လူနေမှုစရိတ်ကြီးမြင့်လာခြင်းကြောင့် ဆီအုန်းလုပ်သားရှားပါးမှု ယခင်ထက် သိသာစွာမြင့်တက်နေ

458

ယွန်း (NP News) - ဖေဖော်ဝါရီ ၂ဝ
လူနေမှုစရိတ်ကြီးမြင့်လာခြင်းကြောင့် ဆီအုန်းလုပ်သားရှားပါးမှု ယခင်ထက် သိသာစွာမြင့်တက်နေ ကြောင်း ကော့သောင်းမြို့တွင်နေထိုင်သည့် ဆီအုန်းစိုက်ပျိုးသူများထံမှ သိရသည်။
ဆီအုန်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် စမ်းသပ်စိုက်ပျိုးခဲ့သော်လည်း အီကွေတာနှင့် နီးစပ်သည့် တနင်္သာရီ တိုင်းတွင်သာ ဆီအုန်းစိုက်ပျိုးမှုဖြစ်ထွန်းကာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် စာရင်းများအရ ဆီအုန်းစိုက်ဧက(၄) သိန်း နီးပါးရှိကြောင်း သိရသည်။ အဆိုပါ ဆီအုန်းစိုက်ပျိုးရေးကဏ္ဍတွင် ယခင်ကပင် လုပ်သားရှားပါးခြင်းဖြစ်ပြီး ဆီအုန်း စိုက်ပျိုးမှုများပြားသည့် ကော့သောင်းမြို့နယ်တွင်လည်း လူနေမှုစရိတ်ကြီးမြင့်ခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် ဆီအုန်းလုပ်သားရှားပါးမှုမှာ ဆိုးရွားလျက်ရှိကြောင်း သိရသည်။
‘ဒီမှာက အစကတည်းက လုပ်သားရှားပါးတယ်။ လောလောဆယ်အခြေအနေအရလည်း လုပ်သားရှား တယ်။ လူနေတာလည်း ကြဲတယ်။ အခုကတော့ လုပ်သားအင်အားက အခက်အခဲရှိတယ်။ အရမ်းနည်းနေတယ်။ ခေတ်ကာလ အခြေအနေအရ ရွှေ့ပြောင်းမှုများနေတယ်။ ဒီဘက်ဒေသမှာရှိတဲ့ ဆီအုန်းလုပ်သားတွေက အခုကျ တော့ သူ့နေရပ်တွေ ကို ပြန်သွားကြတာတွေလည်း ရှိတယ်’ ဟု အထက်ပါ ဆီအုန်းစိုက်ပျိုးသူက NP News ကို ပြောသည်။
နိုင်ငံတော်အနေဖြင့် တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ဧက(၅)သိန်းအထိစိုက်ပျိုးရန် လျာထားသော် လည်း လက်ရှိအချိန်အထိ ဧက(၄) သိန်းဝန်းကျင်သာစိုက်ပျိုးမှုရှိနေကာ ပြည်တွင်းစား သုံးဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနေကြောင်းသိရသည်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ဆီအုန်းစိုက်ခင်းများ သို့ အများအားဖြင့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ လုပ်သားများက လာရောက်လုပ်ကိုင်မှု မြင့်မားကြောင်း သိရသည်။
‘များသောအားဖြင့် ဧရာဝတီဘက်က လူတွေနဲ့ ပဲခူးဘက်ခြမ်းကလည်း လာကြတယ်။ အခုကတော့ အရင်က အနေကြာတဲ့သူတွေလည်း ရှိတယ်။ တချို့လည်း ပြန်ကုန်ကြတာများတယ်။ လူနေမှုစရိတ်ကလည်း ကြီးမြင့်တာရယ်၊ ခေတ်ကာလ အနေအထားအရ သူ့နေရပ်ဒေသတွေကို ပြန်ကြတယ်။ အရင်က ဆီအုန်း လုပ်သား(၁၀ဝ)ရှိတယ်ဆိုရင် အခုဆို အယောက် (၄၀)လောက်ပဲကျန်တော့တယ်။ ကော့သောင်း ပတ်ဝန်းကျင် တစ်ဝိုက်ကို ပြောတာပါ။ ဆီအုန်းကကျ တော့ ပုတ်ပြတ်လုပ်ငန်းပေါ့။ သူတို့လုပ်နိုင်ရင် လုပ်နိုင်သလောက်ရတယ်’ ဟု ၎င်း က ဆက်လက်ပြောသည်။
ထို့ပြင် ဆီအုန်းစိုက်တောင်သူများအနေ ဖြင့်လည်း လုပ်သားရှားပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်းခြင်း အပြင် ဝင်ငွေလျော့နည်းခြင်းကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် တ နင်္သာရီမြို့နယ်ရှိ ဆီအုန်းပင်အို ဧရိယာ ဧက(၂၀ဝဝ)နှင့် ကော့သောင်းမြို့နယ်တွင်ရှိသည့် ဆီအုန်းပင်အို ဧရိယာ (၂၇၅၄)ဧကကို ငှားရမ်းရန်အတွက် ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းကို စိတ်ဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ကို တင်ဒါခေါ်ယူထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးထားသည်။

Zawgyi Version:
လူေနမႈစရိတ္ႀကီးျမင့္လာျခင္းေၾကာင့္ ဆီအုန္းလုပ္သားရွားပါးမႈ ယခင္ထက္ သိသာစြာျမင့္တက္ေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂ဝ
လူေနမႈစရိတ္ႀကီးျမင့္လာျခင္းေၾကာင့္ ဆီအုန္းလုပ္သားရွားပါးမႈ ယခင္ထက္ သိသာစြာျမင့္တက္ေန ေၾကာင္း ေကာ့ေသာင္းၿမိဳ႕တြင္ေနထိုင္သည့္ ဆီအုန္းစိုက္ပ်ိဳးသူမ်ားထံမွ သိရသည္။
ဆီအုန္းကို ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ စမ္းသပ္စိုက္ပ်ိဳးခဲ့ေသာ္လည္း အီေကြတာႏွင့္ နီးစပ္သည့္ တနသၤာရီ တိုင္းတြင္သာ ဆီအုန္းစိုက္ပ်ိဳးမႈျဖစ္ထြန္းကာ (၂၀၂၃-၂၀၂၄)ဘ႑ာႏွစ္ စာရင္းမ်ားအရ ဆီအုန္းစိုက္ဧက(၄) သိန္း နီးပါးရွိေၾကာင္း သိရသည္။ အဆိုပါ ဆီအုန္းစိုက္ပ်ိဳးေရးက႑တြင္ ယခင္ကပင္ လုပ္သားရွားပါးျခင္းျဖစ္ၿပီး ဆီအုန္း စိုက္ပ်ိဳးမႈမ်ားျပားသည့္ ေကာ့ေသာင္းၿမိဳ႕နယ္တြင္လည္း လူေနမႈစရိတ္ႀကီးျမင့္ျခင္းႏွင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား ေၾကာင့္ ဆီအုန္းလုပ္သားရွားပါးမႈမွာ ဆိုး႐ြားလ်က္ရွိေၾကာင္း သိရသည္။
‘ဒီမွာက အစကတည္းက လုပ္သားရွားပါးတယ္။ ေလာေလာဆယ္အေျခအေနအရလည္း လုပ္သားရွား တယ္။ လူေနတာလည္း ႀကဲတယ္။ အခုကေတာ့ လုပ္သားအင္အားက အခက္အခဲရွိတယ္။ အရမ္းနည္းေနတယ္။ ေခတ္ကာလ အေျခအေနအရ ေ႐ႊ႕ေျပာင္းမႈမ်ားေနတယ္။ ဒီဘက္ေဒသမွာရွိတဲ့ ဆီအုန္းလုပ္သားေတြက အခုက် ေတာ့ သူ႔ေနရပ္ေတြ ကို ျပန္သြားၾကတာေတြလည္း ရွိတယ္’ ဟု အထက္ပါ ဆီအုန္းစိုက္ပ်ိဳးသူက NP News ကို ေျပာသည္။
ႏိုင္ငံေတာ္အေနျဖင့္ တနသၤာရီတိုင္းအတြင္း ဆီအုန္းစိုက္ဧက(၅)သိန္းအထိစိုက္ပ်ိဳးရန္ လ်ာထားေသာ္ လည္း လက္ရွိအခ်ိန္အထိ ဧက(၄) သိန္းဝန္းက်င္သာစိုက္ပ်ိဳးမႈရွိေနကာ ျပည္တြင္းစား သုံးဆီလိုအပ္ခ်က္ကို တစ္ဖက္ တစ္လမ္းမွ ျဖည့္ဆည္းေပးေနေၾကာင္းသိရသည္။ တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕နယ္ရွိ ဆီအုန္းစိုက္ခင္းမ်ား သို႔ အမ်ားအားျဖင့္ ဧရာဝတီတိုင္းႏွင့္ ပဲခူးတိုင္းတို႔မွ လုပ္သားမ်ားက လာေရာက္လုပ္ကိုင္မႈ ျမင့္မားေၾကာင္း သိရသည္။
‘မ်ားေသာအားျဖင့္ ဧရာဝတီဘက္က လူေတြနဲ႔ ပဲခူးဘက္ျခမ္းကလည္း လာၾကတယ္။ အခုကေတာ့ အရင္က အေနၾကာတဲ့သူေတြလည္း ရွိတယ္။ တခ်ိဳ႕လည္း ျပန္ကုန္ၾကတာမ်ားတယ္။ လူေနမႈစရိတ္ကလည္း ႀကီးျမင့္တာရယ္၊ ေခတ္ကာလ အေနအထားအရ သူ႔ေနရပ္ေဒသေတြကို ျပန္ၾကတယ္။ အရင္က ဆီအုန္း လုပ္သား(၁၀ဝ)ရွိတယ္ဆိုရင္ အခုဆို အေယာက္ (၄၀)ေလာက္ပဲက်န္ေတာ့တယ္။ ေကာ့ေသာင္း ပတ္ဝန္းက်င္ တစ္ဝိုက္ကို ေျပာတာပါ။ ဆီအုန္းကက် ေတာ့ ပုတ္ျပတ္လုပ္ငန္းေပါ့။ သူတို႔လုပ္ႏိုင္ရင္ လုပ္ႏိုင္သေလာက္ရတယ္’ ဟု ၎ က ဆက္လက္ေျပာသည္။
ထို႔ျပင္ ဆီအုန္းစိုက္ေတာင္သူမ်ားအေန ျဖင့္လည္း လုပ္သားရွားပါးျခင္းေၾကာင့္ အထြက္ႏႈန္း က်ဆင္းျခင္း အျပင္ ဝင္ေငြေလ်ာ့နည္းျခင္းကိုလည္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ လက္ရွိတြင္ တ နသၤာရီၿမိဳ႕နယ္ရွိ ဆီအုန္းပင္အို ဧရိယာ ဧက(၂၀ဝဝ)ႏွင့္ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ရွိသည့္ ဆီအုန္းပင္အို ဧရိယာ (၂၇၅၄)ဧကကို ငွားရမ္းရန္အတြက္ ဆီအုန္းစိုက္ပ်ိဳးထုတ္လုပ္သည့္လုပ္ငန္းကို စိတ္ဝင္စားသည့္ ျမန္မာႏိုင္ငံသား လုပ္ငန္းရွင္မ်ား ကို တင္ဒါေခၚယူထားေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပးထားသည္။