIN ေဆးမ်ား ေရာင္းခ်မႈမ်ားရွိေနၿပီး သုံးစြဲရန္ မသင့္ေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က ယေန႔ (ေဖေဖာ္ဝါရီလ ၁၇ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။


အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနအေနျဖင့္ ေဈးကြက္ရွိေဆးဝါးမ်ားကို ပုံမွန္စစ္ေဆးလ်က္ရွိၿပီး အရည္အေသြး၊ အာနိသင္၊ ေဘးအႏၲရာယ္အာမခံခ်က္မရွိသည့္ ေဆးဝါးမွတ္ပုံတင္မရွိေသာ OXYTOCIN ေဆးမ်ားကို ေဈးကြက္အတြင္းေရာင္းခ်ေနျခင္းအားေတြ႕ရွိရသည္ဟုဆိုသည္။


ထိုသို႔ေတြ႕ရွိရသျဖင့္ ျပည္သူမ်ား သတိျပဳႏိုင္ရန္ ႏွင့္ သုံးစြဲျခင္းမွေရွာင္က်ဥ္ႏိုင္ရန္ မွတ္ပုံတင္ရွိေသာေဆးဝါးႏွင့္ တရားမဝင္ေဆးဝါးမ်ားကို FDA က ႏႈိင္းယွဥ္အသိ ေပးထုတ္ျပန္ထားသည္။

တရားဝင္ တင္သြင္းထားေသာ OXYTOCIN ေဆးဘူးႏွင့္ ေဆးကဒ္မ်ားတြင္ ျမန္မာႏိုင္ငံ၏ ေဆးဝါးမွတ္ပုံတင္ အမွတ္ (Mya Reg 2807EA02536) ပါရွိေၾကာင္း သိရသည္။ စာသားမ်ားကိုလည္း အဂၤလိပ္ဘာသာျဖင့္ ေဖာ္ျပထားေၾကာင္း သိရသည္။

ထို႔ျပင္ တရားမဝင္ တင္သြင္းထားေသာ OXYTOCIN ေဆးဘူးႏွင့္ ေဆးကဒ္မ်ားတြင္ ျမန္မာႏိုင္ငံ၏ ေဆးဝါးမွတ္ပုံတင္အမွတ္မပါရွိသည့္အျပင္ စာသားမ်ားမွာ ပါကစၥတန္ဘာသာျဖင့္ ေဖာ္ျပထားေၾကာင္း FDA က အသိေပး ထားသည္။

Related news

© 2021. All rights reserved.