အမေရိကန်မပါဝင်ဘဲ ယူကရိန်းကို တပ်ဖွဲ့တွေစေလွှတ်မှာမဟုတ်ဘူးလို့ ဂျာမနီအစိုးရပြော

 317

Pika

အမေရိကန်က ၎င်းရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို မပို့ဘူးဆိုရင် ဂျာမနီကလည်း ၎င်းရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ယူကရိန်းကိုပေးပို့မှာမဟုတ်ဘူးလို့ ဂျာမနီအစိုးရကပြောကြားခဲ့ပါတယ်။ယူကရိန်းအတွက် အလားအလာရှိတဲ့ လုံခြုံရေးအာမခံချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်ဝန်ထမ်းတွေ ဖြန့်ကျက်ချထားမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတီဟတ်ဆက်က ပယ်ချခဲ့ပြီးနောက် ယခုလိုမှတ်ချကိပြုပြောဆိုမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ဂျာမနီအရာရှိတစ်ဦးက”ဥရောပနဲ့အမေရိကန်လုံခြုံရေးကွဲလွဲနေတဲ့ အခြေအနေ ဖြစ်ရပ်တွေမှာ ကျွန်တော်တို့ပါဝင်မှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ပိုလန်အစိုးရဟာ ယူကရိန်းကို ၎င်းရဲ့စစ်သားတွေစေလွှတ်နိုင်ခြေကို အစောပိုင်းမှာ ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က”ပိုလန်စစ်သားတွေကို ယူကရိန်းနယ်မြေတွင်းကို စေလွှတ်ဖို့ ကျွန်တော်တို့မစီစဉ်ထားပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဗြိတိန်ဝန်ကြီးချုပ်က ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူပြီးရင် လုံခြုံရေးအာမခံချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ တပ်ဖွဲ့ဝင်တွေစေလွှတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္မပါဝင္ဘဲ ယူကရိန္းကို တပ္ဖြဲ႕ေတြေစလႊတ္မွာမဟုတ္ဘူးလို႔ ဂ်ာမနီအစိုးရေျပာ
Pika

အေမရိကန္က ၎ရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြကို မပို႔ဘူးဆိုရင္ ဂ်ာမနီကလည္း ၎ရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြကို ယူကရိန္းကိုေပးပို႔မွာမဟုတ္ဘူးလို႔ ဂ်ာမနီအစိုးရကေျပာၾကားခဲ့ပါတယ္။ယူကရိန္းအတြက္ အလားအလာရွိတဲ့ လုံၿခဳံေရးအာမခံခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္ဝန္ထမ္းေတြ ျဖန္႔က်က္ခ်ထားမႈကို အေမရိကန္ကာကြယ္ေရးဝန္ႀကီးပီတီဟတ္ဆက္က ပယ္ခ်ခဲ့ၿပီးေနာက္ ယခုလိုမွတ္ခ်ကိျပဳေျပာဆိုမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ဂ်ာမနီအရာရွိတစ္ဦးက”ဥေရာပနဲ႔အေမရိကန္လုံၿခဳံေရးကြဲလြဲေနတဲ့ အေျခအေန ျဖစ္ရပ္ေတြမွာ ကြၽန္ေတာ္တို႔ပါဝင္မွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ပိုလန္အစိုးရဟာ ယူကရိန္းကို ၎ရဲ႕စစ္သားေတြေစလႊတ္ႏိုင္ေျခကို အေစာပိုင္းမွာ ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ပိုလန္ဝန္ႀကီးခ်ဳပ္ ေဒၚနယ္တက္စ္က”ပိုလန္စစ္သားေတြကို ယူကရိန္းနယ္ေျမတြင္းကို ေစလႊတ္ဖို႔ ကြၽန္ေတာ္တို႔မစီစဥ္ထားပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရယူၿပီးရင္ လုံၿခဳံေရးအာမခံခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ တပ္ဖြဲ႕ဝင္ေတြေစလႊတ္ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

Related news

© 2021. All rights reserved.