သံတင်သွင်းခွင့်ပါမစ်ကို လုပ်ငန်းလုပ်သူများ မရသည့်အတွက် နစ်နာမှုများရှိနေ

 486

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၉

သံတင်သွင်းခွင့်ပါမစ်ကို အမှန်တကယ် အလုပ်လုပ်နေသူများက မရရှိသည့်အတွက် နစ် နာမှု များရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်တွင် သံတစ်တန် ဈေးနှုန်းသည် ငွေကျပ်(၁၃)သိန်းနီးပါးခန့်သာရှိခဲ့ပြီး နောက်ပိုင်းကာလများတွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများလည်း ဈေးမြင့်တက်ခဲ့ရာ (၂၀၂၄)ခုနှစ်အတွင်း ဈေးကွက်၌ သံတစ်တန်လျှင် ငွေကျပ် (၃၄)သိန်း အထိ မြင့်တက်ခဲ့သည်။ ထို့ပြင် လက်ရှိတွင်လည်း ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေပြီး ဈေးကွက်အတွင်း သံများရှိနေသော်လည်း ထုတ်ရောင်းခြင်းမရှိခြင်း ကြောင့် ပိုမိုခက်ခဲနေကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် သံတင်သွင်းပါမစ်များကို ပြန်လည်ခွင့်ပြုနေသော်လည်း အမှန်တ ကယ် အလုပ်လုပ်ကိုင်နေသည့်သူများက ပါမစ်မရရှိကြောင်း သိရသည်။ "သံကတော့ သွင်းခွင့်ပါမစ်လေး နည်းနည်းထွက်လာပြီလို့ သိရတယ်။ သံကိစ္စကလည်း အဓိကအားဖြင့် တကယ်လုပ်နေတဲ့သူတွေမရဘဲနဲ့ ပါမစ်က ရချင်တဲ့သူတွေရနေတယ်။ ဒါကြောင့်မို့လို့ သံဈေးကကြီးနေတာ။ သံပါမစ်တစ်စောင်က အရင်က(၁၀)သိန်းတောင်ကျော်တယ်။ အခုနောက်ပိုင်းတော့ (၆)သိန်း၊ (၇)သိန်းလောက်ရှိတယ်။ နိုင်ငံခြားကတင်သွင်းလာလို့ သိန်း(၂၀)ဆို သူ့ပါမစ်နဲ့ ပေါင်းရင် အရင်းတင် သိန်း(၃၀)ကျော်ကျနေပြီ။ ရောင်းတဲ့သူကုန်သည်ကလည်း ပါမစ်ဖိုး(၁၀)သိန်း ပေးရရင် အဲဒီ(၁၀)သိန်းကိုထပ်ပေါင်းမှာပဲလေ။ အကယ်၍ သိန်း(၂၀)နဲ့ရတယ်ဆိုရင် အမြတ်တင်လို့ ၁၀%၊ ၂၀% တင်လည်းထား သိန်း(၂၀)ကျော်နဲ့ဝယ် လို့ရတာပေါ့။ အခုက ပါမစ်က (၁၀)သိန်း ထပ်ပေါင်း ရင်တော့ သိန်း(၃၀)အရင်းကျတယ်ဆို သိန်း(၃၀)ကျော်မှပဲ သူရောင်းလို့ရမှာပေါ့"ဟု ဆောက်လုပ်‌ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ပါမစ်အခက်အခဲကြောင့် သံမရရှိသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကိုထိန်း၍ ဆောင်ရွက်နေရပြီး ရပ်နားလိုက်ရသည့်လုပ်ငန်းရှင် များလည်းရှိနေကြောင်း သိရသည်။ လက်ရှိတွင် သံတင်သွင်းခွင့်ကို Export ရငွေဖြင့် တစ်လအတွင်း တင်သွင်းခွင့်ပြုထားသော်လည်း တစ်လအတွင်း ပါမစ်မကျလာသည့်အတွက် ကုန်ကျစရိတ်များရှိနေကြောင်း သိရသည်။

"သံချောင်းတွေဘာတွေကတော့ Export လုပ်လိုက်လို့ရတဲ့ပိုက်ဆံနဲ့ သွင်းခွင့်ပြုတယ်။ သွင်းခွင့်ပြုတာကိုလည်း တစ်လအတွင်းမှာပဲ အကျုံးဝင်တယ်။ တစ်လအတွင်းမဟုတ်ရင် နိုင်ငံတော်က (၂၁၀ဝ)ကျပ်ဆို (၂၁၀ဝ) ဈေးပေါ့။ (၂၉၀ဝ) သတ်မှတ်ရင် (၂၉၀ဝ) ပေါ့ မြန်မာငွေနဲ့ပြန်ထုတ်ပေးလိုက်တာ။ ပါမစ်ကလည်း တစ်လအတွင်းမကျလာတဲ့အခါကျ တော့ ဒီငွေက အလကားလိုဖြစ်သွားတာပေါ့။ အဲဒီ ပြဿနာကရှိတော့ ကုန်ကျစရိတ်လည်းရှိတယ်။ ပါမစ်အတွက်လည်း ကုန်ကျစရိတ်ရှိတယ်။ ဒါလေး တွေသာ လျှော့ပေါ့လိုက်မယ်ဆိုရင်တော့ အလုပ် အကိုင်လည်းပိုအဆင်ပြေသွားတာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် သံတင်သွင်းခွင့်ပါမစ်များကို အမှန်တကယ်အလုပ်လုပ်နေသူ များကိုသာပေးသင့်ပြီး ငွေကြေးသတ်မှတ်ချက်ကို ဖြေလျှော့ပေးရန် အကြံပြုမှုများလည်းရှိနေသည်။

"Importသွင်းဖို့ ပါမစ်ပေါပေါသီသီပေးဖို့က နံပါတ်(၁)အချက်ပေါ့။ အဲဒီလိုပေးရင် ပါမစ် အတွက်ပေးရတဲ့ငွေမရှိတော့ဘူး။ တကယ်အလုပ်ထဲမှာလုပ်နေတဲ့ သူတွေကို ပါမစ်ပေးသင့်တယ်။ ဒါကတော့ ဒုတိယအချက်ပေါ့။ နောက်တစ်ချက်ကတော့ တင်သွင်းတဲ့ငွေကြေးကို ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးသင့်တယ်။ အဲဒါဆိုရင် ဘိလပ်မြေပဲဖြစ်ဖြစ်၊ သံချောင်းပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ဈေးတစ်ခု ဖြစ်သွားမှာပေါ့။ အခုကတော့ ပါမစ်ခက်ခဲတဲ့အတွက် ပါမစ်နှုန်းထားတွေကို မြှင့်တယ်။ ထုံးစံအတိုင်းပဲ ခက်ရင်ပါမစ်က ဈေးကြီးသွားမှာပဲ။ ငွေကြေးလည်း သတ်မှတ်ချက်တွေဖြေလျှော့ပေးရင်တော့ သူ့ပေါက်ဈေးအတိုင်းသွားနိုင်တော့ ပိုပြီးအဆင်ပြေတာပေါ့"ဟု ၎င်းကဆက်လက်ပြောသည်။

ပြည်တွင်း၌ သံနှင့်သံမဏိလိုအပ်ချက်မှာ နှစ်စဉ်တန်ချိန်(၂ ဒသမ ၅) သန်းမှ (၃) သန်းခန့် အထိရှိပြီး နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများအတွက် သံနှင့်သံမဏိ လိုအပ်ချက်မှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိသည်။ သို့သော် ပြည်တွင်းထုတ်လုပ်မှုမှာတန်ချိန် (၁)သန်းခန့်သာရှိနေခြင်းကြောင့် ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ် နိုင်ငံခြားငွေ(၂)ဘီလျံနီးပါး သုံးစွဲနေရကြောင်း သိရသည်။

zawgyi version
သံတင္သြင္းခြင့္ပါမစ္ကို လုပ္ငန္းလုပ္သူမ်ား မရသည့္အတြက္ နစ္နာမႈမ်ားရွိေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၉

သံတင္သြင္းခြင့္ပါမစ္ကို အမွန္တကယ္ အလုပ္လုပ္ေနသူမ်ားက မရရွိသည့္အတြက္ နစ္ နာမႈ မ်ားရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္တြင္ သံတစ္တန္ ေဈးႏႈန္းသည္ ေငြက်ပ္(၁၃)သိန္းနီးပါးခန႔္သာရွိခဲ့ၿပီး ေနာက္ပိုင္းကာလမ်ားတြင္ ေဒၚလာေဈးျမင့္တက္မႈေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားလည္း ေဈးျမင့္တက္ခဲ့ရာ (၂၀၂၄)ခုႏွစ္အတြင္း ေဈးကြက္၌ သံတစ္တန္လွ်င္ ေငြက်ပ္ (၃၄)သိန္း အထိ ျမင့္တက္ခဲ့သည္။ ထို႔ျပင္ လက္ရွိတြင္လည္း ေဈးႏႈန္းမွာ ဆက္လက္ျမင့္တက္ေနၿပီး ေဈးကြက္အတြင္း သံမ်ားရွိေနေသာ္လည္း ထုတ္ေရာင္းျခင္းမရွိျခင္း ေၾကာင့္ ပိုမိုခက္ခဲေနေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အေနျဖင့္ သံတင္သြင္းပါမစ္မ်ားကို ျပန္လည္ခြင့္ျပဳေနေသာ္လည္း အမွန္တ ကယ္ အလုပ္လုပ္ကိုင္ေနသည့္သူမ်ားက ပါမစ္မရရွိေၾကာင္း သိရသည္။ "သံကေတာ့ သြင္းခြင့္ပါမစ္ေလး နည္းနည္းထြက္လာၿပီလို႔ သိရတယ္။ သံကိစၥကလည္း အဓိကအားျဖင့္ တကယ္လုပ္ေနတဲ့သူေတြမရဘဲနဲ႔ ပါမစ္က ရခ်င္တဲ့သူေတြရေနတယ္။ ဒါေၾကာင့္မို႔လို႔ သံေဈးကႀကီးေနတာ။ သံပါမစ္တစ္ေစာင္က အရင္က(၁၀)သိန္းေတာင္ေက်ာ္တယ္။ အခုေနာက္ပိုင္းေတာ့ (၆)သိန္း၊ (၇)သိန္းေလာက္ရွိတယ္။ ႏိုင္ငံျခားကတင္သြင္းလာလို႔ သိန္း(၂၀)ဆို သူ႔ပါမစ္နဲ႔ ေပါင္းရင္ အရင္းတင္ သိန္း(၃၀)ေက်ာ္က်ေနၿပီ။ ေရာင္းတဲ့သူကုန္သည္ကလည္း ပါမစ္ဖိုး(၁၀)သိန္း ေပးရရင္ အဲဒီ(၁၀)သိန္းကိုထပ္ေပါင္းမွာပဲေလ။ အကယ္၍ သိန္း(၂၀)နဲ႔ရတယ္ဆိုရင္ အျမတ္တင္လို႔ ၁၀%၊ ၂၀% တင္လည္းထား သိန္း(၂၀)ေက်ာ္နဲ႔ဝယ္ လို႔ရတာေပါ့။ အခုက ပါမစ္က (၁၀)သိန္း ထပ္ေပါင္း ရင္ေတာ့ သိန္း(၃၀)အရင္းက်တယ္ဆို သိန္း(၃၀)ေက်ာ္မွပဲ သူေရာင္းလို႔ရမွာေပါ့"ဟု ေဆာက္လုပ္‌ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ပါမစ္အခက္အခဲေၾကာင့္ သံမရရွိသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကိုထိန္း၍ ေဆာင္႐ြက္ေနရၿပီး ရပ္နားလိုက္ရသည့္လုပ္ငန္းရွင္ မ်ားလည္းရွိေနေၾကာင္း သိရသည္။ လက္ရွိတြင္ သံတင္သြင္းခြင့္ကို Export ရေငြျဖင့္ တစ္လအတြင္း တင္သြင္းခြင့္ျပဳထားေသာ္လည္း တစ္လအတြင္း ပါမစ္မက်လာသည့္အတြက္ ကုန္က်စရိတ္မ်ားရွိေနေၾကာင္း သိရသည္။

"သံေခ်ာင္းေတြဘာေတြကေတာ့ Export လုပ္လိုက္လို႔ရတဲ့ပိုက္ဆံနဲ႔ သြင္းခြင့္ျပဳတယ္။ သြင္းခြင့္ျပဳတာကိုလည္း တစ္လအတြင္းမွာပဲ အက်ဳံးဝင္တယ္။ တစ္လအတြင္းမဟုတ္ရင္ ႏိုင္ငံေတာ္က (၂၁၀ဝ)က်ပ္ဆို (၂၁၀ဝ) ေဈးေပါ့။ (၂၉၀ဝ) သတ္မွတ္ရင္ (၂၉၀ဝ) ေပါ့ ျမန္မာေငြနဲ႔ျပန္ထုတ္ေပးလိုက္တာ။ ပါမစ္ကလည္း တစ္လအတြင္းမက်လာတဲ့အခါက် ေတာ့ ဒီေငြက အလကားလိုျဖစ္သြားတာေပါ့။ အဲဒီ ျပႆနာကရွိေတာ့ ကုန္က်စရိတ္လည္းရွိတယ္။ ပါမစ္အတြက္လည္း ကုန္က်စရိတ္ရွိတယ္။ ဒါေလး ေတြသာ ေလွ်ာ့ေပါ့လိုက္မယ္ဆိုရင္ေတာ့ အလုပ္ အကိုင္လည္းပိုအဆင္ေျပသြားတာေပါ့"ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ သံတင္သြင္းခြင့္ပါမစ္မ်ားကို အမွန္တကယ္အလုပ္လုပ္ေနသူ မ်ားကိုသာေပးသင့္ၿပီး ေငြေၾကးသတ္မွတ္ခ်က္ကို ေျဖေလွ်ာ့ေပးရန္ အႀကံျပဳမႈမ်ားလည္းရွိေနသည္။

"Importသြင္းဖို႔ ပါမစ္ေပါေပါသီသီေပးဖို႔က နံပါတ္(၁)အခ်က္ေပါ့။ အဲဒီလိုေပးရင္ ပါမစ္ အတြက္ေပးရတဲ့ေငြမရွိေတာ့ဘူး။ တကယ္အလုပ္ထဲမွာလုပ္ေနတဲ့ သူေတြကို ပါမစ္ေပးသင့္တယ္။ ဒါကေတာ့ ဒုတိယအခ်က္ေပါ့။ ေနာက္တစ္ခ်က္ကေတာ့ တင္သြင္းတဲ့ေငြေၾကးကို ကန႔္သတ္ခ်က္ေတြ ေလွ်ာ့ေပါ့ေပးသင့္တယ္။ အဲဒါဆိုရင္ ဘိလပ္ေျမပဲျဖစ္ျဖစ္၊ သံေခ်ာင္းပဲျဖစ္ျဖစ္ ထိုက္သင့္တဲ့ေဈးတစ္ခု ျဖစ္သြားမွာေပါ့။ အခုကေတာ့ ပါမစ္ခက္ခဲတဲ့အတြက္ ပါမစ္ႏႈန္းထားေတြကို ျမႇင့္တယ္။ ထုံးစံအတိုင္းပဲ ခက္ရင္ပါမစ္က ေဈးႀကီးသြားမွာပဲ။ ေငြေၾကးလည္း သတ္မွတ္ခ်က္ေတြေျဖေလွ်ာ့ေပးရင္ေတာ့ သူ႔ေပါက္ေဈးအတိုင္းသြားႏိုင္ေတာ့ ပိုၿပီးအဆင္ေျပတာေပါ့"ဟု ၎ကဆက္လက္ေျပာသည္။

ျပည္တြင္း၌ သံႏွင့္သံမဏိလိုအပ္ခ်က္မွာ ႏွစ္စဥ္တန္ခ်ိန္(၂ ဒသမ ၅) သန္းမွ (၃) သန္းခန႔္ အထိရွိၿပီး ႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ သံႏွင့္သံမဏိ လိုအပ္ခ်က္မွာလည္း ႏွစ္စဥ္ ျမင့္တက္လ်က္ရွိသည္။ သို႔ေသာ္ ျပည္တြင္းထုတ္လုပ္မႈမွာတန္ခ်ိန္ (၁)သန္းခန႔္သာရွိေနျခင္းေၾကာင့္ ျပည္ပမွတင္သြင္းေနရၿပီး ႏွစ္စဥ္ ႏိုင္ငံျခားေငြ(၂)ဘီလ်ံနီးပါး သုံးစြဲေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.