ဘိလပ်မြေ တန်ချိန်(၃၀၀၀)တင်ဆောင်လာသည့် ရေယာဥ် မုတ္တမဆိပ်ကမ်းသို့ ရောက်ရှိ

529

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၂
ဘိလပ်မြေတန်ချိန် (၃၀၀၀) တင်ဆောင်လာသည့် ရေယာဥ် မုတ္တမဆိပ်ကမ်းသို့ရောက်ရှိကြောင်း ဆောက်လုပ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိကာလသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းရှိ ဆောက်လုပ်ရေးလုပ်ငန်း များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ပြည့်မီစေရန် နှင့် ပြည်တွင်းဘိလပ်မြေထုတ်လုပ်မှုများကို အားဖြည့်ရန် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက သတင်းများထွက်ပေါ်ခဲ့သည်။
ထိုသို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တင်သွင်းလာသည့် ဘိလပ်မြေတန်ချိန် (၃၀၀၀)ကို တင်ဆောင်လာသည့်ရေယာဥ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ မုတ္တမဆိပ်ကမ်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၁)ရက်၌ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဘိလပ်မြေများကို ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြု ထားပြီး ယခုရောက်ရှိသည့်ရေယာဥ်အပြင် ကျန်ဘိလပ်မြေတင်ဆောင်လာသည့် ရေယာဥ်များပါ အပတ်စဥ် ဆက်လက်ရောက်ရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။
ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ပထမခြောက်လအတွင်း၌ ဘိလပ်မြေတစ်အိတ်၏အမြင့်ဆုံးဈေးသည် ကျပ်(၁၅၀ဝဝ)ခန့်သာရှိခဲ့သော်လည်း နောက်ထပ်(၆)လကြာချိန် (၂၀၂၅) ခုနှစ် ဇန်နဝါရီ၌ ကျပ် (၃၀ဝဝဝ) ကျော် အထိ ရှိလာခဲ့သည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်ဘိလပ်မြေလိုအပ်ချက်သည် တန်(၁၀)သန်းကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန် (၈) သန်းအောက်တွင်ရှိနေရာ နေ့စဉ်ဘိလပ်မြေလိုအပ်ချက်မှာ အိတ်ရေ(၅)သိန်းအထက်တွင် ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

Zawgyi Version:
ဘိလပ္ေျမ တန္ခ်ိန္(၃၀၀၀)တင္ေဆာင္လာသည့္ ေရယာဥ္ မုတၱမဆိပ္ကမ္းသို႔ ေရာက္ရွိ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၂
ဘိလပ္ေျမတန္ခ်ိန္ (၃၀၀၀) တင္ေဆာင္လာသည့္ ေရယာဥ္ မုတၱမဆိပ္ကမ္းသို႔ေရာက္ရွိေၾကာင္း ေဆာက္လုပ္ေရး အသိုင္းအဝိုင္းထံမွ သိရသည္။
လက္ရွိကာလသည္ ပြင့္လင္းရာသီသို႔ ေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ ႏိုင္ငံတစ္ဝန္းရွိ ေဆာက္လုပ္ေရးလုပ္ငန္း မ်ား အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ မရွိမျဖစ္လိုအပ္သည့္ ျပည္တြင္းဘိလပ္ေျမ လိုအပ္ခ်က္ျပည့္မီေစရန္ ႏွင့္ ျပည္တြင္းဘိလပ္ေျမထုတ္လုပ္မႈမ်ားကို အားျဖည့္ရန္ ျပည္ပမွ ဘိလပ္ေျမမ်ားကို တင္သြင္းခြင့္ျပဳထားေၾကာင္း ၿပီးခဲ့သည့္ ဇန္နဝါရီလက သတင္းမ်ားထြက္ေပၚခဲ့သည္။
ထိုသို႔ သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ တစ္လနီးပါးအၾကာတြင္ ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွ တစ္ဆင့္ တင္သြင္းလာသည့္ ဘိလပ္ေျမတန္ခ်ိန္ (၃၀၀၀)ကို တင္ေဆာင္လာသည့္ေရယာဥ္သည္ ရန္ကုန္ၿမိဳ႕၊ ေ႐ႊျပည္သာ မုတၱမဆိပ္ကမ္းသို႔ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၂၁)ရက္၌ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါဘိလပ္ေျမမ်ားကို ယေန႔ (ေဖေဖာ္ဝါရီ ၂၂ ရက္) နံနက္ပိုင္းတြင္ ေဈးကြက္အတြင္း ျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း သိရသည္။
ျပည္တြင္းေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္ေသာ ဘိလပ္ေျမကို တင္သြင္းခြင့္ျပဳ ထားၿပီး ယခုေရာက္ရွိသည့္ေရယာဥ္အျပင္ က်န္ဘိလပ္ေျမတင္ေဆာင္လာသည့္ ေရယာဥ္မ်ားပါ အပတ္စဥ္ ဆက္လက္ေရာက္ရွိမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးအသိုင္းအဝိုင္းထံမွ သိရသည္။
ျပည္တြင္း၌ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ပထမေျခာက္လအတြင္း၌ ဘိလပ္ေျမတစ္အိတ္၏အျမင့္ဆုံးေဈးသည္ က်ပ္(၁၅၀ဝဝ)ခန႔္သာရွိခဲ့ေသာ္လည္း ေနာက္ထပ္(၆)လၾကာခ်ိန္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီ၌ က်ပ္ (၃၀ဝဝဝ) ေက်ာ္ အထိ ရွိလာခဲ့သည္။
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္ဘိလပ္ေျမလိုအပ္ခ်က္သည္ တန္(၁၀)သန္းေက်ာ္ရွိၿပီး ျပည္တြင္းထုတ္လုပ္မႈသည္ တန္ (၈) သန္းေအာက္တြင္ရွိေနရာ ေန႔စဥ္ဘိလပ္ေျမလိုအပ္ခ်က္မွာ အိတ္ေရ(၅)သိန္းအထက္တြင္ ရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။