ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို ဥရောပသမဂ္ဂ သဘောတူ

 946

Pika (NP News) - ဖေဖော်ဝါရီ ၂ဝ

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု (၁၆)ခုမြောက်အစီအစဉ်ကို ဥရောပသမဂ္ဂက သဘောတူညီခဲ့တယ်လို့ မီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ဥရောပသမဂ္ဂအကြီးအကဲ ကာဂျာကဲလက်စ်က ကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်း ပဋိပက္ခကိုဖြေရှင်းဖို့အတွက် အမေရိကန် နဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တို့ဟာ ဆော်ဒီအာရေးဗျနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ယခုလိုပိတ်ဆို့အရေးယူမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့ (၂၀၂၂)ခုနှစ်ကနေ စတင်ပြီး အမေရိကန် နဲ့ ဥရောပသမဂ္ဂတို့ဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြားကို ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေထဲမှာ ရုရှားနိုင်ငံကို အနောက်အုပ်စုနိုင်ငံတွေရဲ့ဘဏ္ဍာရေးစနစ်တွေက‌နေ ဖြတ်တောက်ခြင်း၊ ကုန်သွယ်ရေး နဲ့ စွမ်းအင်ချိတ်ဆက်မှုအားလုံးနီးပါးကို ဖြတ်တောက်တာတွေအပြင် အနောက်အုပ်စုနိုင်ငံတွေမှာ ရှိတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းယူတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ရုရှား နဲ့ အမေရိကန်အရာရှိတို့ရဲ့ (၃)နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဥရောပသမဂ္ဂကို ဖိတ်ကြား ခဲ့တာမျိုး မရှိခဲ့တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၇)နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေက အတည်ပြုခဲ့ပေမယ့်လည်း လုံးဝအပြီးသတ်လုပ်ဆောင်ပြီးတာမျိုးတော့ မရှိသေး ဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ကို ဥေရာပသမဂၢ သေဘာတူ
Pika (NP News) - ေဖေဖာ္ဝါရီ ၂ဝ

ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈ (၁၆)ခုေျမာက္အစီအစဥ္ကို ဥေရာပသမဂၢက သေဘာတူညီခဲ့တယ္လို႔ မီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈ အစီအစဥ္ကို ဥေရာပသမဂၢအႀကီးအကဲ ကာဂ်ာကဲလက္စ္က ႀကိဳဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္း ပဋိပကၡကိုေျဖရွင္းဖို႔အတြက္ အေမရိကန္ နဲ႔ ႐ုရွားကိုယ္စားလွယ္အဖြဲ႕တို႔ဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ ယခုလိုပိတ္ဆို႔အေရးယူမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့တဲ့ (၂၀၂၂)ခုႏွစ္ကေန စတင္ၿပီး အေမရိကန္ နဲ႔ ဥေရာပသမဂၢတို႔ဟာ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈ အမ်ားအျပားကို ခ်မွတ္ခဲ့တာလည္းျဖစ္ပါတယ္။ ပိတ္ဆို႔ အေရးယူမႈေတြထဲမွာ ႐ုရွားႏိုင္ငံကို အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဘ႑ာေရးစနစ္ေတြက‌ေန ျဖတ္ေတာက္ျခင္း၊ ကုန္သြယ္ေရး နဲ႔ စြမ္းအင္ခ်ိတ္ဆက္မႈအားလုံးနီးပါးကို ျဖတ္ေတာက္တာေတြအျပင္ အေနာက္အုပ္စုႏိုင္ငံေတြမွာ ရွိတဲ့ ႐ုရွားရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို သိမ္းယူတာေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။
႐ုရွား နဲ႔ အေမရိကန္အရာရွိတို႔ရဲ႕ (၃)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးပြဲကို ဥေရာပသမဂၢကို ဖိတ္ၾကား ခဲ့တာမ်ိဳး မရွိခဲ့တဲ့အတြက္ အဖြဲ႕ဝင္ႏိုင္ငံေတြၾကားမွာ ေဝဖန္မႈေတြ ထြက္ေပၚလာခဲ့တယ္လို႔လည္း သိရပါတယ္။ ေနာက္ဆုံးထြက္ေပၚလာတဲ့ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ကို ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ (၂၇)ႏိုင္ငံရဲ႕ အၿမဲတမ္းကိုယ္စားလွယ္ေတြက အတည္ျပဳခဲ့ေပမယ့္လည္း လုံးဝအၿပီးသတ္လုပ္ေဆာင္ၿပီးတာမ်ိဳးေတာ့ မရွိေသး ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.