နှစ်နိုင်ငံကြားကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်နိုင်ဖို့ အိန္ဒိယနဲ့ ကာတာတို့ ရည်မှန်းထား

132

Pika (NP News) - ဖေဖော်ဝါရီ ၁၉
အိန္ဒိယနဲ့ကာတာနိုင်ငံတို့ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စွမ်းအင် နဲ့ ပြည်သူချင်းဆက်ဆံရေးကို အဓိကအာရုံစိုက်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့တယ် လို့ သိရပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံစလုံးဟာ (၂၀၃၀) ပြည့်နှစ်မှာ ကုန်သွယ်မှုကိုနှစ်ဆတိုးမြှင့်ဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါ တယ်။ ကာတာနိုင်ငံမင်းသား Sheikh Tamim bin Hamad Al Thani ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ဒီသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီလ(၁၇)ရက် ညပိုင်းမှာ နယူးဒေလီမြို့ကို Sheikh Tamim bin Hamad Al Thani ရောက်ရှိလာတဲ့ အချိန်မှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။ မိုဒီနဲ့ Sheikh Tamim bin Hamad Al Thani တို့ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနဲ့ အာကာသ နည်းပညာတို့ အပါအဝင် အဓိကပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေကို ဖေဖော်ဝါရီလ(၁၈)ရက်မှာ ဆွေးနွေးခဲ့ကြ တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ ကာတာနဲ့ အိန္ဒိယနိုင်ငံကြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ (၂၀)ဘီလျံဝန်းကျင်ရှိပြီး လာမယ့်(၅)နှစ်အတွင်း နှစ်နိုင်ငံကြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ(၂၈)ဘီလျံ ဝန်းကျင်ထိ ရှိလာနိုင်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၁၈)ရက်မှာ အိန္ဒိယနဲ့ ကာတာနိုင်ငံတို့ဟာ အခွန်နှစ်ဆကောက်ခံတာကို ရှောင်ရှားဖို့နဲ့ အခွန်နဲ့ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာရှောင်လွှဲမှုတွေကို တားဆီးဖို့အတွက် ပြန်လည်ပြင်ဆင်တဲ့ သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။
Zawgyi Version:
ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈကို ႏွစ္ဆတိုးျမႇင့္ႏိုင္ဖို႔ အိႏၵိယနဲ႔ ကာတာတို႔ ရည္မွန္းထား
Pika (NP News) - ေဖေဖာ္ဝါရီ ၁၉
အိႏၵိယနဲ႔ကာတာႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ နည္းပညာ၊ စြမ္းအင္ နဲ႔ ျပည္သူခ်င္းဆက္ဆံေရးကို အဓိကအာ႐ုံစိုက္တဲ့ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးအျဖစ္ ျမႇင့္တင္ခဲ့တယ္ လို႔ သိရပါတယ္။
ဒါ့ျပင္ ႏွစ္ႏိုင္ငံစလုံးဟာ (၂၀၃၀) ျပည့္ႏွစ္မွာ ကုန္သြယ္မႈကိုႏွစ္ဆတိုးျမႇင့္ဖို႔ ရည္မွန္းထားတယ္လို႔လည္း သိရပါ တယ္။ ကာတာႏိုင္ငံမင္းသား Sheikh Tamim bin Hamad Al Thani ဟာ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ဒီသေဘာတူညီခ်က္ေတြကို လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဖေဖာ္ဝါရီလ(၁၇)ရက္ ညပိုင္းမွာ နယူးေဒလီၿမိဳ႕ကို Sheikh Tamim bin Hamad Al Thani ေရာက္ရွိလာတဲ့ အခ်ိန္မွာ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ကိုယ္တိုင္ကိုယ္က် ႀကိဳဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ မိုဒီနဲ႔ Sheikh Tamim bin Hamad Al Thani တို႔ဟာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ၊စြမ္းအင္ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ အာကာသ နည္းပညာတို႔ အပါအဝင္ အဓိကပူးေပါင္းေဆာင္႐ြက္မႈက႑ေတြကို ေဖေဖာ္ဝါရီလ(၁၈)ရက္မွာ ေဆြးေႏြးခဲ့ၾက တယ္လို႔လည္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ ကာတာနဲ႔ အိႏၵိယႏိုင္ငံၾကားကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာ (၂၀)ဘီလ်ံဝန္းက်င္ရွိၿပီး လာမယ့္(၅)ႏွစ္အတြင္း ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာ(၂၈)ဘီလ်ံ ဝန္းက်င္ထိ ရွိလာႏိုင္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ (၁၈)ရက္မွာ အိႏၵိယနဲ႔ ကာတာႏိုင္ငံတို႔ဟာ အခြန္ႏွစ္ဆေကာက္ခံတာကို ေရွာင္ရွားဖို႔နဲ႔ အခြန္နဲ႔ပတ္သက္တဲ့ ဘ႑ာေရးဆိုင္ရာေရွာင္လႊဲမႈေတြကို တားဆီးဖို႔အတြက္ ျပန္လည္ျပင္ဆင္တဲ့ သေဘာတူညီခ်က္တစ္ရပ္ကိုလည္း လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။