One ပွဲဦးထွက် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ထိုင်းတွင် ထင်ရှားသည့် ဘုရင့်သားတော် ၏ ချီးကျူးမှုကို လက်ဝှေ့မယ် ဗရော်နီကာ ရရှိခဲ့

 1426

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၇
မကြာသေးမီအချိန် က One Championship တွင် စာချုပ်ချုပ်ဆိုခွင့် ရပြီးနောက် ပွဲဦးထွက် ပြိုင်ပွဲ တွင် ရှုံးနိမ့်ခဲ့သော်လည်း လက်ဝှေ့မယ် ဗရော်နီကာ သည် ထိုင်းနိုင်ငံတွင် ထင်ရှားသော လက်ရှိ ဘုရင့်သားတော် ၏ ချီးကျူးမှုကို လက်ခံ ရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်က ယှဉ်ပြိုင်သော One Championship ပွဲစဉ်တွင် ပြိုင်ဘက် ချီလီကစားသမားကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သော်လည်း ဗရော်နီကာ ၏ စွမ်းဆောင်ရည်ကြောင့် ဗရော်နီကာ နှင့် ပြိုင်ဘက် ကစားသမား ၂ ဦးစလုံး ဘောနပ် ဆုငွေ အဖြစ် ထိုင်းဘတ်ငွေ သုံးသိန်းခွဲစီ ရရှိခဲ့ကြသည်။
မိခင်နှင့် အတူ တော်ဝင်ဘွဲ့ အဆောင်အယောင်များ ရုတ်သိမ်းခံရကာ လက်ရှိ အမေရိကန် နိုင်ငံတွင် နေထိုင်ပြီး ထိုင်းပြည်သူများ အကြား ထင်ရှားသော မင်းသား Vacharaesorn Vivacharawongse က ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှ တဆင့် စာပို့ကာ ချီးကျူးခြင်း ဖြစ်ကြောင်း သိရသည်။
“သူ့ရဲ့အားပေးမှု တဖန်ပြန်ကြားရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပြန်တယ်။ အမြဲတမ်းလေးစားလျှက်ပါ။ အကောင်းဆုံးနဲ့ပြန်လာခဲ့မယ်” ဟု ထိုင်းဘုရင့်သားတော်က ချီးကျူးကြောင်း စာနှင့် အတူ ယခင်ဓာတ်ပုံကို တွဲကာ ဗရော်နီကာ က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြ ထားခြင်း ဖြစ်သည်။
အံ့ဩသင့်စရာ ကောင်းသည့် ပထမဆုံး ပွဲစဉ် ဖြစ်ကြောင်း၊ Bonus ရရှိသည့် အပေါ် ဂုဏ်ပြုကြောင်း နှင့် ဂုဏ်ယူကြောင်း အပြင် အခြား ပွဲစဉ်များကို ဆက်လက် အားပေးမည် ဖြစ်ကြောင်း Vacharaesorn Vivacharawongse က ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

Zawgyi Version:
One ပြဲဦးထြက္ ၿပိဳင္ပြဲတြင္ ရႈံးနိမ့္ခဲ့ေသာ္လည္း ထိုင္းတြင္ ထင္ရွားသည့္ ဘုရင့္သားေတာ္ ၏ ခ်ီးက်ဴးမႈကို လက္ေဝွ႔မယ္ ဗေရာ္နီကာ ရရွိခဲ့
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၇
မၾကာေသးမီအခ်ိန္ က One Championship တြင္ စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ ရၿပီးေနာက္ ပြဲဦးထြက္ ၿပိဳင္ပြဲ တြင္ ရႈံးနိမ့္ခဲ့ေသာ္လည္း လက္ေဝွ႔မယ္ ဗေရာ္နီကာ သည္ ထိုင္းႏိုင္ငံတြင္ ထင္ရွားေသာ လက္ရွိ ဘုရင့္သားေတာ္ ၏ ခ်ီးက်ဴးမႈကို လက္ခံ ရရွိခဲ့ေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီလ ၁၄ ရက္က ယွဥ္ၿပိဳင္ေသာ One Championship ပြဲစဥ္တြင္ ၿပိဳင္ဘက္ ခ်ီလီကစားသမားကို အမွတ္ျဖင့္ ရႈံးနိမ့္ခဲ့ျခင္း ျဖစ္ေသာ္လည္း ဗေရာ္နီကာ ၏ စြမ္းေဆာင္ရည္ေၾကာင့္ ဗေရာ္နီကာ ႏွင့္ ၿပိဳင္ဘက္ ကစားသမား ၂ ဦးစလုံး ေဘာနပ္ ဆုေငြ အျဖစ္ ထိုင္းဘတ္ေငြ သုံးသိန္းခြဲစီ ရရွိခဲ့ၾကသည္။
မိခင္ႏွင့္ အတူ ေတာ္ဝင္ဘြဲ႕ အေဆာင္အေယာင္မ်ား ႐ုတ္သိမ္းခံရကာ လက္ရွိ အေမရိကန္ ႏိုင္ငံတြင္ ေနထိုင္ၿပီး ထိုင္းျပည္သူမ်ား အၾကား ထင္ရွားေသာ မင္းသား Vacharaesorn Vivacharawongse က ေဖ့စ္ဘြတ္ခ္ လူမႈကြန္ယက္မွ တဆင့္ စာပို႔ကာ ခ်ီးက်ဴးျခင္း ျဖစ္ေၾကာင္း သိရသည္။
“သူ႔ရဲ႕အားေပးမႈ တဖန္ျပန္ၾကားရတဲ့အတြက္ အတိုင္းမသိဝမ္းသာပီတိျဖစ္ရျပန္တယ္။ အၿမဲတမ္းေလးစားလွ်က္ပါ။ အေကာင္းဆုံးနဲ႔ျပန္လာခဲ့မယ္” ဟု ထိုင္းဘုရင့္သားေတာ္က ခ်ီးက်ဴးေၾကာင္း စာႏွင့္ အတူ ယခင္ဓာတ္ပုံကို တြဲကာ ဗေရာ္နီကာ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဖာ္ျပ ထားျခင္း ျဖစ္သည္။
အံ့ဩသင့္စရာ ေကာင္းသည့္ ပထမဆုံး ပြဲစဥ္ ျဖစ္ေၾကာင္း၊ Bonus ရရွိသည့္ အေပၚ ဂုဏ္ျပဳေၾကာင္း ႏွင့္ ဂုဏ္ယူေၾကာင္း အျပင္ အျခား ပြဲစဥ္မ်ားကို ဆက္လက္ အားေပးမည္ ျဖစ္ေၾကာင္း Vacharaesorn Vivacharawongse က ေရးသားေပးပို႔ခဲ့ျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.