ဆန်စက်လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်သည့် ဖွဲနုဆီထုတ်လုပ်မှုကို တိုးချဲ့ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

 147

ယွန်း (NP News)- ဖေဖော်ဝါရီ ၂၂

ဆန်စက်လုပ်ငန်းများ၏ စွန့်ပစ္စည်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်သည့် ဖွဲနုဆီထုတ်လုပ်မှုကို တိုးချဲ့ ဆောင်ရွက်ရန် စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ ချာလီသန်းက ပြောကြားသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားတွင် အထက်ပါ ကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးကို လက်ရှိထက်ပို၍ ဆောင်ရွက်နိုင်ပါက နိုင်ငံတော် အပါအဝင် လုပ်ငန်းရှင်များ အကျိုး ကျေးဇူးရရှိနိုင်မည်ဖြစ်ပြီး ဆန်စက်များ၏ စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် ဖွဲနုဆီထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောသည်။

"ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးကို ယခုထက်ပိုပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်အတွက်ရော လုပ်ငန်းရှင်များ အတွက်ပါ များစွာအကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ဆန်စက်လုပ်ငန်းရဲ့စွန့်ပစ်ပစ္စည်းများကို တန်ဖိုး မြှင့်ထုတ်လုပ်တဲ့ ဖွဲနုဆီထုတ်လုပ်မှု၊ စပါးခွံမှ လျှပ်စစ်ထုတ်လုပ်မှု စတဲ့ ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ဖွဲနုဆီစက်၊ Gasifier၊ Boiler စနစ်နဲ့ လျှပ်စစ်ထုတ်လုပ်တဲ့စက်များကို စက်ရုံများ တည်ထောင်ဆောင်ရွက်ကြတဲ့အခါမှာ စက်မှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာပညာရပ်ကောင်စီများနဲ့ တိုင်ပင်ညှိနှိုင်း၍ နိုင်ငံတော်ရဲ့ဥပဒေ စည်းမျဥ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်း အကြံပြု လိုပါတယ်" ဟု ဒေါက်တာချာလီသန်းက ပြောကြားသည်။

ထို့ပြင် အသေးစား၊ အငယ်စား ဆန်စက်များအနေဖြင့် ဆန်စက်မှတ်ပုံတင်ခြင်းအပြင် MSME မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီး နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးနေသည့် MSME ချေးငွေများကို လျှောက်ထားရန်လည်း အသိပေးပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အပါအဝင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဒေါက်တာချာလီသန်းနှင့် MRF အသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းကလည်း ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ထို့နောက် ရှမ်းရိုးရာအက၊ ကချင်ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ပြီးနောက် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင် များအား နေရာအရောက် ဂါရဝပြုပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

Zawgyi Version:
ဆန္စက္လုပ္ငန္းမ်ား၏ စြန႔္ပစ္ပစၥည္းမ်ားျဖင့္ တန္ဖိုးျမႇင့္ထုတ္လုပ္သည့္ ဖြဲႏုဆီထုတ္လုပ္မႈကို တိုးခ်ဲ႕ ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီး တိုက္တြန္း
ယြန္း (NP News)- ေဖေဖာ္ဝါရီ ၂၂

ဆန္စက္လုပ္ငန္းမ်ား၏ စြန႔္ပစၥည္းပစၥည္းမ်ားျဖင့္ တန္ဖိုးျမႇင့္ထုတ္လုပ္သည့္ ဖြဲႏုဆီထုတ္လုပ္မႈကို တိုးခ်ဲ႕ ေဆာင္႐ြက္ရန္ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္ ဒုတိယဥကၠ႒၊ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ‌ေဒါက္တာ ခ်ာလီသန္းက ေျပာၾကားသည္။
ယေန႔ (ေဖေဖာ္ဝါရီ ၂၂ ရက္) တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ မင္းဓမၼလမ္းရွိ MCC ခန္းမ၌ က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၏ (၇၅)ႏွစ္ေျမာက္ စိန္ရတုအထိမ္းအမွတ္ ဂုဏ္ျပဳပြဲအခမ္းအနားတြင္ အထက္ပါ ကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
ဆန္စက္လုပ္ငန္းဖြံ႕ၿဖိဳးေရးကို လက္ရွိထက္ပို၍ ေဆာင္႐ြက္ႏိုင္ပါက ႏိုင္ငံေတာ္ အပါအဝင္ လုပ္ငန္းရွင္မ်ား အက်ိဳး ေက်းဇူးရရွိႏိုင္မည္ျဖစ္ၿပီး ဆန္စက္မ်ား၏ စြန႔္ပစ္ပစၥည္းမ်ားကို တန္ဖိုးျမႇင့္ထုတ္လုပ္သည့္ ဖြဲႏုဆီထုတ္လုပ္မႈကို တိုးခ်ဲ႕ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

"ဆန္စက္လုပ္ငန္းဖြံ႕ၿဖိဳးေရးကို ယခုထက္ပိုၿပီး ေဆာင္႐ြက္ႏိုင္မယ္ဆိုရင္ ႏိုင္ငံေတာ္အတြက္ေရာ လုပ္ငန္းရွင္မ်ား အတြက္ပါ မ်ားစြာအက်ိဳးေက်းဇူးရရွိႏိုင္မွာျဖစ္ပါတယ္။ ဒီေနရာမွာ ဆန္စက္လုပ္ငန္းရဲ႕စြန္႔ပစ္ပစၥည္းမ်ားကို တန္ဖိုး ျမႇင့္ထုတ္လုပ္တဲ့ ဖြဲႏုဆီထုတ္လုပ္မႈ၊ စပါးခြံမွ လွ်ပ္စစ္ထုတ္လုပ္မႈ စတဲ့ ထုတ္လုပ္မႈလုပ္ငန္းမ်ားကို တိုးခ်ဲ႕ ေဆာင္႐ြက္ဖို႔ တိုက္တြန္းပါတယ္။ ဖြဲႏုဆီစက္၊ Gasifier၊ Boiler စနစ္နဲ႔ လွ်ပ္စစ္ထုတ္လုပ္တဲ့စက္မ်ားကို စက္႐ုံမ်ား တည္ေထာင္ေဆာင္႐ြက္ၾကတဲ့အခါမွာ စက္မႈဝန္ႀကီးဌာနနဲ႔ သက္ဆိုင္ရာပညာရပ္ေကာင္စီမ်ားနဲ႔ တိုင္ပင္ညႇိႏႈိင္း၍ ႏိုင္ငံေတာ္ရဲ႕ဥပေဒ စည္းမ်ဥ္းစည္းကမ္းလုပ္ထုံးလုပ္နည္းမ်ားအတိုင္း ေဆာင္႐ြက္ၾကဖို႔လည္း တိုက္တြန္း အႀကံျပဳ လိုပါတယ္" ဟု ေဒါက္တာခ်ာလီသန္းက ေျပာၾကားသည္။

ထို႔ျပင္ အေသးစား၊ အငယ္စား ဆန္စက္မ်ားအေနျဖင့္ ဆန္စက္မွတ္ပုံတင္ျခင္းအျပင္ MSME မွတ္ပုံတင္ျခင္းကို ေဆာင္႐ြက္ၿပီး ႏိုင္ငံေတာ္မွ ေထာက္ပံ့ကူညီေပးေနသည့္ MSME ေခ်းေငြမ်ားကို ေလွ်ာက္ထားရန္လည္း အသိေပးေျပာၾကားခဲ့သည္။
အဆိုပါအခမ္းအနားသို႔ စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း အပါအဝင္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ UMFCCI ဥကၠ႒ ဦးေအးဝင္းႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့သည္။
အခမ္းအနားတြင္ ေဒါက္တာခ်ာလီသန္းႏွင့္ MRF အသင္းဥကၠ႒ ဦးရဲမင္းေအာင္တို႔က ဂုဏ္ျပဳအမွာစကားမ်ား ေျပာၾကားခဲ့သည့္အျပင္ ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေက်ာ္ဝင္းကလည္း ေက်းဇူးတင္ စကားေျပာၾကားခဲ့သည္။
ထို႔ေနာက္ ရွမ္း႐ိုးရာအက၊ ကခ်င္႐ိုးရာအကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၿပီးေနာက္ တာဝန္ရွိသူမ်ားက ဂုဏ္ျပဳလက္ေဆာင္ မ်ားအား ေနရာအေရာက္ ဂါရဝျပဳေပးအပ္ခဲ့ၿပီး စုေပါင္းမွတ္တမ္းတင္ ဓာတ္ပုံ႐ိုက္ကူးခဲ့ၾကသည္။

Related news

© 2021. All rights reserved.