ပြည်ပမှ တင်သွင်းခွင့်ပြုထားသော်လည်း ဘိလပ်မြေဈေးနှုန်းများ သိသိသာသာကျဆင်းနိုင်ခြေမရှိ

 3656

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်အနေဖြင့် ဘိလပ်မြေကို ပြည်ပမှတင်သွင်းခွင့်ပြုထားသော်လည်း ဈေးနှုန်းမှာ ယခင်အတိုင်းကြီးမြင့်နိုင်ကြောင်း ဆောက်လုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ယခင်က ဘိလပ်မြေတစ် အိတ်လျှင် ငွေကျပ် (၆၀ဝဝ)ဝန်းကျင်သာရှိခဲ့သော်လည်း (၂၀၂၁) ခုနှစ် နိုင်ငံရေး ဖြစ်စဉ်နောက်ပိုင်းမှ စတင်ကာ ပြည်တွင်း၌ ဘိလပ်မြေဈေးနှုန်းများကြီးမြင့်လာမှုသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး (၂၀၂၄) ခုနှစ် ပထမခြောက်လအတွင်း ဘိလပ်မြေတစ်အိတ်၏ အမြင့်ဆုံးဈေးနှုန်းသည် ကျပ် (၁၅၀ဝဝ) ခန့်အထိရှိလာခဲ့သည်။

ထို့နောက် (၂၀၂၅) ခုနှစ် ဇန်နဝါရီ၌ ဘိလပ်မြေ တစ်အိတ်၏ အမြင့်ဆုံးဈေးနှုန်းသည် ကျပ် (၃၀ဝဝဝ) အထိမြင့်တက်လာခဲ့ရာ လက်ရှိတွင်လည်း ဈေးနှုန်းအမြင့်ပိုင်းတွင်သာရှိနေပြီး လိုသလောက် ဝယ်ယူ၍မရသည့်ပြဿနာကိုလည်း ရင်ဆိုင်နေကြရသည်။

“ဈေးကလည်းကြီးတယ်၊ ဝယ်ဖို့ကလည်း ခက်တယ်။ အခုတလောကတော့ နည်းနည်းလေး ကျ တယ်။ ကျတယ်ဆိုတာကလည်း (၃၂၀ဝဝ)၊ (၃၃၀ဝဝ)ကနေ အခုက (၂၆၀ဝဝ)၊ (၂၇၀ဝဝ)နဲ့ ရံဖန်ရံခါ ပြန် ရပါတယ်။ ဒါပေမဲ့ ဝယ်ရတာခက်တော့ ခက်ခဲတယ်။ ခါတိုင်းကတော့ ဘိလပ်မြေဆိုရင် အိတ် (၂၀ဝဝ) ယူမလား၊ (၁၀ဝဝဝ) ယူမလား ဘာမှမခက်ခဲဘူး။ ဝယ်ရတာလည်းလွယ်တယ်။ အခုဆိုရင် အိတ် လေး (၅၀)၊ (၁၀ဝ) လောက်ရရင်‌တောင် ပျော်ပြီးသွားသယ်ရတဲ့ အဖြစ်ဖြစ်နေတာ။ ခါတိုင်းကတော့ တွဲလိုက် ယူတယ်။ တွဲကားတစ်စီးဆို အိတ် (၇၄၀)ဆို စက်ရုံက တိုက်ရိုက်ချတယ်။ ပြီးခဲ့တဲ့ တစ်လကျော် လောက် ကစပြီး တော်တော်လေးအခက်အခဲဖြစ်တယ်။ ဒီရက်ထဲမှာမှ နည်းနည်းလေး ပြန်ရလာတာ။ ဈေးက တော့ မကျတော့ဘူး။ ခါတိုင်းက (၁၂၀ဝဝ)၊ (၁၃၀ဝဝ)ကနေ ထိုးတက် သွားတာ။ ပထမ အခက်အခဲ ကတော့ ‌ဈေးကြီးတာပေါ့။ ဒုတိယအခက်အခဲကတော့ ဈေးကြီးပြီးဝယ်လို့မရတာ”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ‌ပြောသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် ဘိလပ်မြေ လိုအပ်ချက်သည် တန်(၁၀)သန်းကျော်ရှိပြီး ပြည်တွင်း ထုတ် လုပ်မှုသည် တန် (၈) သန်းအောက်တွင်ရှိနေရာ နေ့စဉ် ဘိလပ်မြေလိုအပ်ချက်မှာ အိတ်ရေ (၅) သိန်း အထက်တွင်ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။ ထို့ကြောင့် ပြည် တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းဘိလပ်မြေထုတ်လုပ်မှုကို အားဖြည့်ရန် ပြီးခဲ့ သည့် ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ ဘိလပ်မြေများကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခွင့်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

သို့သော် အဆိုပါဘိလပ်မြေများသည် လက်ရှိတွင် ဈေးကွက်အတွင်းသို့ မရောက်သေးကြောင်း သိရပြီး ရောက်ရှိလာပါကလည်း ဈေးနှုန်းမှာ ယခင် အတိုင်းကြီးမြင့်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ “ရောက်မယ်လို့တော့ကြားတယ်။ အခု လောလောဆယ်တော့ ဈေးကွက်ထဲကို ရောက်တာ မတွေ့သေးဘူး။ လတ်တလောတော့ မဝယ်ရသေးဘူး။ ကျွန်တော်တို့သုံးနေတာကတော့ လက်ရှိ ပြည် တွင်းထုတ်နေတာကိုပဲ ဝယ်လို့ရတာပဲရှိတာ။ ရောက်ခဲ့ရင်လည်း ဈေးနှုန်းကတော့ အရင်လို (၁၀ဝဝဝ) ကျော်နဲ့တော့ ရတော့မှာမဟုတ်ဘူး။ အဲဒီဆိုရင်တော့ တင်ဒါသမားတွေ၊ နဂိုစာချုပ်ချုပ်ပြီးလုပ်နေတဲ့သူ တွေအတွက်တော့ အခက်အခဲအများကြီးရှိတာပေါ့။ အဲဒီဘိလပ်မြေတွေဈေးကွက်ထဲရောက်လာခဲ့ရင် တော့ လုပ်ငန်းလည်ပတ်တာပေါ့။ ငွေကြေးဆုံးရှုံးတာကတော့ တစ်ပိုင်းပေါ့။ လတ်တလော အလုပ်လုပ် လို့ရသွားမယ်။ ဘိလပ်မြေကတော့ အများကြီးအကျုံးဝင်တယ်လေ။ တကယ့်အခြေခံပဲလေ။ ပစ္စည်း ပေါပေါသီသီ ရမယ်ဆိုရင်တော့ လုပ်ကိုင်လို့တော့ အဆင်ပြေသွားမယ်ပေါ့”ဟု အခြားဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

အဆိုပါ တင်သွင်းမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အခြားအချက်အလက်များကို ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနအနေဖြင့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ သက်ဆိုင်ရာစက်မှုဝန်ကြီးဌာန၏ (၂၀၂၄)ခုနှစ် ပထမခြောက်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ (၁၆) ရုံရှိကြောင်းသိရပြီး ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံ များအနေဖြင့်လည်း လျှပ်စစ်မီးနှင့် လောင်စာဆီ အခက်အခဲများအပါအဝင် အခြားသောအခက်အခဲများ ကြောင့် ထုတ်လုပ်မှုလျော့နည်းလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားချိန်မှစ ၍ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်အထိ ဆောက်လုပ်ရေးလုပ်ငန်း (၄၀)ရာခိုင်နှုန်းနီးပါး ရပ်နားခဲ့ရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

zawgyi version
ျပည္ပမွ တင္သြင္းခြင့္ျပဳထားေသာ္လည္း ဘိလပ္ေျမေဈးႏႈန္းမ်ား သိသိသာသာက်ဆင္းႏိုင္ေျခမရွိ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၈

ႏိုင္ငံေတာ္အေနျဖင့္ ဘိလပ္ေျမကို ျပည္ပမွတင္သြင္းခြင့္ျပဳထားေသာ္လည္း ေဈးႏႈန္းမွာ ယခင္အတိုင္းႀကီးျမင့္ႏိုင္ေၾကာင္း ေဆာက္လုပ္ေရးအသိုင္းအဝိုင္းထံမွ သိရသည္။ ယခင္က ဘိလပ္ေျမတစ္ အိတ္လွ်င္ ေငြက်ပ္ (၆၀ဝဝ)ဝန္းက်င္သာရွိခဲ့ေသာ္လည္း (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရး ျဖစ္စဥ္ေနာက္ပိုင္းမွ စတင္ကာ ျပည္တြင္း၌ ဘိလပ္ေျမေဈးႏႈန္းမ်ားႀကီးျမင့္လာမႈသည္ တျဖည္းျဖည္းျမင့္တက္လာခဲ့ၿပီး (၂၀၂၄) ခုႏွစ္ ပထမေျခာက္လအတြင္း ဘိလပ္ေျမတစ္အိတ္၏ အျမင့္ဆုံးေဈးႏႈန္းသည္ က်ပ္ (၁၅၀ဝဝ) ခန႔္အထိရွိလာခဲ့သည္။

ထို႔ေနာက္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီ၌ ဘိလပ္ေျမ တစ္အိတ္၏ အျမင့္ဆုံးေဈးႏႈန္းသည္ က်ပ္ (၃၀ဝဝဝ) အထိျမင့္တက္လာခဲ့ရာ လက္ရွိတြင္လည္း ေဈးႏႈန္းအျမင့္ပိုင္းတြင္သာရွိေနၿပီး လိုသေလာက္ ဝယ္ယူ၍မရသည့္ျပႆနာကိုလည္း ရင္ဆိုင္ေနၾကရသည္။

“ေဈးကလည္းႀကီးတယ္၊ ဝယ္ဖို႔ကလည္း ခက္တယ္။ အခုတေလာကေတာ့ နည္းနည္းေလး က် တယ္။ က်တယ္ဆိုတာကလည္း (၃၂၀ဝဝ)၊ (၃၃၀ဝဝ)ကေန အခုက (၂၆၀ဝဝ)၊ (၂၇၀ဝဝ)နဲ႔ ရံဖန္ရံခါ ျပန္ ရပါတယ္။ ဒါေပမဲ့ ဝယ္ရတာခက္ေတာ့ ခက္ခဲတယ္။ ခါတိုင္းကေတာ့ ဘိလပ္ေျမဆိုရင္ အိတ္ (၂၀ဝဝ) ယူမလား၊ (၁၀ဝဝဝ) ယူမလား ဘာမွမခက္ခဲဘူး။ ဝယ္ရတာလည္းလြယ္တယ္။ အခုဆိုရင္ အိတ္ ေလး (၅၀)၊ (၁၀ဝ) ေလာက္ရရင္‌ေတာင္ ေပ်ာ္ၿပီးသြားသယ္ရတဲ့ အျဖစ္ျဖစ္ေနတာ။ ခါတိုင္းကေတာ့ တြဲလိုက္ ယူတယ္။ တြဲကားတစ္စီးဆို အိတ္ (၇၄၀)ဆို စက္႐ုံက တိုက္႐ိုက္ခ်တယ္။ ၿပီးခဲ့တဲ့ တစ္လေက်ာ္ ေလာက္ ကစၿပီး ေတာ္ေတာ္ေလးအခက္အခဲျဖစ္တယ္။ ဒီရက္ထဲမွာမွ နည္းနည္းေလး ျပန္ရလာတာ။ ေဈးက ေတာ့ မက်ေတာ့ဘူး။ ခါတိုင္းက (၁၂၀ဝဝ)၊ (၁၃၀ဝဝ)ကေန ထိုးတက္ သြားတာ။ ပထမ အခက္အခဲ ကေတာ့ ‌ေဈးႀကီးတာေပါ့။ ဒုတိယအခက္အခဲကေတာ့ ေဈးႀကီးၿပီးဝယ္လို႔မရတာ”ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ‌ေျပာသည္။

ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္ ဘိလပ္ေျမ လိုအပ္ခ်က္သည္ တန္(၁၀)သန္းေက်ာ္ရွိၿပီး ျပည္တြင္း ထုတ္ လုပ္မႈသည္ တန္ (၈) သန္းေအာက္တြင္ရွိေနရာ ေန႔စဥ္ ဘိလပ္ေျမလိုအပ္ခ်က္မွာ အိတ္ေရ (၅) သိန္း အထက္တြင္ရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။ ထို႔ေၾကာင့္ ျပည္ တြင္း ဘိလပ္ေျမလိုအပ္ခ်က္ကို ျပည့္မီေစရန္ႏွင့္ ျပည္တြင္းဘိလပ္ေျမထုတ္လုပ္မႈကို အားျဖည့္ရန္ ၿပီးခဲ့ သည့္ ဇန္နဝါရီလ ေနာက္ဆုံးပတ္မွစ၍ ဘိလပ္ေျမမ်ားကို ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္သြင္းခြင့္ေပးထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

သို႔ေသာ္ အဆိုပါဘိလပ္ေျမမ်ားသည္ လက္ရွိတြင္ ေဈးကြက္အတြင္းသို႔ မေရာက္ေသးေၾကာင္း သိရၿပီး ေရာက္ရွိလာပါကလည္း ေဈးႏႈန္းမွာ ယခင္ အတိုင္းႀကီးျမင့္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။ “ေရာက္မယ္လို႔ေတာ့ၾကားတယ္။ အခု ေလာေလာဆယ္ေတာ့ ေဈးကြက္ထဲကို ေရာက္တာ မေတြ႕ေသးဘူး။ လတ္တေလာေတာ့ မဝယ္ရေသးဘူး။ ကြၽန္ေတာ္တို႔သုံးေနတာကေတာ့ လက္ရွိ ျပည္ တြင္းထုတ္ေနတာကိုပဲ ဝယ္လို႔ရတာပဲရွိတာ။ ေရာက္ခဲ့ရင္လည္း ေဈးႏႈန္းကေတာ့ အရင္လို (၁၀ဝဝဝ) ေက်ာ္နဲ႔ေတာ့ ရေတာ့မွာမဟုတ္ဘူး။ အဲဒီဆိုရင္ေတာ့ တင္ဒါသမားေတြ၊ နဂိုစာခ်ဳပ္ခ်ဳပ္ၿပီးလုပ္ေနတဲ့သူ ေတြအတြက္ေတာ့ အခက္အခဲအမ်ားႀကီးရွိတာေပါ့။ အဲဒီဘိလပ္ေျမေတြေဈးကြက္ထဲေရာက္လာခဲ့ရင္ ေတာ့ လုပ္ငန္းလည္ပတ္တာေပါ့။ ေငြေၾကးဆုံးရႈံးတာကေတာ့ တစ္ပိုင္းေပါ့။ လတ္တေလာ အလုပ္လုပ္ လို႔ရသြားမယ္။ ဘိလပ္ေျမကေတာ့ အမ်ားႀကီးအက်ဳံးဝင္တယ္ေလ။ တကယ့္အေျခခံပဲေလ။ ပစၥည္း ေပါေပါသီသီ ရမယ္ဆိုရင္ေတာ့ လုပ္ကိုင္လို႔ေတာ့ အဆင္ေျပသြားမယ္ေပါ့”ဟု အျခားေဆာက္လုပ္ေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက ေျပာသည္။

အဆိုပါ တင္သြင္းမႈႏွင့္ပတ္သက္၍ သိရွိလိုသည့္အျခားအခ်က္အလက္မ်ားကို ဝန္ႀကီးဌာနသို႔ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဌာနအေနျဖင့္ လက္ခံေျဖဆိုျခင္း မရွိခဲ့ေပ။ သက္ဆိုင္ရာစက္မႈဝန္ႀကီးဌာန၏ (၂၀၂၄)ခုႏွစ္ ပထမေျခာက္လအတြင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ပုဂၢလိကပိုင္ ဘိလပ္ေျမစက္႐ုံ (၁၆) ႐ုံရွိေၾကာင္းသိရၿပီး ျပည္တြင္းရွိ ဘိလပ္ေျမစက္႐ုံ မ်ားအေနျဖင့္လည္း လွ်ပ္စစ္မီးႏွင့္ ေလာင္စာဆီ အခက္အခဲမ်ားအပါအဝင္ အျခားေသာအခက္အခဲမ်ား ေၾကာင့္ ထုတ္လုပ္မႈေလ်ာ့နည္းလ်က္ရွိသည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးအခင္းအက်င္း စတင္ျဖစ္ပြားခ်ိန္မွစ ၍ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္အထိ ေဆာက္လုပ္ေရးလုပ္ငန္း (၄၀)ရာခိုင္ႏႈန္းနီးပါး ရပ္နားခဲ့ရေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.