နေတိုးအဖွဲ့က ရုရှားရဲ့ဆိပ်ကမ်းအခြေခံအဆောက်အဦးတွေကိုတိုက်ခိုက်ဖို့အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ရုရှားအစိုးရပြော

429

Pika (NP News) - ဖေဖော်ဝါရီ ၂၂
နေတိုးအဖွဲ့ဟာ ရုရှားနိုင်ငံရဲ့ဆိပ်ကမ်းအခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ့် အလားအလာ ရှိတဲ့တိုက်ခိုက်ရေးစစ်ဆင်ရေးတွေအတွက် အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ လက်ထောက်အတွင်းဝန် ဂရီဂိုရီမိုလ်ချန်နော့ဗ်က ပြောကြားခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲ့ဟာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ရေနံချက်စက်ရုံကြီးတွေ၊ လောင်စာဆီပို့ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ရထားလမ်းတွေနဲ့ တံတားကြီးတွေကို ပစ်မှတ်ထားဖို့အတွက် ၎င်းတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်နေတယ်လို့ ဂရီဂိုရီမိုလ်ချန်နော့ဗ်က အကြံပြုခဲ့ပါတယ်။ ရုရှားရဲ့ဆိပ်ကမ်းအခြေခံအဆောက်အဦးတွေအတွက် ခြိမ်းခြောက်မှု တွေမှာ ပင်လယ်နက်မှာ ယူကရိန်းရဲ့ရေအောက်သုံးဒရုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုတွေလည်း ပါဝင်တယ် လို့ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။ ဒါ့ပြင် နေတိုးအဖွဲ့ဟာ ပင်လယ်ပြင်မှာ စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့ ရည်ရွယ်ချက်အတွက် အစီအစဉ်တွေကို ရေးဆွဲနေပြီး အဲ့ဒီအစီအစဉ်တွေကို မြေပြင်၊ ဝေဟင်၊ ပင်လယ်၊ အာကာသတို့အပြင် တိုက်ခိုက်ရေးပတ်ဝန်းကျင် အမျိုးအစားအသစ်တစ်ခုအဖြစ် ရှုမြင်ထားကြတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ အဲဒီခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရေအောက်နဲ့ ဆိပ်ကမ်းတွေအတွက် အရေးပါတဲ့ အခြေခံအဆောက်အဦးတွေအပေါ် ခြိမ်းခြောက်မှုတွေလုပ်ဆောင်နိုင်တဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် နီးကပ်စွာစောင့်ကြည့်ဖို့ နဲ့ အခြေခံအဆောက်အဦးတွေရဲ့ကာကွယ်ရေးစနစ်ရဲ့ ထိရောက်မှုတွေကို တိုးမြှင့်ဖို့ ရုရှားလုံခြုံရေးကောင်စီက အကြံပြုထားတယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။
Zawgyi Version:
ေနတိုးအဖြဲ႕က ႐ုရွားရဲ႕ဆိပ္ကမ္းအေျခခံအေဆာက္အဦးေတြကိုတိုက္ခိုက္ဖို႔အစီအစဥ္ေတြ ေရးဆြဲေနတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
ေနတိုးအဖြဲ႕ဟာ ႐ုရွားႏိုင္ငံရဲ႕ဆိပ္ကမ္းအေျခခံအေဆာက္အဦးေတြကို ပစ္မွတ္ထားတိုက္ခိုက္မယ့္ အလားအလာ ရွိတဲ့တိုက္ခိုက္ေရးစစ္ဆင္ေရးေတြအတြက္ အစီအစဥ္ေတြ ေရးဆြဲေနတယ္လို႔ ႐ုရွားႏိုင္ငံ လုံၿခဳံေရးေကာင္စီ လက္ေထာက္အတြင္းဝန္ ဂရီဂိုရီမိုလ္ခ်န္ေနာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ေနတိုးအဖြဲ႕ဟာ ပင္လယ္ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရး၊ေရနံခ်က္စက္႐ုံႀကီးေတြ၊ ေလာင္စာဆီပို႔ေဆာင္ဖို႔ ရည္႐ြယ္ထားတဲ့ ရထားလမ္းေတြနဲ႔ တံတားႀကီးေတြကို ပစ္မွတ္ထားဖို႔အတြက္ ၎တို႔ရဲ႕စြမ္းရည္ေတြကို ျမႇင့္တင္ေနတယ္လို႔ ဂရီဂိုရီမိုလ္ခ်န္ေနာ့ဗ္က အႀကံျပဳခဲ့ပါတယ္။ ႐ုရွားရဲ႕ဆိပ္ကမ္းအေျခခံအေဆာက္အဦးေတြအတြက္ ၿခိမ္းေျခာက္မႈ ေတြမွာ ပင္လယ္နက္မွာ ယူကရိန္းရဲ႕ေရေအာက္သုံးဒ႐ုန္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳမႈေတြလည္း ပါဝင္တယ္ လို႔ ၎က မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဒါ့ျပင္ ေနတိုးအဖြဲ႕ဟာ ပင္လယ္ျပင္မွာ စစ္ဆင္ေရးေတြလုပ္ေဆာင္ဖို႔ ရည္႐ြယ္ခ်က္အတြက္ အစီအစဥ္ေတြကို ေရးဆြဲေနၿပီး အဲ့ဒီအစီအစဥ္ေတြကို ေျမျပင္၊ ေဝဟင္၊ ပင္လယ္၊ အာကာသတို႔အျပင္ တိုက္ခိုက္ေရးပတ္ဝန္းက်င္ အမ်ိဳးအစားအသစ္တစ္ခုအျဖစ္ ရႈျမင္ထားၾကတယ္လို႔ ၎က ေျပာခဲ့ပါတယ္။ အဲဒီၿခိမ္းေျခာက္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ေရေအာက္နဲ႔ ဆိပ္ကမ္းေတြအတြက္ အေရးပါတဲ့ အေျခခံအေဆာက္အဦးေတြအေပၚ ၿခိမ္းေျခာက္မႈေတြလုပ္ေဆာင္ႏိုင္တဲ့ ႏိုင္ငံျခားတိုင္းျပည္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ နီးကပ္စြာေစာင့္ၾကည့္ဖို႔ နဲ႔ အေျခခံအေဆာက္အဦးေတြရဲ႕ကာကြယ္ေရးစနစ္ရဲ႕ ထိေရာက္မႈေတြကို တိုးျမႇင့္ဖို႔ ႐ုရွားလုံၿခဳံေရးေကာင္စီက အႀကံျပဳထားတယ္လို႔ ၎က ထပ္မံေျပာၾကားခဲ့ပါတယ္။