စားအုန်းဆီဈေး တစ်ပိသာလျှင် ၆၉၀၀ ကျပ်အထိကျဆင်းလာ

189

NP News ဖေဖေါ်ဝါရီ ၂၄
ပြည်တွင်းစားအုန်းဆီဈေးကွက်အတွင်း သတ်မှတ်ထားသောအထိုင်ဈေးအရ စားအုန်းဆီတစ်ပိသာလျှင် ၆၉၀၅ကျပ် အထိ ပေါက်ဈေး ဖွင့်လှစ်ထားကြောင်းသိရသည်။
သက်ဆိုင်ရာ၏ စားသုံးသူရေးရာဦးစီးဌာနမှ ဖေဖေါ်ဝါရီ (၂၄)ရက် မှ မတ်လ (၂)ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီဈေးနှုန်းကို တစ်ပိဿာလျှင် ၆၉၀၅ ကျပ် သတ်မှတ်ထား ခြင်းဖြစ်သည်။
လွန်ခဲ့သောဖေဖေါ်ဝါရီလဆန်းက စားအုန်းဆီတစ်ပိသာလျှင် ၇၅၀၀ကျပ်ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာမှ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်ရာ လက်ရှိတွင် ကျပ် ၆၀၀ နီးပါးကျဆင်းလာခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန် (၁၂)သိန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကာ စားအုန်းဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။လမည့်ရက်များအတွင်းဒေါ်လာဈေးအပေါ်မှုတည်ကာ စားအုန်းဆီဈေးအကျပိုင်းတွင် ဆက်လက် ရပ်တည်နေမည်ဖြစ်သည်။
Zawgyi Version:
စားအုန္းဆီေဈး တစ္ပိသာလွ်င္ ၆၉၀၀ က်ပ္အထိက်ဆင္းလာ
NP News ေဖေဖၚဝါရီ ၂၄
ျပည္တြင္းစားအုန္းဆီေဈးကြက္အတြင္း သတ္မွတ္ထားေသာအထိုင္ေဈးအရ စားအုန္းဆီတစ္ပိသာလွ်င္ ၆၉၀၅က်ပ္ အထိ ေပါက္ေဈး ဖြင့္လွစ္ထားေၾကာင္းသိရသည္။
သက္ဆိုင္ရာ၏ စားသုံးသူေရးရာဦးစီးဌာနမွ ေဖေဖၚဝါရီ (၂၄)ရက္ မွ မတ္လ (၂)ရက္အထိ ရန္ကုန္အထိုင္ စားအုန္းဆီေဈးႏႈန္းကို တစ္ပိႆာလွ်င္ ၆၉၀၅ က်ပ္ သတ္မွတ္ထား ျခင္းျဖစ္သည္။
လြန္ခဲ့ေသာေဖေဖၚဝါရီလဆန္းက စားအုန္းဆီတစ္ပိသာလွ်င္ ၇၅၀၀က်ပ္ဝန္းက်င္ေပါက္ေဈးရွိခဲ့ရာမွ ဆက္တိုက္က်ဆင္းလာျခင္းျဖစ္ရာ လက္ရွိတြင္ က်ပ္ ၆၀၀ နီးပါးက်ဆင္းလာျခင္းျဖစ္သည္။
ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းအပါအဝင္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္ (၁၂)သိန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ကိုးသိန္းခန႔္ တင္သြင္းေနရကာ စားအုန္းဆီကို မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔မွ အမ်ားဆုံး တင္သြင္းလ်က္ရွိေၾကာင္း သိရသည္။လမည့္ရက္မ်ားအတြင္းေဒၚလာေဈးအေပၚမႈတည္ကာ စားအုန္းဆီေဈးအက်ပိုင္းတြင္ ဆက္လက္ ရပ္တည္ေနမည္ျဖစ္သည္။