ဝါးစက်မှု ကုန်ကြမ်းများအတွက် ဝါးစိုက်ပျိုးလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်နေ

255

NP News ဖေဖေါ်ဝါရီ (၂၃) ရက်
ဝါးတူလုပ်ငန်း၊ ဝါးပါကေးလုပ်ငန်း၊ ဝါးဖျာရက်လုပ်ငန်း အစရှိသည့် ဝါးစက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ကုန်ကြမ်းများရရှိနိုင်ရန် အတွက် ဝါးစိုက်ပျိုးလိုသည့် လုပ်ငန်းရှင်များကိုဖိတ်ခေါ်လျက်ရှိကြောင်း သစ်တောဦးစီးဌာန မှသိရသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခွင့်ပြုမှုကို ၂၀၀၆ -၂၀၀၇ ခုနှစ်မှ စတင်၍ ခွင့်ပြုပေးခဲ့ခြင်းကြောင့် သစ်အခြေခံဖြစ်သည့် ပုဂ္ဂလိက ကျွန်းစိုက်ခင်း၊ သစ်မာစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း ဟူ၍ အမျိုးအစား ၃ မျိုးဖြင့်စိုက်ပျိုးခွင့်ပြုပေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စက်မှုကုန်ကြမ်းစိုက်ခင်းတွင် အပါအဝင် ဖြစ်သည့် ဝါးစိုက်ပျိုးခြင်းကို ဧက ၄၀၀၀ ကျော် ခွင့်ပြုပေးထားပြီး၊ ထပ်မံ၍ ၎င်းလုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
“ဝါးစိုက်ခင်းဆိုတာက စက်မှုကုန်ကြမ်းစိုက်ခင်းထဲမှာ ပါပါတယ်။ လက်ရှိအနေနဲ့ဆိုရင် ဝါးစိုက်ခင်း ဧက ၄၀၀၀ ကျော်ကို ခွင့်ပြုစိုက်ပျိုးပြီးဖြစ်တယ်။ ပုဂ္ဂလိက ကျွန်းစိုက်ခင်းပဲဖြစ်ဖြစ်၊ သစ်မာစိုက်ခင်းပဲဖြစ်ဖြစ် ၊ ဝါးစိုက်ခင်းပဲဖြစ်ဖြစ် စိုက်ပျိုးမယ်ဆိုရင်တော့ ဥပဒေအရလည်း ညွှန်ကြားပြီးဖြစ်တယ်။ အသေးစိတ်ပြောမယ်ဆိုရင် ဝါးစိုက်ခင်း စိုက်ပျိုးချင်တယ်ဆိုရင် လျှောက်ထားသူဟာ သူ့ရဲ့ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ စတဲ့အချက်အလက်ပါ လျှောက်ထားစာ၊ စိုက်ခင်းဧက၊ ရင်းနှီးမြုပ်နှံလိုတဲ့ ငွေကြေး တို့နဲ့အတူ ဘယ်ခရိုင်၊ ဘယ်မြို့နယ်က သစ်တော ဦးစီးဌာနပိုင်မြေမှာ စိုက်ပျိုးလိုကြောင်းကို တင်ပြရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့အခါမှာလည်း ပြည်ထောင်စုဝန်ကြီးရုံး ဒါမှမဟုတ် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံးကို လိပ်မူပြီးတော့ လျှောက်ထားရမှာဖြစ်ပါတယ်” ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ဌာနအနေဖြင့်လည်း ခွင့်ပြုချက်မပေးမီ လျှောက်ထားသူများကို ခေါ်ယူတွေ့ဆုံ၍ မည်သည့် ဝါးအမျိုးအစား စိုက်ခင်းစိုက်ပျိုးမှု ၊ စိုက်မည့် ဧကပေါင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏတွက်ချက်မှု၊ နေရာအနေအထား တည်ရှိမှုနှင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရမှု စသည့်အခြေအနေများကို ချပြဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေများကို လက်ခံနိုင်သည့် လုပ်ငန်းရှင်များကို ကွင်းဆင်းစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးရုံး၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် စိုက်ပျိုးခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုချက်ရရှိပြီးပါက စိုက်ပျိုးမြေတစ်ဧကအတွက် အာမခံထားရှိငွေအဖြစ် ငွေကျပ် ၃၀,၀၀၀ ပေးသွင်းရမည့်အပြင် ဌာနမှ ကွင်းဆင်းစစ်ဆေး၍ စိုက်ပျိုးမှု ၇၀ ရာခိုင်နှုန်းနှင့်အထက် အောင်မြင်ရှင်သန်ပါက အဆိုပါ အာမခံကြေး ပေးသွင်းငွေကို ပြန်လည်ထုတ်ပေးမည်ဟုသိရသည်။
မြန်မာနိုင်ငံတွင် ဝါးစိုက်ပျိုးမှုအတွက် အချိန် ၅ နှစ်ခန့်ရင်းနှီးမြှုပ်နှံရပြီး မိမိလုပ်လိုသည့် လုပ်ငန်းအပေါ်မူတည်၍ ဝါးအမျိုးအစားကို ရွေးချယ်ပြီး ရေမြေနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးကာ စိုက်ပျိုးရခြင်းဖြစ်ကြောင်းသိရသည်။
သဘာဝသစ်တောများမှ နှစ်စဉ် ဝါးအလုံးရေ ၃၁၈ သန်း ထုတ်လုပ်နိုင်ပြီး ဝါးအမျိုး အစားအနေဖြင့် ၉၆ မျိုးခန့် ရှိကြောင်းလည်း သိရ သည်။

Zawgyi Version:
ဝါးစက္မႈ ကုန္ၾကမ္းမ်ားအတြက္ ဝါးစိုက္ပ်ိဳးလိုသည့္ လုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚေန
NP News ေဖေဖၚဝါရီ (၂၃) ရက္
ဝါးတူလုပ္ငန္း၊ ဝါးပါေကးလုပ္ငန္း၊ ဝါးဖ်ာရက္လုပ္ငန္း အစရွိသည့္ ဝါးစက္မႈလုပ္ငန္းမ်ားတြင္ အသုံးျပဳႏိုင္မည့္ ကုန္ၾကမ္းမ်ားရရွိႏိုင္ရန္ အတြက္ ဝါးစိုက္ပ်ိဳးလိုသည့္ လုပ္ငန္းရွင္မ်ားကိုဖိတ္ေခၚလ်က္ရွိေၾကာင္း သစ္ေတာဦးစီးဌာန မွသိရသည္။
သစ္ေတာဦးစီးဌာနအေနျဖင့္ ပုဂၢလိကသစ္ေတာစိုက္ခင္းမ်ား တည္ေထာင္ခြင့္ျပဳမႈကို ၂၀၀၆ -၂၀၀၇ ခုႏွစ္မွ စတင္၍ ခြင့္ျပဳေပးခဲ့ျခင္းေၾကာင့္ သစ္အေျခခံျဖစ္သည့္ ပုဂၢလိက ကြၽန္းစိုက္ခင္း၊ သစ္မာစိုက္ခင္း၊ စက္မႈကုန္ၾကမ္းစိုက္ခင္း ဟူ၍ အမ်ိဳးအစား ၃ မ်ိဳးျဖင့္စိုက္ပ်ိဳးခြင့္ျပဳေပးခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ စက္မႈကုန္ၾကမ္းစိုက္ခင္းတြင္ အပါအဝင္ ျဖစ္သည့္ ဝါးစိုက္ပ်ိဳးျခင္းကို ဧက ၄၀၀၀ ေက်ာ္ ခြင့္ျပဳေပးထားၿပီး၊ ထပ္မံ၍ ၎လုပ္ငန္းလုပ္ကိုင္လိုသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း လုပ္ကိုင္ခြင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
“ဝါးစိုက္ခင္းဆိုတာက စက္မႈကုန္ၾကမ္းစိုက္ခင္းထဲမွာ ပါပါတယ္။ လက္ရွိအေနနဲ႔ဆိုရင္ ဝါးစိုက္ခင္း ဧက ၄၀၀၀ ေက်ာ္ကို ခြင့္ျပဳစိုက္ပ်ိဳးၿပီးျဖစ္တယ္။ ပုဂၢလိက ကြၽန္းစိုက္ခင္းပဲျဖစ္ျဖစ္၊ သစ္မာစိုက္ခင္းပဲျဖစ္ျဖစ္ ၊ ဝါးစိုက္ခင္းပဲျဖစ္ျဖစ္ စိုက္ပ်ိဳးမယ္ဆိုရင္ေတာ့ ဥပေဒအရလည္း ၫႊန္ၾကားၿပီးျဖစ္တယ္။ အေသးစိတ္ေျပာမယ္ဆိုရင္ ဝါးစိုက္ခင္း စိုက္ပ်ိဳးခ်င္တယ္ဆိုရင္ ေလွ်ာက္ထားသူဟာ သူ႔ရဲ႕ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ စတဲ့အခ်က္အလက္ပါ ေလွ်ာက္ထားစာ၊ စိုက္ခင္းဧက၊ ရင္းႏွီးျမဳပ္ႏွံလိုတဲ့ ေငြေၾကး တို႔နဲ႔အတူ ဘယ္ခ႐ိုင္၊ ဘယ္ၿမိဳ႕နယ္က သစ္ေတာ ဦးစီးဌာနပိုင္ေျမမွာ စိုက္ပ်ိဳးလိုေၾကာင္းကို တင္ျပရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားတဲ့အခါမွာလည္း ျပည္ေထာင္စုဝန္ႀကီး႐ုံး ဒါမွမဟုတ္ သက္ဆိုင္ရာ ၫႊန္ၾကားေရးမႉးခ်ဳပ္႐ုံးကို လိပ္မူၿပီးေတာ့ ေလွ်ာက္ထားရမွာျဖစ္ပါတယ္” ဟု သစ္ေတာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
ထို႔အျပင္ ဌာနအေနျဖင့္လည္း ခြင့္ျပဳခ်က္မေပးမီ ေလွ်ာက္ထားသူမ်ားကို ေခၚယူေတြ႕ဆုံ၍ မည္သည့္ ဝါးအမ်ိဳးအစား စိုက္ခင္းစိုက္ပ်ိဳးမႈ ၊ စိုက္မည့္ ဧကေပါင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏတြက္ခ်က္မႈ၊ ေနရာအေနအထား တည္ရွိမႈႏွင့္ ျပဳစုထိန္းသိမ္းျခင္းလုပ္ငန္းေဆာင္႐ြက္ရမႈ စသည့္အေျခအေနမ်ားကို ခ်ျပေဆြးေႏြးေပးမည္ျဖစ္ေၾကာင္း၊ ယင္းအေျခအေနမ်ားကို လက္ခံႏိုင္သည့္ လုပ္ငန္းရွင္မ်ားကို ကြင္းဆင္းစစ္ေဆး၍ ျပည္ေထာင္စုဝန္ႀကီး႐ုံး၏ အစည္းအေဝးဆုံးျဖတ္ခ်က္ျဖင့္ စိုက္ပ်ိဳးခြင့္ျပဳေပးမည္ ျဖစ္ေၾကာင္း သိရသည္။
ခြင့္ျပဳခ်က္ရရွိၿပီးပါက စိုက္ပ်ိဳးေျမတစ္ဧကအတြက္ အာမခံထားရွိေငြအျဖစ္ ေငြက်ပ္ ၃၀,၀၀၀ ေပးသြင္းရမည့္အျပင္ ဌာနမွ ကြင္းဆင္းစစ္ေဆး၍ စိုက္ပ်ိဳးမႈ ၇၀ ရာခိုင္ႏႈန္းႏွင့္အထက္ ေအာင္ျမင္ရွင္သန္ပါက အဆိုပါ အာမခံေၾကး ေပးသြင္းေငြကို ျပန္လည္ထုတ္ေပးမည္ဟုသိရသည္။
ျမန္မာႏိုင္ငံတြင္ ဝါးစိုက္ပ်ိဳးမႈအတြက္ အခ်ိန္ ၅ ႏွစ္ခန႔္ရင္းႏွီးျမႇဳပ္ႏွံရၿပီး မိမိလုပ္လိုသည့္ လုပ္ငန္းအေပၚမူတည္၍ ဝါးအမ်ိဳးအစားကို ေ႐ြးခ်ယ္ၿပီး ေရေျမႏွင့္ ကိုက္ညီမႈရွိမရွိ စစ္ေဆးကာ စိုက္ပ်ိဳးရျခင္းျဖစ္ေၾကာင္းသိရသည္။
သဘာဝသစ္ေတာမ်ားမွ ႏွစ္စဥ္ ဝါးအလုံးေရ ၃၁၈ သန္း ထုတ္လုပ္ႏိုင္ၿပီး ဝါးအမ်ိဳး အစားအေနျဖင့္ ၉၆ မ်ိဳးခန႔္ ရွိေၾကာင္းလည္း သိရ သည္။