အမေရိကန်ဆီကနေ ဒေါ်လာဘီလျံချီတန်တဲ့ လက်နက်ဝယ်ယူမှုကိုလုပ်ဆောင်ဖို့ ထိုင်ဝမ်အစိုးရကြိုးပမ်းနေ

 165

Pika
ထိုင်ဝမ်အစိုးရဟာ အမေရိကန်ဆီကနေ အမေရိကန်ဒေါ်လာဘီလျံချီတန်တဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုကိုလုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ အဲ့ဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ ယခုလိုသတင်းတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒါ့ပြင် ထိုင်ဝမ်အစိုးရဟာ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့အတွက် အမေရိကန်အစိုးရနဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေက ထပ်မံပြောကြားခဲ့ပါတယ်။အဲ့ဒီပက်ကေ့ချ်အသစ်က ထိုင်ဝမ်ဟာ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ ကတိပြုထားတယ်ဆိုတာကို အမေရိကန်ကို ပြသဖို့ရည်ရွယ်ထားတာမျိုးဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။အဲ့ဒီပက်ကေ့ချ်မှာ ကမ်းရိုးတန်းကာကွယ်ရေးခရုဇ်ဒုံးကျည်တွေနဲ့ HIMARSဒုံးကျည်တွေပါဝင်လိမ့်မယ်လို့ ဒုတိယသတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။သတင်းရင်းမြစ်က”ထိုင်ဝမ်ရဲ့ ဝယ်ယူမှုက အမေရိကန်ဒေါ်လာ(၇)ဘီလျံကနေ (၁၀)ဘီလျံကြား ရှိမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုတာတွေကို အမေရိကန်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ဆီကေန ေဒၚလာဘီလ်ံခ်ီတန္တဲ့ လက္နက္ဝယ္ယူမႈကိုလုပ္ေဆာင္ဖို႔ ထိုင္ဝမ္အစိုးရႀကိဳးပမ္းေန
Pika
ထိုင္ဝမ္အစိုးရဟာ အေမရိကန္ဆီကေန အေမရိကန္ေဒၚလာဘီလ်ံခ်ီတန္တဲ့ စစ္လက္နက္ပစၥည္းဝယ္ယူမႈကိုလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ အဲ့ဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ေတြကေျပာၾကားခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြ ဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူ ယခုလိုသတင္းေတြထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ထိုင္ဝမ္အစိုးရဟာ စစ္လက္နက္ပစၥည္းေတြဝယ္ယူဖို႔အတြက္ အေမရိကန္အစိုးရနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သတင္းရင္းျမစ္ေတြက ထပ္မံေျပာၾကားခဲ့ပါတယ္။အဲ့ဒီပက္ေက့ခ်္အသစ္က ထိုင္ဝမ္ဟာ ကိုယ့္ကိုကိုယ္ခုခံကာကြယ္ဖို႔ ကတိျပဳထားတယ္ဆိုတာကို အေမရိကန္ကို ျပသဖို႔ရည္႐ြယ္ထားတာမ်ိဳးျဖစ္တယ္လို႔ သတင္းရင္းျမစ္တစ္ခုကေျပာၾကားခဲ့ပါတယ္။အဲ့ဒီပက္ေက့ခ်္မွာ ကမ္း႐ိုးတန္းကာကြယ္ေရးခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ HIMARSဒုံးက်ည္ေတြပါဝင္လိမ့္မယ္လို႔ ဒုတိယသတင္းရင္းျမစ္ကေျပာၾကားခဲ့ပါတယ္။သတင္းရင္းျမစ္က”ထိုင္ဝမ္ရဲ႕ ဝယ္ယူမႈက အေမရိကန္ေဒၚလာ(၇)ဘီလ်ံကေန (၁၀)ဘီလ်ံၾကား ရွိမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။အဲ့ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုတာေတြကို အေမရိကန္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.