ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များကို စစ်မှုထမ်းဆင့်ခေါ်သင့်ကြောင်း ပြည်သူ(၆၀ဝဝ)နီးပါးက ဆန္ဒပြု

1201

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၁၈
ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို စစ်မှုထမ်းဆောင် စေရန် စတင်ဆင့်ခေါ်သင့်-မသင့် အရပ်ဘက်စစ်တမ်းတစ်ခု၌ လာရောက်ဖြေဆိုသူ (၆၀ဝဝ)နီး ပါး၏ (၉၅)ရာခိုင်နှုန်းခန့်က ဆင့်ခေါ်သင့်ပြီဟု ထောက်ခံမှတ်ချက်ပြုထားကြောင်း သိရသည်။
Subscribers (၁၀၅, ဝဝဝ) ကျော်ရှိသည့် NP News သတင်းဌာန၏ တယ်လီဂရမ်နှင့် Subscribers (၂၀,ဝဝဝ) ကျော်ရှိသည့် NSS သတင်းဌာန၏ တယ်လီဂရမ်တို့ ၌ “ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးက အနုပညာရှင်တွေကို စစ်မှုထမ်းအတွက် ဆင့်ခေါ်သင့်ပြီလား” ခေါင်းစဉ်ဖြင့် “ဆင့်ခေါ်သင့်ပါပြီ၊ မခေါ်သင့်ပါ၊ မှတ်ချက်မပေးလိုပါ”ဟု မေးခွန်း(၃)ခုမေးကာ ဖေဖော်ဝါရီလ(၁၁)ရက်တွင် စစ် တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကောက်ယူရာတွင် NP News ၌ လာရောက်ကြည့်ရှုသူ (၂၁,ဝဝဝ)ဦးရှိခဲ့ရာ ဖြေဆိုသူ အရေ အတွက်မှာ (၃၆၀ဝ)နီးပါးဖြစ်ပြီး NSS တွင် လာရောက်ကြည့်ရှုသူဦးရေ (၁၁,ဝဝဝ)ရှိခဲ့ကာ ဖြေဆိုသူ (၂၃၀ဝ)ကျော်၊ စုစုပေါင်း (၆၀ဝဝ)နီးပါးက ပါဝင်ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။
ဖြေဆိုသူ (၆,ဝဝဝ)ခန့်၏ စစ်တမ်းအတွက် ပေးထားသော မေးခွန်းသုံးခုထဲမှ “ဆင့်ခေါ်သင့်ပါပြီ” ဆိုသောနေရာတွင် NP News ၌ ဖြေဆိုသူများအနက် ဂဏန်းအရေအတွက်ဖြင့် (၃၄၀ဝ)နီးပါး၊ ရာခိုင်နှုန်း အားဖြင့် (၉၄%)က အမှန်ခြစ်မဲပေးခဲ့ပြီး NSS တွင်လည်း ဂဏန်းအရေအတွက်အားဖြင့်(၂၂၀ဝ)ကျော်နှင့် ရာခိုင်နှုန်းအားဖြင့် (၉၅%)က အမှန်ခြစ် မဲပေးခဲ့သည်။
ကျန်မေးခွန်း (၂)ခုဖြစ်သည့် “မခေါ်သင့်ပါ” ဆိုသောနေရာတွင် NP News ၌ ဂဏန်းအရ (၇၅)ဦး၊ ရာခိုင်နှုန်းအားဖြင့်(၂%) နှင့် NSS တွင် ဂဏာန်းအရ (၃၃)ဦး၊ ရာခိုင်နှုန်းဖြင့်(၂%)စီ ရှိခဲ့ကာ “မှတ်ချက် မပေးလိုပါ” ဆိုသော နေရာတွင်လည်း NP News ၌ လူဦးရေ(၁၃၁)ဦး၊ (၄%) နှင့် NSS တွင် လူဦးရေ (၇၈)ဦး၊ ရာခိုင်နှုန်းအရ (၃%) ရှိခဲ့ကြောင်း တွေ့မြင်ရသည်။
ထို့ပြင် စစ်တမ်း၏အောက်၌ မှတ်ချက်ပေး ရေးသားမှုများလည်းရှိခဲ့ရာ ဖေဖော်ဝါရီလ(၁၄)ရက် အထိ NP News ၌ (၃၃)ခု၊ NSS တွင် (၅၉)ခုတို့ အသီးသီးရရှိခဲ့ပြီး ၎င်းတို့အထဲမှ “တရားမျှတမှုရှိ ပါသည်။ မျှတမှုရှိရမည်။ အခွင့်ထူးခံတွေလား။ နောက်တောင်ကျနေပြီ။ ခေါ်သင့်တာကြာပြီ။ စစ်မှုထမ်း ဥပဒေကို ထုတ်ထားတဲ့အမိန့်က သူဌေးသား သမီးတွေ၊ အနုပညာရှင်တွေမပါဘဲ ဆင်းရဲသားတွေ ကို စစ်မှုထမ်းခိုင်းတာလား။ နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားတစ်ဦးအနေဖြင့် စစ်မှုထမ်းဆောင် သင့် သည်” စသည့်ဖြင့် မှတ်ချက်များစွာကိုလည်း ရေးသားခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကို ယခုစစ်တမ်းအတွက် သဘောထားမှတ်ချက်မေးရာတွင် “ဒီအနုပညာရှင်ဆိုတာလည်း လူထဲကလူတွေပဲလေကွာ သူတို့လည်း။ အများလို လုပ်ရမှာပေါ့။ သီးသန့်မှ မ ဟုတ်တာဘဲ။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ လုပ်နေကြရတာပဲလေ။ ဥပမာ-ကျွန်တော်တို့ ငယ်ငယ် တုန်းကကြားဖူးတာ။ မိုဟာမက်အလီကတ်စီးယတ် လေ သူဆိုရင် သူဗီယက်နမ်သွားဖို့တောင် ရှောင်တာ တွေ။ ဒါက သဘောတစ်ခုကွာ စစ်မှုထမ်းတယ်ဆိုတာ တခြားနိုင်ငံတိုက်ဖို့လည်း မဟုတ်ဘူး။ တခြား နိုင်ငံနဲ့ စစ်ဖြစ်တာလည်း မဟုတ်ဘူးပေါ့လေနော်။ ကျွန်တော်တို့အနေနဲ့တော့ မှတ်ချက်ပေးစရာ မရှိပါ ဘူး။ ဒီဟာက ကျွန်တော်တို့လူတွေတော့ မခေါ်သင့်ဘူးဗျာ ဘာညာလို့ပြောစရာမရှိပါဘူး။ သူလည်း အတူတူပဲလေ။ အားလုံးက အတူတူကြီးပဲလေ။ အဲဒီတော့ ခွဲခြားနေလို့တော့ မရဘူးပေါ့။ နောက်တခြား ကိစ္စတွေပေါ့။ တခြားအခွင့်ထူးခံလို့ ထင်တဲ့သူတွေလည်း ပါရမှာပဲလေနော်။ အဲဒါပါပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ ဧပြီလ(၈)ရက်မှ စတင်ကာ ပြည်သူ့စစ်မှုထမ်း အပတ် စဉ်(၁)သင်တန်းကို တစ်နိုင်ငံလုံးရှိ သင်တန်းကျောင်း များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခု (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၉)အထိ ခေါ်ယူသင်ကြားပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့်တောင်ကိုရီးယားနိုင်ငံ၊ အစ္စရေးနိုင်ငံအပါအဝင် ဒီမိုကရေစီ နိုင်ငံ များတွင် အပြည့်အဝနှင့် တစ်စိတ်တစ်ပိုင်း ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းကို ကျင့်သုံးနေကြပြီး အများ စုစိတ်ဝင်စားမှုမြင့်တက်နေသော တောင်ကိုရီးယားနိုင်ငံ၌ စစ်မှုထမ်းဥပဒေတွင် ရုပ်ရှင်၊ ဂီတပါ မကျန် နယ်ပယ်အသီးသီးမှ အနုပညာရှင်များက ပါဝင်စစ်မှု ထမ်းနေခြင်းများကိုလည်း တွေ့မြင်ရကြသည်။
လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေကို စ တင်ကျင့်သုံးနေပြီဖြစ်သော မြန်မာနိုင်ငံတွင် ယခုစစ် မှုထမ်းအပတ်စဉ်များစွာထိတိုင် အနုပညာရှင်များ ပါ ဝင်ခဲ့ခြင်းမရှိသေးကြောင်းလည်း တွေ့ရသည်။
အစိုးရဘက်မှလည်း အနုပညာရှင်များကို ခေါ်သင့်၊ မခေါ်သင့်၏ မှတ်ချက်ပေးခြင်းများ၊ မေး ခြင်းများကို ရုပ်ရှင်အစည်းအရုံးသို့ မေးမြန်းထား ရှိမှု များမရှိသေးကြောင်းကို “မရှိပါဘူး။ မေးကို မမေးဘူး။ မမေးပါဘူး။ မေးတာမရှိဘူး။ ကျွန်တော်တို့က ဘာမှ ကန့်ကွက်စရာမရှိဘူးပေါ့။ ဘာလို့လဲ ဆိုတော့ ဒါတွေလည်း လူတွေပဲလေ။ သူတို့လည်းတိုင်းသူ ပြည်သားပဲ။ ဟုတ်တယ်မလား”ဟု ဦးကြည်စိုးထွန်းက ဆိုသည်။
NP News သတင်း ဌာနနှင့် NSS သတင်းဌာနတို့တွင် စစ်တမ်းကောက်ယူထားမှုများမှ ပြန်လည်ဖြေဆိုထားမှုများကို ကြည့်ခြင်းအား ဖြင့် နိုင်ငံသားတိုင်းအခွင့်အရေးနှင့်တာဝန်များတွင် တန်းတူရရှိလိုသည့်ဆန္ဒရှိကြကြောင်း သိရသည်။

zawgyi version
႐ုပ္ရွင္၊ သဘင္၊ ဂီတနယ္ပယ္မွ အႏုပညာရွင္မ်ားကို စစ္မႈထမ္းဆင့္ေခၚသင့္ေၾကာင္း ျပည္သူ(၆၀ဝဝ)နီးပါးက ဆႏၵျပဳ
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၁၈
႐ုပ္ရွင္၊ သဘင္၊ ဂီတ ႏွင့္ အႏုပညာနယ္ပယ္အသီးသီးမွ ပုဂၢိဳလ္မ်ားကို စစ္မႈထမ္းေဆာင္ ေစရန္ စတင္ဆင့္ေခၚသင့္-မသင့္ အရပ္ဘက္စစ္တမ္းတစ္ခု၌ လာေရာက္ေျဖဆိုသူ (၆၀ဝဝ)နီး ပါး၏ (၉၅)ရာခိုင္ႏႈန္းခန႔္က ဆင့္ေခၚသင့္ၿပီဟု ေထာက္ခံမွတ္ခ်က္ျပဳထားေၾကာင္း သိရသည္။
Subscribers (၁၀၅, ဝဝဝ) ေက်ာ္ရွိသည့္ NP News သတင္းဌာန၏ တယ္လီဂရမ္ႏွင့္ Subscribers (၂၀,ဝဝဝ) ေက်ာ္ရွိသည့္ NSS သတင္းဌာန၏ တယ္လီဂရမ္တို႔ ၌ “႐ုပ္ရွင္၊ သဘင္၊ ဂီတ နယ္ပယ္အသီးသီးက အႏုပညာရွင္ေတြကို စစ္မႈထမ္းအတြက္ ဆင့္ေခၚသင့္ၿပီလား” ေခါင္းစဥ္ျဖင့္ “ဆင့္ေခၚသင့္ပါၿပီ၊ မေခၚသင့္ပါ၊ မွတ္ခ်က္မေပးလိုပါ”ဟု ေမးခြန္း(၃)ခုေမးကာ ေဖေဖာ္ဝါရီလ(၁၁)ရက္တြင္ စစ္ တမ္းေကာက္ယူခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ေကာက္ယူရာတြင္ NP News ၌ လာေရာက္ၾကည့္ရႈသူ (၂၁,ဝဝဝ)ဦးရွိခဲ့ရာ ေျဖဆိုသူ အေရ အတြက္မွာ (၃၆၀ဝ)နီးပါးျဖစ္ၿပီး NSS တြင္ လာေရာက္ၾကည့္ရႈသူဦးေရ (၁၁,ဝဝဝ)ရွိခဲ့ကာ ေျဖဆိုသူ (၂၃၀ဝ)ေက်ာ္၊ စုစုေပါင္း (၆၀ဝဝ)နီးပါးက ပါဝင္ေျဖဆိုခဲ့ၾကျခင္း ျဖစ္သည္။
ေျဖဆိုသူ (၆,ဝဝဝ)ခန႔္၏ စစ္တမ္းအတြက္ ေပးထားေသာ ေမးခြန္းသုံးခုထဲမွ “ဆင့္ေခၚသင့္ပါၿပီ” ဆိုေသာေနရာတြင္ NP News ၌ ေျဖဆိုသူမ်ားအနက္ ဂဏန္းအေရအတြက္ျဖင့္ (၃၄၀ဝ)နီးပါး၊ ရာခိုင္ႏႈန္း အားျဖင့္ (၉၄%)က အမွန္ျခစ္မဲေပးခဲ့ၿပီး NSS တြင္လည္း ဂဏန္းအေရအတြက္အားျဖင့္(၂၂၀ဝ)ေက်ာ္ႏွင့္ ရာခိုင္ႏႈန္းအားျဖင့္ (၉၅%)က အမွန္ျခစ္ မဲေပးခဲ့သည္။
က်န္ေမးခြန္း (၂)ခုျဖစ္သည့္ “မေခၚသင့္ပါ” ဆိုေသာေနရာတြင္ NP News ၌ ဂဏန္းအရ (၇၅)ဦး၊ ရာခိုင္ႏႈန္းအားျဖင့္(၂%) ႏွင့္ NSS တြင္ ဂဏာန္းအရ (၃၃)ဦး၊ ရာခိုင္ႏႈန္းျဖင့္(၂%)စီ ရွိခဲ့ကာ “မွတ္ခ်က္ မေပးလိုပါ” ဆိုေသာ ေနရာတြင္လည္း NP News ၌ လူဦးေရ(၁၃၁)ဦး၊ (၄%) ႏွင့္ NSS တြင္ လူဦးေရ (၇၈)ဦး၊ ရာခိုင္ႏႈန္းအရ (၃%) ရွိခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
ထို႔ျပင္ စစ္တမ္း၏ေအာက္၌ မွတ္ခ်က္ေပး ေရးသားမႈမ်ားလည္းရွိခဲ့ရာ ေဖေဖာ္ဝါရီလ(၁၄)ရက္ အထိ NP News ၌ (၃၃)ခု၊ NSS တြင္ (၅၉)ခုတို႔ အသီးသီးရရွိခဲ့ၿပီး ၎တို႔အထဲမွ “တရားမွ်တမႈရွိ ပါသည္။ မွ်တမႈရွိရမည္။ အခြင့္ထူးခံေတြလား။ ေနာက္ေတာင္က်ေနၿပီ။ ေခၚသင့္တာၾကာၿပီ။ စစ္မႈထမ္း ဥပေဒကို ထုတ္ထားတဲ့အမိန႔္က သူေဌးသား သမီးေတြ၊ အႏုပညာရွင္ေတြမပါဘဲ ဆင္းရဲသားေတြ ကို စစ္မႈထမ္းခိုင္းတာလား။ ႏိုင္ငံအတြင္း ေနထိုင္သည့္ ႏိုင္ငံသားတစ္ဦးအေနျဖင့္ စစ္မႈထမ္းေဆာင္ သင့္ သည္” စသည့္ျဖင့္ မွတ္ခ်က္မ်ားစြာကိုလည္း ေရးသားခဲ့ၾကသည္ကိုလည္း ေတြ႕ျမင္ရသည္။
အထက္ပါအေၾကာင္းအရာႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၏ ဥကၠ႒ ဦးၾကည္စိုးထြန္းကို ယခုစစ္တမ္းအတြက္ သေဘာထားမွတ္ခ်က္ေမးရာတြင္ “ဒီအႏုပညာရွင္ဆိုတာလည္း လူထဲကလူေတြပဲေလကြာ သူတို႔လည္း။ အမ်ားလို လုပ္ရမွာေပါ့။ သီးသန႔္မွ မ ဟုတ္တာဘဲ။ တျခားႏိုင္ငံေတြမွာလည္း ဒီလိုပဲ လုပ္ေနၾကရတာပဲေလ။ ဥပမာ-ကြၽန္ေတာ္တို႔ ငယ္ငယ္ တုန္းကၾကားဖူးတာ။ မိုဟာမက္အလီကတ္စီးယတ္ ေလ သူဆိုရင္ သူဗီယက္နမ္သြားဖို႔ေတာင္ ေရွာင္တာ ေတြ။ ဒါက သေဘာတစ္ခုကြာ စစ္မႈထမ္းတယ္ဆိုတာ တျခားႏိုင္ငံတိုက္ဖို႔လည္း မဟုတ္ဘူး။ တျခား ႏိုင္ငံနဲ႔ စစ္ျဖစ္တာလည္း မဟုတ္ဘူးေပါ့ေလေနာ္။ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ မွတ္ခ်က္ေပးစရာ မရွိပါ ဘူး။ ဒီဟာက ကြၽန္ေတာ္တို႔လူေတြေတာ့ မေခၚသင့္ဘူးဗ်ာ ဘာညာလို႔ေျပာစရာမရွိပါဘူး။ သူလည္း အတူတူပဲေလ။ အားလုံးက အတူတူႀကီးပဲေလ။ အဲဒီေတာ့ ခြဲျခားေနလို႔ေတာ့ မရဘူးေပါ့။ ေနာက္တျခား ကိစၥေတြေပါ့။ တျခားအခြင့္ထူးခံလို႔ ထင္တဲ့သူေတြလည္း ပါရမွာပဲေလေနာ္။ အဲဒါပါပဲ”ဟု ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္၊ ဧၿပီလ(၈)ရက္မွ စတင္ကာ ျပည္သူ႔စစ္မႈထမ္း အပတ္ စဥ္(၁)သင္တန္းကို တစ္ႏိုင္ငံလုံးရွိ သင္တန္းေက်ာင္း မ်ားတြင္ ဖြင့္လွစ္သင္ၾကားေပးခဲ့ရာ ယခု (၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီလ (၂၁)ရက္တြင္ ျပည္သူ႔စစ္မႈထမ္း သင္တန္းအမွတ္စဥ္(၉)အထိ ေခၚယူသင္ၾကားေပးခဲ့ ၿပီးျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ျပည္ေထာင္စုႏွင့္ေတာင္ကိုရီးယားႏိုင္ငံ၊ အစၥေရးႏိုင္ငံအပါအဝင္ ဒီမိုကေရစီ ႏိုင္ငံ မ်ားတြင္ အျပည့္အဝႏွင့္ တစ္စိတ္တစ္ပိုင္း ျပည္သူ႔စစ္မႈထမ္းေဆာင္ျခင္းကို က်င့္သုံးေနၾကၿပီး အမ်ား စုစိတ္ဝင္စားမႈျမင့္တက္ေနေသာ ေတာင္ကိုရီးယားႏိုင္ငံ၌ စစ္မႈထမ္းဥပေဒတြင္ ႐ုပ္ရွင္၊ ဂီတပါ မက်န္ နယ္ပယ္အသီးသီးမွ အႏုပညာရွင္မ်ားက ပါဝင္စစ္မႈ ထမ္းေနျခင္းမ်ားကိုလည္း ေတြ႕ျမင္ရၾကသည္။
လက္ရွိ ျပည္သူ႔စစ္မႈထမ္းဥပေဒကို စ တင္က်င့္သုံးေနၿပီျဖစ္ေသာ ျမန္မာႏိုင္ငံတြင္ ယခုစစ္ မႈထမ္းအပတ္စဥ္မ်ားစြာထိတိုင္ အႏုပညာရွင္မ်ား ပါ ဝင္ခဲ့ျခင္းမရွိေသးေၾကာင္းလည္း ေတြ႕ရသည္။
အစိုးရဘက္မွလည္း အႏုပညာရွင္မ်ားကို ေခၚသင့္၊ မေခၚသင့္၏ မွတ္ခ်က္ေပးျခင္းမ်ား၊ ေမး ျခင္းမ်ားကို ႐ုပ္ရွင္အစည္းအ႐ုံးသို႔ ေမးျမန္းထား ရွိမႈ မ်ားမရွိေသးေၾကာင္းကို “မရွိပါဘူး။ ေမးကို မေမးဘူး။ မေမးပါဘူး။ ေမးတာမရွိဘူး။ ကြၽန္ေတာ္တို႔က ဘာမွ ကန႔္ကြက္စရာမရွိဘူးေပါ့။ ဘာလို႔လဲ ဆိုေတာ့ ဒါေတြလည္း လူေတြပဲေလ။ သူတို႔လည္းတိုင္းသူ ျပည္သားပဲ။ ဟုတ္တယ္မလား”ဟု ဦးၾကည္စိုးထြန္းက ဆိုသည္။
NP News သတင္း ဌာနႏွင့္ NSS သတင္းဌာနတို႔တြင္ စစ္တမ္းေကာက္ယူထားမႈမ်ားမွ ျပန္လည္ေျဖဆိုထားမႈမ်ားကို ၾကည့္ျခင္းအား ျဖင့္ ႏိုင္ငံသားတိုင္းအခြင့္အေရးႏွင့္တာဝန္မ်ားတြင္ တန္းတူရရွိလိုသည့္ဆႏၵရွိၾကေၾကာင္း သိရသည္။