ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးဆွေးနွေးမှု Cardsz များက ရုရှားဘက်မှာ ရှိနေ

 807

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ

အမေရိကန်သမ္မတ ထရမ့်က ယူကရိန်း စစ်ပွဲနဲ့ငြိမ်းချမ်းရေးဆွေးနွေးနဲ့ပတ်သက်ပြီး Cards များက
ရုရှားနိုင်ငံဘက်ခြမ်းမှာ တည်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတထရမ့်က ယူကရိန်းသမ္မတ ဇီလန်စကီးကို အာဏာရှင်လို့ ဝေဖန်ပြစ်တင်ခဲ့ရာ ထရမ့်နဲ့ ဇီလန်စကီးကြား တင်းမာမှုတွေရှိနေခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံရဲ့နယ်မြေပိုင်နက်အများစုကို ထိန်းချုပ်ထားတဲ့အတွက်ငြိမ်းချမ်းရေးဆွေးနွေးရာမှာ Cards အများစုက ရုရှားဘက်မှာရှိနေတယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။
ထရမ့်က "ယူကရိန်းကို ချစ်ခင်မြတ်နိုးတယ်။ ဒါပေမယ့် ယူကရိန်းသမ္မဟာ ဆိုးရွားတဲ့အလုပ်တွေကို လုပ်ခဲ့တယ်။ ယူကရိန်းပြည်သူသန်းချီကို သေဆုံးစေခဲ့တယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ ရွေးကောက်ပွဲကျင်းပဖို့ ငြင်းဆန် ခဲ့တယ်။ ဥရောပတိုက်ကလည်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရယူပေးနိုင်ဖို့ ပျက်ကွက်ခဲ့တယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတက ရုရှားနဲ့ အမေရိကန်နိုင်ငံကြား ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှု အောင်မြင်ခဲ့ ကြောင်း ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲက ၃ နှစ်နီးပါးရှိနေပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိခဲ့ဘဲ ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူများကြား တရားဝင်တွေ့ဆုံဆွေးနွေးမှုများဖြစ်လာခဲ့ကြောင်းသိရပါတယ်။

Zawgyi Version:


Related news

© 2021. All rights reserved.