Epson ကုမ္ပဏီသည် ၎င်း၏ EcoTank Printer စီးရီး ကမ္ဘာတစ်ဝန်းရောင်းချမှု အလုံးရေ သန်း(၁၀ဝ)ကျော် သည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်

 443

NP News - ဖေဖော်ဝါရီ ၂၂

Epson Printer ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်များကို အသုံးပြုသူများသုံးစွဲရာတွင် အဆင်ပြေလွယ်ကူပြီး အတွေ့အကြုံပိုမိုကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်လိုက်ပြီ ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းမှာ တစ်နည်းအားဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ရရှိနေသည့်အနေအထားကို ပိုမိုခိုင်မာစေ ရန်အတွက်လည်းဖြစ်သလို ကမ္ဘာတစ်ဝန်းနိုင်ငံ(၁၇၀) ကျော်တွင် ပရင်တာအလုံးသန်း (၁၀ဝ)ကျော်ရောင်းချနိုင်ခဲ့ သော ထူးခြားသည့်အောင်မြင်မှုကြီးကလည်း EcoTank Printer စီးရီးအပေါ် ယုံကြည်မှုအားကောင်းခဲ့ခြင်းကြောင့် လည်း ဖြစ်သည်။
‘‘မြန်မာနိုင်ငံဟာ Epson ရဲ့ဒေသအတွင်း တိုးတက်မှုအတွက် များစွာအရေးပါတယ်ဆိုတာ သံသယရှိစရာမလိုတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံအတွင်း e -commerce မြန်မြန်ဆန်ဆန်တိုးချဲ့လာမှုတွေကြောင့် သုံးစွဲသူတွေရဲ့ ဝယ်ယူနိုင်စွမ်း မြင့်တက်လာမှုနဲ့အတူ ပရင်တာအတွက်တောင်းဆိုမှုက တစ်ကိုယ်ရေအသုံးပြုမှုကနေစပြီး လုပ်ငန်းသုံးအထိ တဖြည်းဖြည်းမြင့်တက်လာပါ တယ်” ဟု Epson (Thailand)၏ မန်နေဂျင်း ဒါရိုက်တာ Mr. Yunyong Muneemongkoltorn က ပြောသည်။
Epson သည် မြန်မာနိုင်ငံရှိ ဈေးကွက် trends နှင့် သုံးစွဲသူများ၏ တိုးတက်ပြောင်းလဲလာမှုများအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်များကို ဆက်လက်မြင့်တက်သွားမည်ဖြစ် ကြောင်း၊ လတ်တလောတွင် Epson သည် After-Sales Service ဝန်ဆောင်မှုများကို တရားဝင် မိတ်ဖက်ကုမ္ပဏီ များနှင့်ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် Epson ထုတ်ကုန်များအပေါ် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန်အတွက် ပွင့်လင်း မြင်သာမှုရှိပြီး စုံလင်ပြည့်စုံသော ကုန်ပစ္စည်းအာမခံ Warranty များပေးခြင်း အပါအဝင် ထိရောက်မြန်ဆန်သည့် ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုများ ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
Epson မှ မြန်မာနိုင်ငံတွင်တရားဝင်ခန့်အပ်ထားသော တရားဝင်ဖြန့်ဖြူးရေး နှင့် ဝန်ဆောင်မှုပေးရေးကုမ္ပဏီမှာ Client Focus Technology Group Co.,Ltd (CFTG) ဖြစ်ပြီး ၎င်းသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးတို့တွင် ဝန် ဆောင်မှုစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Epson သုံးစွဲသူများအနေဖြင့် မိမိတို့ဝယ်ယူ ထားသည့်ပစ္စည်းနှင့် ပတ်သက်သည့် Warranty အာမခံမှုကို MyEpson ပလက်‌ဖောင်းမှတစ်ဆင့် မှတ်ပုံတင်ထားပါက MyEpson ဝန်ဆောင်မှုကို သေချာစွာရရှိနိုင်မည့်အပြင် မှတ်ပုံတင် ပြီးသုံးစွဲသူများအနေဖြင့် သီးသန့်ပေးပို့မည့်သတင်း အချက်အလက်များနှင့် အထူးအခွင့်အရေးများ ကိုလည်း ခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
Epson ကုမၸဏီသည္ ၎၏ EcoTank Printer စီးရီး ကမာၻတစ္ဝန္းေရာင္းခ်မႈ အလုံးေရ သန္း(၁၀ဝ)ေက်ာ္ သည့္အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံတြင္ After-Sales Service ဝန္ေဆာင္မႈ စတင္
NP News - ေဖေဖာ္ဝါရီ ၂၂

Epson Printer ကုမၸဏီသည္ ၎၏ ထုတ္ကုန္မ်ားကို အသုံးျပဳသူမ်ားသုံးစြဲရာတြင္ အဆင္ေျပလြယ္ကူၿပီး အေတြ႕အႀကဳံပိုမိုေကာင္းမြန္ေစရန္အတြက္ ျမန္မာႏိုင္ငံတြင္ After-Sales Service ဝန္ေဆာင္မႈ စတင္လိုက္ၿပီ ျဖစ္သည္။
ထိုသို႔ျပဳလုပ္ျခင္းမွာ တစ္နည္းအားျဖင့္ ျမန္မာႏိုင္ငံေဈးကြက္တြင္ ရရွိေနသည့္အေနအထားကို ပိုမိုခိုင္မာေစ ရန္အတြက္လည္းျဖစ္သလို ကမာၻတစ္ဝန္းႏိုင္ငံ(၁၇၀) ေက်ာ္တြင္ ပရင္တာအလုံးသန္း (၁၀ဝ)ေက်ာ္ေရာင္းခ်ႏိုင္ခဲ့ ေသာ ထူးျခားသည့္ေအာင္ျမင္မႈႀကီးကလည္း EcoTank Printer စီးရီးအေပၚ ယုံၾကည္မႈအားေကာင္းခဲ့ျခင္းေၾကာင့္ လည္း ျဖစ္သည္။
‘‘ျမန္မာႏိုင္ငံဟာ Epson ရဲ႕ေဒသအတြင္း တိုးတက္မႈအတြက္ မ်ားစြာအေရးပါတယ္ဆိုတာ သံသယရွိစရာမလိုတဲ့ ေဈးကြက္တစ္ခုျဖစ္ပါတယ္။ ႏိုင္ငံအတြင္း e -commerce ျမန္ျမန္ဆန္ဆန္တိုးခ်ဲ႕လာမႈေတြေၾကာင့္ သုံးစြဲသူေတြရဲ႕ ဝယ္ယူႏိုင္စြမ္း ျမင့္တက္လာမႈနဲ႔အတူ ပရင္တာအတြက္ေတာင္းဆိုမႈက တစ္ကိုယ္ေရအသုံးျပဳမႈကေနစၿပီး လုပ္ငန္းသုံးအထိ တျဖည္းျဖည္းျမင့္တက္လာပါ တယ္” ဟု Epson (Thailand)၏ မန္ေနဂ်င္း ဒါ႐ိုက္တာ Mr. Yunyong Muneemongkoltorn က ေျပာသည္။
Epson သည္ ျမန္မာႏိုင္ငံရွိ ေဈးကြက္ trends ႏွင့္ သုံးစြဲသူမ်ား၏ တိုးတက္ေျပာင္းလဲလာမႈမ်ားအလိုက္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္ လုပ္ငန္းဆိုင္ရာစြမ္းေဆာင္ရည္မ်ားကို ဆက္လက္ျမင့္တက္သြားမည္ျဖစ္ ေၾကာင္း၊ လတ္တေလာတြင္ Epson သည္ After-Sales Service ဝန္ေဆာင္မႈမ်ားကို တရားဝင္ မိတ္ဖက္ကုမၸဏီ မ်ားႏွင့္ပူးေပါင္းကာ လုပ္ေဆာင္လ်က္ရွိၿပီး သုံးစြဲသူမ်ားအေနျဖင့္ Epson ထုတ္ကုန္မ်ားအေပၚ စိတ္ခ်ယုံၾကည္စြာ သုံးစြဲႏိုင္ရန္အတြက္ ပြင့္လင္း ျမင္သာမႈရွိၿပီး စုံလင္ျပည့္စုံေသာ ကုန္ပစၥည္းအာမခံ Warranty မ်ားေပးျခင္း အပါအဝင္ ထိေရာက္ျမန္ဆန္သည့္ ပေရာ္ဖက္ရွင္နယ္ဝန္ေဆာင္မႈမ်ား ရရွိႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။
Epson မွ ျမန္မာႏိုင္ငံတြင္တရားဝင္ခန႔္အပ္ထားေသာ တရားဝင္ျဖန႔္ျဖဴးေရး ႏွင့္ ဝန္ေဆာင္မႈေပးေရးကုမၸဏီမွာ Client Focus Technology Group Co.,Ltd (CFTG) ျဖစ္ၿပီး ၎သည္ ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္မႏၲေလးတို႔တြင္ ဝန္ ေဆာင္မႈစင္တာမ်ား ဖြင့္လွစ္ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း သိရသည္။
Epson သုံးစြဲသူမ်ားအေနျဖင့္ မိမိတို႔ဝယ္ယူ ထားသည့္ပစၥည္းႏွင့္ ပတ္သက္သည့္ Warranty အာမခံမႈကို MyEpson ပလက္‌ေဖာင္းမွတစ္ဆင့္ မွတ္ပုံတင္ထားပါက MyEpson ဝန္ေဆာင္မႈကို ေသခ်ာစြာရရွိႏိုင္မည့္အျပင္ မွတ္ပုံတင္ ၿပီးသုံးစြဲသူမ်ားအေနျဖင့္ သီးသန႔္ေပးပို႔မည့္သတင္း အခ်က္အလက္မ်ားႏွင့္ အထူးအခြင့္အေရးမ်ား ကိုလည္း ခံစားႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.