စားအုန်းဆီဈေးဆက်တိုက်ကျဆင်းပြီး တစ်ပိသာလျှင် ခုနှစ်ထောင်ကျပ် ဝန်းကျင်သာရှိနေ

478

NP News ဖေဖေါ်ဝါရီ (၁၇)
မြန်မာနိုင်ငံ၏အဓိကစားသောက်ကုန်ဖြစ်သော စားအုန်းဆီ သည် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ်ကျ ဆင်းလာပြီးယခင်သီတင်းပါတ်တွင် တစ်ပိသာလျှင်၇၄၇၅ကျပ် ဝန်းကျင်မှ လက်ရှိအချိန်တွင် ၆၉၈၅ကျပ် ဝန်းကျင်သို့ကျဆင်း လာခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ စားသုံးသူရေးရာဦးစီးဌာနမှ ဖေဖေါ်ဝါရီ (၁၇)ရက် မှ (၂၃)ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီဈေးနှုန်းကို တစ်ပိဿာလျှင် ၆၉၈၅ ကျပ် သတ်မှတ်ထား ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၀ ရက်မှ ဖေဖေါ်ဝါရီ ၁၆ ရက်အထိ တစ်ပတ်တာအတွက် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာလျှင်(၇၄၇၅) ကျပ်ဖြစ်သည့် အတွက် ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှုန်း (၄၉၀)ကျပ် ကျဆင်းလာကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန် (၁၂)သိန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကာ စားအုန်းဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။လမည့်ရက်များအတွင်းဒေါ်လာဈေးအပေါ်မှုတည်ကာ စားအုန်းဆီဈေးအကျပိုင်းတွင် ဆက်လက် ရပ်တည်နေမည်ဖြစ်သည်။
Zawgyi Version:
စားအုန္းဆီေဈးဆက္တိုက္က်ဆင္းၿပီး တစ္ပိသာလွ်င္ ခုႏွစ္ေထာင္က်ပ္ ဝန္းက်င္သာရွိေန
NP News ေဖေဖၚဝါရီ (၁၇)
ျမန္မာႏိုင္ငံ၏အဓိကစားေသာက္ကုန္ျဖစ္ေသာ စားအုန္းဆီ သည္ ယခုရက္ပိုင္းအတြင္း ေဈးႏႈန္းအနည္းငယ္က် ဆင္းလာၿပီးယခင္သီတင္းပါတ္တြင္ တစ္ပိသာလွ်င္၇၄၇၅က်ပ္ ဝန္းက်င္မွ လက္ရွိအခ်ိန္တြင္ ၆၉၈၅က်ပ္ ဝန္းက်င္သို႔က်ဆင္း လာျခင္းျဖစ္သည္။
သက္ဆိုင္ရာ၏ စားသုံးသူေရးရာဦးစီးဌာနမွ ေဖေဖၚဝါရီ (၁၇)ရက္ မွ (၂၃)ရက္အထိ ရန္ကုန္အထိုင္ စားအုန္းဆီေဈးႏႈန္းကို တစ္ပိႆာလွ်င္ ၆၉၈၅ က်ပ္ သတ္မွတ္ထား ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေဖေဖၚဝါရီ ၁၀ ရက္မွ ေဖေဖၚဝါရီ ၁၆ ရက္အထိ တစ္ပတ္တာအတြက္ စားအုန္းဆီရည္ၫႊန္းေဈးသည္ တစ္ပိႆာလွ်င္(၇၄၇၅) က်ပ္ျဖစ္သည့္ အတြက္ ယခုတစ္ပတ္တြင္ စားအုန္းဆီေဈးႏႈန္း (၄၉၀)က်ပ္ က်ဆင္းလာေၾကာင္း သိရသည္။
ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းအပါအဝင္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္ (၁၂)သိန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ကိုးသိန္းခန႔္ တင္သြင္းေနရကာ စားအုန္းဆီကို မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔မွ အမ်ားဆုံး တင္သြင္းလ်က္ရွိေၾကာင္း သိရသည္။လမည့္ရက္မ်ားအတြင္းေဒၚလာေဈးအေပၚမႈတည္ကာ စားအုန္းဆီေဈးအက်ပိုင္းတြင္ ဆက္လက္ ရပ္တည္ေနမည္ျဖစ္သည္။