ထိုင်းနိုင်ငံသို့ B to B စနစ်ဖြင့် ပြောင်းတန်ချိန် ၂ သိန်းတိတိတင်ပို့သွားမည်

195

NP News ဖေဖေါ်ဝါရီ (၂၃) ရက်
ထိုင်းမြန်မာနှစ်နိုင်ငံ လုပ်ငန်းရှင်များအကြားနားလည်မှုစာချွန်လွှာရေးထိုးပြီး B to B စနစ်ဖြင့် ပြောင်းတန်ချိန် ၂ သိန်းတိတိတင်ပို့ သွားမည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှသိရသည်။
ပြောင်းတန်ချိန် ၂ သိန်းတင်ပို့ရန်အတွက် နှစ်နိုင်ငံကြား သဘောတူစာချုပ် MOU ၄၃ ခု ၊ လက်မှတ်ရေးထိုးချုပ်ဆိုထားပြီးဖြစ်ကြောင်းသိရသည်။
“ထိုင်းနဲ့ ပြောင်းအရောင်းအဝယ်နားလည်မှုစာချွန်လွှာသဘောတူစာချုပ်(MoU)( ၄၃ )ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ပြောင်းအရောင်းအဝယ် နားလည်မှုဆိုင်ရာသဘောတူစာချုပ် (၄၃) ခုမှာ မြန်မာနိုင်ငံဘက် က ကုမ္ပဏီ (၂၃) ခု နဲ့ ထိုင်းနိုင်ငံဘက်က ကုမ္ပဏီ (၉) ခု ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း ပြောင်းတန်ချိန် ၂ သိန်းတိတိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ် "ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
B to B စနစ်ဖြင့် ပြောင်းအရောင်းအဝယ်နားလည်မှု ဆိုင်ရာသဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုးထားမှုအား မြန်မာနိုင်ငံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ပြောင်းကုန်သည်လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖြစ် မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ၊မယ်ဆိုင်အကောက်ခွန်စစ်ဆေးရေးဦးစီးဌာန၊မယ်ဆိုင်မြို့နယ် ကုန်သည်လုပ်ငန်း ရှင်အသင်း နှင့် ပြောင်းကုန်သည်လုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ မြန်မာ-ထိုင်း နှစ်နိုင်ငံကြား Business to Bussiness ပြောင်း အရောင်းအဝယ် နားလည်မှု ဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်သည့်အတွက် ဈေးကွက်ခိုင်မာမှုရှိပြီး ၊ ဝယ်လိုအားများသော ကာလတွင် တစ်ဖက်နိုင်ငံဝယ်ယူသူများအခြမ်းမှ ဈေးကစားခြင်းများကို တားဆီးနိုင်ခြင်း ၊ ဈေးကွက် ဈေးနှုန်းမှန်ကန်စွာ ရရှိနိုင်ခြင်း ၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ထိုင္းႏိုင္ငံသို႔ B to B စနစ္ျဖင့္ ေျပာင္းတန္ခ်ိန္ ၂ သိန္းတိတိတင္ပို႔သြားမည္
NP News ေဖေဖၚဝါရီ (၂၃) ရက္
ထိုင္းျမန္မာႏွစ္ႏိုင္ငံ လုပ္ငန္းရွင္မ်ားအၾကားနားလည္မႈစာခြၽန္လႊာေရးထိုးၿပီး B to B စနစ္ျဖင့္ ေျပာင္းတန္ခ်ိန္ ၂ သိန္းတိတိတင္ပို႔ သြားမည္ဟု စီးပြား/ကူးသန္းဝန္ႀကီးဌာနမွသိရသည္။
ေျပာင္းတန္ခ်ိန္ ၂ သိန္းတင္ပို႔ရန္အတြက္ ႏွစ္ႏိုင္ငံၾကား သေဘာတူစာခ်ဳပ္ MOU ၄၃ ခု ၊ လက္မွတ္ေရးထိုးခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္းသိရသည္။
“ထိုင္းနဲ႔ ေျပာင္းအေရာင္းအဝယ္နားလည္မႈစာခြၽန္လႊာသေဘာတူစာခ်ဳပ္(MoU)( ၄၃ )ခုကို လက္မွတ္ေရးထိုး ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ေျပာင္းအေရာင္းအဝယ္ နားလည္မႈဆိုင္ရာသေဘာတူစာခ်ဳပ္ (၄၃) ခုမွာ ျမန္မာႏိုင္ငံဘက္ က ကုမၸဏီ (၂၃) ခု နဲ႔ ထိုင္းႏိုင္ငံဘက္က ကုမၸဏီ (၉) ခု ပါဝင္လက္မွတ္ေရးထိုးခဲ့ၿပီး စုစုေပါင္း ေျပာင္းတန္ခ်ိန္ ၂ သိန္းတိတိ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္ "ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
B to B စနစ္ျဖင့္ ေျပာင္းအေရာင္းအဝယ္နားလည္မႈ ဆိုင္ရာသေဘာတူစာခ်ဳပ္(MoU) လက္မွတ္ေရးထိုးထားမႈအား ျမန္မာႏိုင္ငံက စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာမွ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္း၊ ေျပာင္းကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ ထိုင္းႏိုင္ငံကိုယ္စားလွယ္အျဖစ္ မယ္ဆိုင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ၊မယ္ဆိုင္အေကာက္ခြန္စစ္ေဆးေရးဦးစီးဌာန၊မယ္ဆိုင္ၿမိဳ႕နယ္ ကုန္သည္လုပ္ငန္း ရွင္အသင္း ႏွင့္ ေျပာင္းကုန္သည္လုပ္ငန္းရွင္မ်ားအၾကား ေတြ႕ဆုံေဆြးေႏြးလက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယခုကဲ့သို႔ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံၾကား Business to Bussiness ေျပာင္း အေရာင္းအဝယ္ နားလည္မႈ ဆိုင္ရာသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးလိုက္သည့္အတြက္ ေဈးကြက္ခိုင္မာမႈရွိၿပီး ၊ ဝယ္လိုအားမ်ားေသာ ကာလတြင္ တစ္ဖက္ႏိုင္ငံဝယ္ယူသူမ်ားအျခမ္းမွ ေဈးကစားျခင္းမ်ားကို တားဆီးႏိုင္ျခင္း ၊ ေဈးကြက္ ေဈးႏႈန္းမွန္ကန္စြာ ရရွိႏိုင္ျခင္း ၊ ကုန္သြယ္မႈႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ျခင္းမ်ား ပိုမိုတိုးျမႇင့္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။