ငါးနှင့်ပုစွန် တင်ပို့မှုမှ ၁၀ လတာအတွင်း ကန်ဒေါ်လာ သန်း ၃၆၀ ကျော်ရရှိခဲ့

 541

NP News ဖေဖေါ်ဝါရီ (၂၁)
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လတာအတွင်း ငါးနှင့် ပုစွန် မက်ထရစ်တန်ပေါင်း ၃ သိန်းကျော် တင်ပို့ထားနိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်သည့်စာရင်းများအရ သိရ သည်။
“လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ကုန်ခဲ့တဲ့ ၁၀ လတာအတွင်းမှာဆိုရင် ပြည်ပကို ငါးတင်ပို့မှုအနေနဲ့က မက်ထရစ်တန် ၃၂၀,၂၂၃ ဒသမ ၂၅၃ ရှိခဲ့ပြီးတော့ အမေရိကန်ဒေါ်လာ ၃၄၂ ဒသမ ၆၁၉ သန်းရရှိခဲ့ပါတယ်။ အလားတူ ပုစွန်တင်ပို့မှုအနေနဲ့ဆိုရင်လည်း မက်ထရစ်တန် ၇,၀၂၈ ဒသမ ၄၁၈ တင်ပို့ထားနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆၆၃ သန်း ရရှိထားပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
တင်ပို့မှုများကို ပုံမှန်ရေကြောင်းတင်ပို့မှုများနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ တဆင့် တင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ကုန်သွယ်မှုမှတဆင့် ငါးမက်ထရစ်တန် ၁၄၆,၄၅၆ ဒသမ ၈၉၄ ဖြင့် ကန်ဒေါ်လာ ၁၉၆ ဒသမ ၆၈၄ သန်း ၊ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၅,၆၇၀ ဒသမ ၄၇၈ ဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၆၈ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်မှုမှတဆင့် ငါး မက်ထရစ်တန် ၁၇၃,၇၆၆ ဒသမ ၃၅၉ ဖြင့် အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၉၃၅ သန်း၊ ပုစွန် မက်ထရစ်တန် ၁,၃၅၇ ဒသမ ၉၄ ဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၉၅ သန်း ရရှိထားခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်၏ ၁၀ လတာအတွင်း ပြည်ပသို့ ငါးနှင့်ပုစွန် တင်ပို့မှုသည့်
ယခင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြင့် ကာလတူနှိုင်းယှဉ်ပါက ငါးပုစွန်ပေါင်း မက်ထရစ်တန်ချိန် ၆ သောင်းကျော်နှင့်အထက် ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိထားကြောင်းသိရသည် ။
မြန်မာနိုင်ငံအနေဖြင့် ငါး၊ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေရပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်ရေကြောင်းကုန်သွယ်မှုမှတင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ငါးႏွင့္ပုစြန္ တင္ပို႔မႈမွ ၁၀ လတာအတြင္း ကန္ေဒၚလာ သန္း ၃၆၀ ေက်ာ္ရရွိခဲ့
NP News ေဖေဖၚဝါရီ (၂၁)
ယခု ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ ဧၿပီလမွ ဇန္နဝါရီလအထိ ၁၀ လတာအတြင္း ငါးႏွင့္ ပုစြန္ မက္ထရစ္တန္ေပါင္း ၃ သိန္းေက်ာ္ တင္ပို႔ထားႏိုင္ၿပီး အေမရိကန္ေဒၚလာ သန္း ၃၆၀ ေက်ာ္ရရွိထားေၾကာင္း ငါးလုပ္ငန္းဦးစီးဌာန၏ ထုတ္ျပန္သည့္စာရင္းမ်ားအရ သိရ သည္။
“လက္ရွိ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ရဲ႕ ကုန္ခဲ့တဲ့ ၁၀ လတာအတြင္းမွာဆိုရင္ ျပည္ပကို ငါးတင္ပို႔မႈအေနနဲ႔က မက္ထရစ္တန္ ၃၂၀,၂၂၃ ဒသမ ၂၅၃ ရွိခဲ့ၿပီးေတာ့ အေမရိကန္ေဒၚလာ ၃၄၂ ဒသမ ၆၁၉ သန္းရရွိခဲ့ပါတယ္။ အလားတူ ပုစြန္တင္ပို႔မႈအေနနဲ႔ဆိုရင္လည္း မက္ထရစ္တန္ ၇,၀၂၈ ဒသမ ၄၁၈ တင္ပို႔ထားႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၂၃ ဒသမ ၆၆၃ သန္း ရရွိထားပါတယ္” ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္ ။
တင္ပို႔မႈမ်ားကို ပုံမွန္ေရေၾကာင္းတင္ပို႔မႈမ်ားႏွင့္ နယ္စပ္ကုန္သြယ္ေရးတို႔မွ တဆင့္ တင္ပို႔ေနျခင္းျဖစ္ၿပီး ပုံမွန္ကုန္သြယ္မႈမွတဆင့္ ငါးမက္ထရစ္တန္ ၁၄၆,၄၅၆ ဒသမ ၈၉၄ ျဖင့္ ကန္ေဒၚလာ ၁၉၆ ဒသမ ၆၈၄ သန္း ၊ ပုစြန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ ၅,၆၇၀ ဒသမ ၄၇၈ ျဖင့္ အေမရိကန္ေဒၚလာ ၁၆ ဒသမ ၁၆၈ သန္း ရရွိခဲ့ျခင္းျဖစ္သည္။
နယ္စပ္ကုန္သြယ္မႈမွတဆင့္ ငါး မက္ထရစ္တန္ ၁၇၃,၇၆၆ ဒသမ ၃၅၉ ျဖင့္ အေမရိကန္ေဒၚလာ ၁၄၅ ဒသမ ၉၃၅ သန္း၊ ပုစြန္ မက္ထရစ္တန္ ၁,၃၅၇ ဒသမ ၉၄ ျဖင့္ အေမရိကန္ေဒၚလာ ၇ ဒသမ ၄၉၅ သန္း ရရွိထားျခင္းျဖစ္သည္။
ထို႔ေၾကာင့္ လက္ရွိဘ႑ာႏွစ္၏ ၁၀ လတာအတြင္း ျပည္ပသို႔ ငါးႏွင့္ပုစြန္ တင္ပို႔မႈသည့္
ယခင္ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္ျဖင့္ ကာလတူႏႈိင္းယွဥ္ပါက ငါးပုစြန္ေပါင္း မက္ထရစ္တန္ခ်ိန္ ၆ ေသာင္းေက်ာ္ႏွင့္အထက္ ပိုမိုတင္ပို႔ထားႏိုင္ခဲ့ၿပီး ႏိုင္ငံျခားဝင္ေငြလည္း ပိုမိုရရွိထားေၾကာင္းသိရသည္ ။
ျမန္မာႏိုင္ငံအေနျဖင့္ ငါး၊ပုစြန္ အပါအဝင္ ေရထြက္ကုန္ပစၥည္းမ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ ႏွင့္ ဂ်ပန္ႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္ကို တင္ပို႔ေရာင္းခ်ေနရၿပီး ရန္ကုန္ၿမိဳ႕မွတဆင့္ ပုံမွန္ေရေၾကာင္းကုန္သြယ္မႈမွတင္ပို႔သည့္အျပင္ နယ္စပ္ကုန္သြယ္ေရးမွလည္း တိုက္႐ိုက္တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.