ကန်ဒေါ်လာ (၅၀ဝ)မကျော်သည့် သစ်အချောထည်များ စာရွက်စာတမ်း မလိုအပ်ဘဲ Export ပို့နိုင်ရန် ညှိနှိုင်းနေ

 338

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီ ၁၉

ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို ပြည်ပတင်ပို့ရာ၌ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက်မကျော်ပါက စာရွက်စာတမ်း မလိုအပ်ဘဲ ပြည်ပသို့ တင်ပို့ခွင့်ရရန် မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းနှင့် သစ်တော ဦးစီးဌာနများအကြား ညှိနှိုင်းလျက်ရှိကြောင်းသိရသည်။

“ကန်ဒေါ်လာ (၅၀ဝ) တန်ဖိုးအောက် ပြည်ပကိုသွားတယ်ဆိုတာက ပရိဘောဂပစ္စည်းတွေဖြစ် တဲ့ စားပွဲ၊ ကုလားထိုင်စတဲ့ ပစ္စည်းများလည်းပါဝင်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာဌာနတွေရဲ့ စာရွက် စာတမ်းမလိုဘဲ ပို့ခွင့်ပြုနိုင်ဖို့အတွက် သစ်တောဦးစီးဌာနကို ကျွန်တော်တို့က တင်ပြထားတာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သို့ သစ်အချောထည် ပရိဘော ဂပစ္စည်းများနှင့် အချောထည်သစ်ကြမ်းခင်းများကို တင်ပို့နေပြီး လက်ရှိအချိန်တွင် Furniture များကို အိန္ဒိယသို့ တင်ပို့နေသည့်အပြင် Myanmar Floo- ring ဟုခေါ်သော ကြမ်းခင်းများကိုလည်း စင်ကာပူနှင့် ဂျပန်သို့တင်ပို့ခြင်းများရှိကြောင်းသိရသည်။

“အဓိကတော့ ကျွန်းကို နံပါတ် (၁) အနေနဲ့ အချောထည်ပြုလုပ်ပြီးပို့ပါတယ်။ ကျန်တဲ့တခြား သစ် တွေဖြစ်တဲ့ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်းစတာတွေကို ကိုရီးယားပါကေးလို ခွဲခြမ်းပြီး ပါးကေး အစားထိုးပြုလုပ်တင်ပို့နေတာဖြစ်ပါတယ်”ဟု ဦးအောင်ကျော်မိုးကပြောသည်။ ထို့ပြင် ပြည်တွင်းပရိဘောဂလုပ်ငန်းများ အတွက်လိုအပ်သည့်ကျွန်းသစ်အပါအဝင် ကျန်သစ် အမျိုးအစားများကိုလည်း မြန်မာ့သစ်လုပ်ငန်းက လေလံတင်ရောင်းချပေးလျက်ရှိပြီး မြန်မာ နိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များ အသင်းမှ ပရိဘောဂ ကုန်ချောထည်များ ပြန်အပ်ရသည့်စနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းသည် အသင်းမှပြန်အပ်သည့်ပရိဘောဂများကို မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်အမှတ်တံဆိပ်ကပ်နှိပ်၍ အစိုးရဌာနအချင်းချင်းဖြစ်စေ၊ ဟိုတယ်များသို့ ဖြစ်စေ၊ ပြည် တွင်းသုံးစွဲသူများသို့ဖြစ်စေ ပြန်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသည် (၂၀၂၃) ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်ကာ သစ်ကုန်ကြမ်းနှင့် အခြေခံ အဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့် ရပ်ဆိုင်းခဲ့ပြီး တစ်ဝက်တစ်ပျက်ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကို ပြည်ပတင်ပို့ခွင့်ကိုသာ ကျင့်သုံးထားခြင်းကြောင့် သစ်ဖြင့် ကုန်ချောထုတ်လုပ်သည့် ပရိဘောဂပစ္စည်း (Furniture) များနှင့် ပါကေးကြမ်းခင်းများကိုသာ တင်ပို့နေရခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် မြန်မာ့သစ်လုပ်ငန်း ပြည်ပအရောင်းဌာနမှဝယ်ယူထားသော သစ်လုံးမှ ထွက်ရှိလာသည့် (၂၄) စတုရန်းလက်မ (ဒု ၄ လက်မ ဗြက် ၆ လက်မ) ထက်မကျော်လွန်သော တစ်ဝက် တစ်ပျက် ကုန်ကြမ်းသစ်ခွဲသားများကို တင်ပို့ခွင့်ရရှိထားပြီး (၃၂) စတုရန်းလက်မ (ဒု ၄ လက်မ ဗြက် ၈ လက်မ)ရှိ သစ်ခွဲသားများကိုမူ တင်ပို့ခွင့်ရပ်ဆိုင်းထား‌ကြောင်း မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းမှ သိရသည်။

zawgyi version
ကန္ေဒၚလာ (၅၀ဝ) မေက်ာ္သည့္ သစ္အေခ်ာထည္မ်ား စာ႐ြက္စာတမ္း မလိုအပ္ဘဲ Export ပို႔ႏိုင္ရန္ ညႇိႏႈိင္းေန
ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၁၉

ျပည္တြင္းထုတ္ သစ္အေခ်ာထည္ ပရိေဘာဂပစၥည္းမ်ားႏွင့္ ၾကမ္းခင္းမ်ားကို ျပည္ပတင္ပို႔ရာ၌ တန္ဖိုး အေမရိကန္ေဒၚလာ (၅၀ဝ) ေဈးႏႈန္းထက္မေက်ာ္ပါက စာ႐ြက္စာတမ္း မလိုအပ္ဘဲ ျပည္ပသို႔ တင္ပို႔ခြင့္ရရန္ ျမန္မာႏိုင္ငံသစ္ အေျခခံပရိေဘာဂလုပ္ငန္းရွင္မ်ားအသင္းႏွင့္ သစ္ေတာ ဦးစီးဌာနမ်ားအၾကား ညႇိႏႈိင္းလ်က္ရွိေၾကာင္းသိရသည္။

“ကန္ေဒၚလာ (၅၀ဝ) တန္ဖိုးေအာက္ ျပည္ပကိုသြားတယ္ဆိုတာက ပရိေဘာဂပစၥည္းေတြျဖစ္ တဲ့ စားပြဲ၊ ကုလားထိုင္စတဲ့ ပစၥည္းမ်ားလည္းပါဝင္ပါတယ္။ ဒါေတြကို သက္ဆိုင္ရာဌာနေတြရဲ႕ စာ႐ြက္ စာတမ္းမလိုဘဲ ပို႔ခြင့္ျပဳႏိုင္ဖို႔အတြက္ သစ္ေတာဦးစီးဌာနကို ကြၽန္ေတာ္တို႔က တင္ျပထားတာ ျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံသစ္ အေျခခံပရိေဘာဂလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးေအာင္ေက်ာ္မိုးက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္စဥ္ အိႏၵိယ၊ စင္ကာပူႏွင့္ ဂ်ပန္ႏိုင္ငံတို႔သို႔ သစ္အေခ်ာထည္ ပရိေဘာ ဂပစၥည္းမ်ားႏွင့္ အေခ်ာထည္သစ္ၾကမ္းခင္းမ်ားကို တင္ပို႔ေနၿပီး လက္ရွိအခ်ိန္တြင္ Furniture မ်ားကို အိႏၵိယသို႔ တင္ပို႔ေနသည့္အျပင္ Myanmar Floo- ring ဟုေခၚေသာ ၾကမ္းခင္းမ်ားကိုလည္း စင္ကာပူႏွင့္ ဂ်ပန္သို႔တင္ပို႔ျခင္းမ်ားရွိေၾကာင္းသိရသည္။

“အဓိကေတာ့ ကြၽန္းကို နံပါတ္ (၁) အေနနဲ႔ အေခ်ာထည္ျပဳလုပ္ၿပီးပို႔ပါတယ္။ က်န္တဲ့တျခား သစ္ ေတြျဖစ္တဲ့ ပ်ဥ္းကတိုး၊ သစ္ရာ၊ အင္ၾကင္းစတာေတြကို ကိုရီးယားပါေကးလို ခြဲျခမ္းၿပီး ပါးေကး အစားထိုးျပဳလုပ္တင္ပို႔ေနတာျဖစ္ပါတယ္”ဟု ဦးေအာင္ေက်ာ္မိုးကေျပာသည္။ ထို႔ျပင္ ျပည္တြင္းပရိေဘာဂလုပ္ငန္းမ်ား အတြက္လိုအပ္သည့္ကြၽန္းသစ္အပါအဝင္ က်န္သစ္ အမ်ိဳးအစားမ်ားကိုလည္း ျမန္မာ့သစ္လုပ္ငန္းက ေလလံတင္ေရာင္းခ်ေပးလ်က္ရွိၿပီး ျမန္မာ ႏိုင္ငံသစ္ အေျခခံပရိေဘာဂလုပ္ငန္းရွင္မ်ား အသင္းမွ ပရိေဘာဂ ကုန္ေခ်ာထည္မ်ား ျပန္အပ္ရသည့္စနစ္ျဖင့္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာ့သစ္လုပ္ငန္းသည္ အသင္းမွျပန္အပ္သည့္ပရိေဘာဂမ်ားကို ျမန္မာ့သစ္လုပ္ငန္းႏွင့္ ပတ္သက္သည့္ ကုန္အမွတ္တံဆိပ္ကပ္ႏွိပ္၍ အစိုးရဌာနအခ်င္းခ်င္းျဖစ္ေစ၊ ဟိုတယ္မ်ားသို႔ ျဖစ္ေစ၊ ျပည္ တြင္းသုံးစြဲသူမ်ားသို႔ျဖစ္ေစ ျပန္လည္ေရာင္းခ်ေပးလ်က္ရွိေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံသည္ (၂၀၂၃) ခုႏွစ္ ဇန္နဝါရီ (၁) ရက္မွစတင္ကာ သစ္ကုန္ၾကမ္းႏွင့္ အေျခခံ အဆင့္ ခြဲစိတ္ထားေသာ သစ္ခြဲသားမ်ားကို ျပည္ပတင္ပို႔ခြင့္ ရပ္ဆိုင္းခဲ့ၿပီး တစ္ဝက္တစ္ပ်က္ကုန္ေခ်ာ (Semi-finished) ႏွင့္ ကုန္ေခ်ာ (Finished) မ်ားကို ျပည္ပတင္ပို႔ခြင့္ကိုသာ က်င့္သုံးထားျခင္းေၾကာင့္ သစ္ျဖင့္ ကုန္ေခ်ာထုတ္လုပ္သည့္ ပရိေဘာဂပစၥည္း (Furniture) မ်ားႏွင့္ ပါေကးၾကမ္းခင္းမ်ားကိုသာ တင္ပို႔ေနရျခင္းျဖစ္ေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာ့သစ္လုပ္ငန္း ျပည္ပအေရာင္းဌာနမွဝယ္ယူထားေသာ သစ္လုံးမွ ထြက္ရွိလာသည့္ (၂၄) စတုရန္းလက္မ (ဒု ၄ လက္မ ျဗက္ ၆ လက္မ) ထက္မေက်ာ္လြန္ေသာ တစ္ဝက္ တစ္ပ်က္ ကုန္ၾကမ္းသစ္ခြဲသားမ်ားကို တင္ပို႔ခြင့္ရရွိထားၿပီး (၃၂) စတုရန္းလက္မ (ဒု ၄ လက္မ ျဗက္ ၈ လက္မ)ရွိ သစ္ခြဲသားမ်ားကိုမူ တင္ပို႔ခြင့္ရပ္ဆိုင္းထား‌ေၾကာင္း ျမန္မာႏိုင္ငံသစ္အေျခခံပရိေဘာဂလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

Related news

© 2021. All rights reserved.